Background
ရန်ကုန် FOB နဲ့ အိန္ဒိယဈေးကွက် ပဲမျိူးစုံဈေးနှုန်း အပြောင်းအလဲ
၁၉-၁၀-၂၀၁၂ ဒေါ်လာ/တန်
စဉ်
ပဲအမျိူးအမည်
တောင်အမေရိက
ဥရုဂွေး
အာဂျင်တီးနား
11/10
18/10
ပြောင်းလဲမှု
11/10
18/10
ပြောင်းလဲမှု
11/10
18/10
ပြောင်းလဲမှု
1
မတ်ပဲ
630
630
645
670
773
-
2
ပဲစင်းငုံ
720
710
768
755
773
-
3
ပဲတီရွှေဝါ
840
900
980
1076
980
1001
4
ကုလားပဲဖြူလုံးကြီး
760
740
857
887
871
902
*မှတ်ချက်။ ရန်ကုန် FOB ဈေးနှုန်းများမှာ အနိမ့်ဈေးများသာဖြစ်ပါသည်။
အိန္ဒိယဒေလီဈေးကွက် ပဲတီရွှေဝါဈေးမှာ ချန်နိုင်းဈေးကွက်ပေါက်ဈေးဖြစ်ပါသည်။
အောက်တိုဘာလလယ်ပိုင်း ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေက ပြန်လည်အားနည်းလာတယ်။ အီးယူဒေသ အနေနဲ့ ကြွေးမြီ အကျပ်အတည်းကို ဆက်လက်ရင်ဆိုင်နေရခြင်းနဲ့ ကမ္ဘာ့ရော်ဘာသုံးစွဲမှု အမြင့်ဆုံး တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအပေါ် စိုးရိမ်မှုတွေရှိနေခြင်းတို့က ရော်ဘာဈေးနှုန်းကို ဖိအားဖြစ်စေတယ်။
ယခုနှစ်အတွင်း ရော်ဘာဈေးနှုန်းတွေကျဆင်းမှုကို ထိန်း ချုပ်ဖို့ ရည်ရွယ်ပြီး ထိုင်းအစိုးရက ရော်ဘာ စိုက်ပျိုးထုတ်လုပ် သူတွေဆီမှ ဈေးကွက်ပေါက်ဈေးထက် မြင့်တဲ့နှုန်းနဲ့ ရော်ဘာ ကို ဝယ်ယူ သိုလှောင်လျက်ရှိရာ စက်တင်ဘာလလယ်ပိုင်း စာရင်းအရ တန်ချိန် ၂၀၀၀၀၀ အထိ သိုလှောင်ပြီးစီးပြီလို့ ထိုင်းနိုင်ငံ လယ်ယာစိုက် ပျိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး က အောက်တိုဘာလ ၁၁ ရက်နေ့က ပြောကြားခဲ့တယ်။
မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းတန်ဖိုးရှိ ရော်ဘာပေါင်းသစ် ၁၀၉ တန်ကျော်နဲ့ ကန်ဒေါ်လာသုည ဒသမ ၄၄၀ သန်းတန်ဖိုးရှိ ရော်ဘာကျပ်တင် (RSS-3) တန် ၁၆၀ ကို အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ မြိတ်နယ်စပ်မှ သတင်းရရှိပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၄၅ သန်း တန်ဖိုးရှိ ရော်ဘာ ၁၉၆ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၂ ဒသမ ၄၇၈ သန်းတန်ဖိုးရှိ RSS-3 ၉၁၁ တန်ခန့်ကို အပို့ရှိခဲ့ပါတယ်။ မိမိဘက်ရော တစ်ဘက် နိုင်ငံမှာပါ ရော်ဘာဈေးများ ယခင်အပတ်ထက် မြင့်လျက် ရှိပါတယ်-
အောက်တိုဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ တရုတ်သို့ ရော်ဘာ တန် ၄၀၀၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၁ သန်းဖိုး အပို့ရှိခဲ့ပါတယ်။ ယခုအပတ်မှာ တရုတ်၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၃၃၂ သန်းတန်ဖိုးရှိ ရော်ဘာ တန် ၅၂၀ တင်ပို့ခဲ့ခြင်းဖြစ်ရာ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ပမာဏအများဆုံးဖြစ်ပါတယ်။ မလေးရှားသို့ တန် ၁၀၀ နဲ့ အိန္ဒိယသို့ တန် ၂၀ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ အဆင့်လိုက်ရော်ဘာတင်ပို့မှုများမှာ တရုတ်သို့ RSS-3 တန် ၄၀၀၊ မလေးရှားသို့ RSS-3 တန် ၆၀၊ RSS-5 တန် ၄၀ နဲ့ အိန္ဒိယသို့ တန် ၂၀ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၄၅ သန်းတန်ဖိုးရှိ သကြား ညို ၂၁၃ တန်ခန့်နဲ့ သကြားဖြူ ၂၀၂ တန်အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် သကြားညို ၈၉ တန်ကျော်နဲ့ သကြားဖြူ ၁၇၄ တန်အပို့ပိုခဲ့တဲ့အတွက် ယခုအပတ် မူဆယ်မှ သကြားပို့အားကောင်းလျက်ရှိပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ လ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ တစ်ဖက်တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၃၃၅ တန်ကျော်အပို့ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှု ထက် ၃၄၂၂ တန်ခန့်အပို့ပိုခဲ့ပါတယ်။ ယခုအပတ်မှာလားရှိုး၊ သီပေါ၊ ကျောက်မဲ တစ်ဝိုက်ရှမ်းပြောင်းများအဝင်များနေတာဖြစ်ပါတယ်။ ပြောင်း အဝင် များတဲ့အတွက် ယခုအပတ်ပြောင်း ဈေးများကတော့ သိသိသာသာကျနေတယ်လို့ သိရပါတယ်။ ရွှေလီမှာရိုးရိုးပြောင်း ၃၀ ပိဿာဝင် ၁ အိတ်ကို ၉၇ ယွမ်ဈေးရပြီး အစိုဓာတ်များတဲ့အတွက်နေမလှန်းဘဲ ထင်းမီးနဲ့အပူပေးထားတဲ့ လှော်ပြောင်း တစ်အိတ်ကို ၉၅ ယွမ်ဝန်းကျင်ဈေးပဲ ပေးတယ်လို့သိရပါတယ်။ မိမိဘက်နဲ့တစ် ဘက် နိုင်ငံ မြေပြင်ပြောင်းဈေး များကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -
ဈေးနှုန်းမြင့်တက်မှုကို ဖြစ်စေနိုင်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြောင်း ရောင်းချမှု နည်းတဲ့အလားအလာနဲ့ မကြာသေးခင်က ပြောင်းဈေးကျဆင်းခဲ့တဲ့တိုင် ဈေးနှုန်းက အမြင့်မှာရှိနေဆဲမို့ အာရှအချို့ကုန်သည်တွေ က ပြောင်း ဝယ်ယူမှုကို တုံ့ဆိုင်းနေကြပါတယ်။ ဂျပန်ဝယ်လက်တွေဟာ ရောင်းချမှုနည်းနေတဲ့တိုင် မဝယ်မီ အချိန်ယူစဉ်းစား နေတာကြောင့် အဝယ်မသွက်ဘူးလို့ တိုကျိုအခြေစိုက် Continental Rice ကော်ပိုရေးရှင်း ဥက္ကဌ Nobuyuki Chino မှ ပြောကြားပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာမှာ ပြောင်းထိပ်တန်း တင်သွင်းသူဖြစ်ပါတယ်။
ပခုက္ကူကုန်စည်ဒိုင်ရဲ့ စားဖိုဆောင်သုံးသီးနှံဖြစ်တဲ့ ကြက်သွန်နီ အဝင်အထွက် စာရင်းတွေကို လေ့လာရရင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၉ ရက်ထိ အဝင်ပိဿာချိန်ပေါင်း ၃၄၁၀၀၀ ရှိပြီး၊ မန္တလေးကို အထွက်ပိဿာချိန် ၃၀၅၅၅၊ ရန်ကုန်ကို အထွက်ပိဿာချိန် ၇၂၇၃၀ ရှိတော့ အထွက်စုစုပေါင်းက ၁၀၃၂၈၅ ပိဿာရှိပါတယ်။ အဝင်အထွက် စာရင်းအရ အောက်တိုဘာ ၁ ရက်မှ ၁၉ ရက်ထိ မှာပဲ ပခုက္ကူမှာ ပိဿာချိန် ၂ သိန်းကျော် ကျန်ပါတယ်။ ယခင်လက်ကျန် တော် တော်များများရှိနေခဲ့ပြီး၊ နယ်တွေမှာလည်း လက်ကျန် များနိုင်တယ်လို့ အသင်းရဲ့ ဒုတိယဥက္ကဌ ဦးလေးသိမ်းက ခန့်မှန်းပြောဆိုပါတယ်။ လက်ကျန်ကြက်သွန် တွေအနေနဲ့ အရောင်ပျက်တာ၊ အခွန်လန်တာတွေတော့ဖြစ်နေပြီလို့လဲ ပြောပါ တယ်။ ဈေးနှုန်းတွေအနေနဲ့ အောက်တိုဘာ ၁ ရက်မှ ၅ ရက်အတွင်း တစ်ပိဿာ ၆၀၀ ကျပ် - ၅၀၀ ကျပ် - ၄၀၀ ကျပ်ပုံမှန်ကနေပြီး၊ တက်ရိပ်သန်းပြီးလာပါတယ်။ ၁၉ ရက်နေ့မှာ တစ်ပိဿာ ၇၀၀ ကျပ် - ၆၀၀ ကျပ် - ၅၀၀ ကျပ်ဖြစ်ခဲ့ပြီး၊ ကြား ရက်တွေမှာ တစ်ပိဿာ ၇၅၀ ကျပ် - ၆၅၀ ကျပ် - ၅၅၀ ကျပ်ဈေးတွေ ဖြစ်ခဲ့ တာကိုလည်း လေ့လာရပါတယ်။ ပခုက္ကူဈေးပတ်ဝန်းကျင်မှာ လက်လီအနေနဲ့ တစ် ပိဿာ ၈၅၀ ကျပ် - ၇၅၀ ကျပ် - ၆၀၀ ကျပ်ထိ စုပုံပြီး ရောင်းနေတာကိုလည်း တွေ့ရပါတယ်။ ဒီအထဲမှာ ဥကိုစိုက်တဲ့ မြိတ်စားကြက်သွန်၊ ကြက်သွန်မြိတ်တွေ လည်း ကြိုကြားကြိုကြားတွေ့နေရပါတယ်။ ယခင်က တင်ပြခဲ့သလို လှောင်ကြက် သွန်ရဲ့ သက်တမ်းဟာ တစ်လကျော် နှစ်လနီးပါးသာ ကျန်သလို အရည်အသွေးညံ့ ရမယ့် အချိန်လည်းဖြစ်ပြန်၊ မြိတ်စားကြက်သွန်ဥစိုက်ကလည်း များများထွက်ပေါ်ဖို့ အရိပ်အရောင်ပြနေပြီဆိုတော့ စားဖိုဆောင်သုံးသီးနှံ ကြက်သွန်နီရဲ့ အရောင်း အဝယ်အဖို့ လျှင်မြန်သွက်လက် အရောင်းထွက်ဖို့လိုနေပြီဆိုတာ သုံးသပ်တင်ပြ ရပါတယ်။ မြင့်ဦး - ပခုက္ကူ
အိန္ဒိယနနွင်းလက်ချောင်းဈေးကွက်မှာ အောက်တိုဘာ လ ၁၈ ရက် နနွင်းဈေးက မျှော်မှန်းမထားတဲ့ ပမာဏ တစ် တန်ရူပီး ၃၀၀၀(ကန်ဒေါ်လာ ၅၆)ခန့်ကျဆင်းခဲ့ပါတယ်။ ကုန် သည်တွေအနေနဲ့ ၎င်း တို့ထံမှာ သိုလှောင်မှု အမြောက် အမြားရှိနေပေမယ့် အိန္ဒိယမြောက်ပိုင်းက အမှာအော်ဒါ အခု ထိ မရှိဘူးလို့ဆိုပါတယ်။ စပ်မျိုးနနွင်းလည်း အရည်အသွေးနိမ့် လို့ တစ်တန် ရူပီး ၇၅၀၀ (ကန်ဒေါ်လာ ၁၄၀)ခန့်ကျဆင်းခဲ့ပါ တယ်။
