Main menu

Background

Tuesday, 5 Nov 2024

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ MSME )များ သည် အဓိကမောင်းနှင်အားများပင်ဖြစ်သည်။MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးမြှင့်တင် ဆောင်ရွက်ခြင်းနှင့်အညီ စီးပွားရေးတိုးတက်မြင့်မားလာကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ တစ်ခုဆီသို့ ကူးပြောင်းနိုင်မည်ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် ရေရှည်အကျိုးဖြစ်ထွန်းစေပြီး စီးပွား‌ရေးနှင့် လူမှုရေး  ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီညီဖြစ်စေရန်အတွက်MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက်ကြရ မည်ဖြစ်သည်။ 

Tuesday, 5 Nov 2024

နွားနို့သည် အာဟာရတန်ဖိုး အလွန်မြင့်မား သည့် စားသောက်ကုန်ဖြစ်သည်။ နွားနို့သောက် သုံးခြင်းဖြင့်   ကိုယ်ခန္ဓာ   ကျန်းမာကြံ့ခိုင်စေပြီး အာဟာရ ပြည့်ဖြိုးÓဏ်ရည် တိုးတက်စေနိုင်သည်။ လူများသည် မွေးစမှခြောက်လအတွင်း မိခင်နို့ရည် တစ်မျိုးတည်းဖြင့်ပင် ရှင်သန်ဖွံ့ဖြိုးစေနိုင်သည်။  အသက်အရွယ်မရွေး  နွားနို့ကို သောက်သုံးသင့် သည်။ မြန်မာနိုင်ငံတွင်  နွားနို့သောက်သုံးသည့် အလေ့အထနည်းပြီး လက်ဖက်ရည်၊ ကော်ဖီတို့ကို သာ  သောက်သုံးသည့် အလေ့အထများသည်။ အမှန်အားဖြင့် နွားနို့ကို ပိုမိုသောက်သုံးသင့်သည်။

Monday, 4 Nov 2024

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊   တိုင်းဒေသကြီး  ဦးစီးမှူးရုံးသည် မကွေးမြို့ အချက်အလက်ကျသော နေရာတွင် တည်ရှိပြီး ငါးဧကနီးပါးခန့် ကျယ်ဝန်းသည်။  ကုန်သည်လုပ်ငန်းရှင်များ အလွယ်တကူရှာဖွေ လာရောက်နိုင်သော နေရာဖြစ်ခြင်း၊ ကုန်တင် ယာဉ်ကြီးများ ဝင်ထွက်သွားလာနိုင်ခြင်း စသည့် အားသာချက်များရှိသည်။

Monday, 4 Nov 2024

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်အတွင်းရှိ အပူ ပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဌာန သစ်တောဦးစီးဌာနပိုင် စိုက်ခင်းများတွင် အကေးရှား ဆီနီဂေါ ရှားဖြူပင်များ ရှိသည်။ ဒေသအခေါ် ဆူးဖြူပင်ဟုခေါ်ကြောင်း သိရသည်။  မြင်းမူ မြို့နယ်  ဘိုမင်းကြီး စိုက်ခင်း၊ သစ်တောရွာစိုက်ခင်း၊ ခြေတော် ရာစိုက်ခင်းနှင့် အခြား မိုးနည်းရေရှားရပ်ဝန်းဒေသများတွင် ပေါက်ရောက်သည်။ 

Monday, 7 Oct 2024

၀ဥပင်သည် Araceae (ခေါ်) ပိန်းမျိုးရင်းဖြစ်ပြီး ရုက္ခဗေဒ အမည်မှာ Amorphophallus Campanulatus  ဖြစ်သည်။ အင်္ဂလိပ် အမည်မှာ Elephant Foot Yam White Yam နှင့်Tellinga Potato  ဖြစ်သည်။ ဝဥ၏ မူရင်းဒေသမှာ အင်ဒိုနီးရှားကျွန်းဆွယ်ဖြစ်ပြီး အပူပိုင်းဒေသနှင့် အာဖရိကဒေသမျာတွင် သဘာဝအလျောက် ပေါက်ရောက်ကြသည်။ အချို့ဒေသများတွင် ]]ဖျံဥ}}ဟုလည်း ခေါ် ကြသည်။ မြန်မာနိုင်ငံတွင် ချင်းပြည်နယ်၊  ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ သစ်ရိပ်၊ ဝါးရိပ်၊ အစို

Monday, 7 Oct 2024

လယ်ယာဥယျာဉ်ခြံမြေ ထွက်ကုန်ပစ္စည်းများနှင့် သားငါး များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အသွင်ပြောင်းလဲ ထုတ်လုပ်လာ ကြ သောအခါ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဆေးဝါးမျိုးစုံနှင့် အသင့်စား အစားအစာ အမျိုးမျိုးတို့ ထွက်ရှိလာ မည်ဖြစ်သည်။ ထိုထွက်ရှိလာသော ကုန်ပစ္စည်းများကို နည်းပညာ သုံး၍ ကြိတ်ခွဲထုတ်လုပ်စဉ် ရူပဆိုင်ရာ နည်းပညာရပ်နှင့် သက်ဆိုင် သည့် ကဏ္ဍများတွင် (၁) အပူချိန်ထိန်းချုပ်၍ ရေဖယ်ထုတ်၊ အခြောက် ခံခြင်းနည်းစနစ်များ၊  (၂) နိမ့်သောအပူချိန်၌ အအေးခံခြင်းနည်းစနစ် များ၊ (၃) ရောနှောနေသောပစ္စည်းများအား အငွေ့ပျံစေ၍ ခွဲခြားစေ သော နည်းစနစ်များ၊ (၄) သယ်ယူထုပ်ပိုးခ

Monday, 7 Oct 2024

ပီလောပီနံကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်တွင် ၃၇၅၆ ဧက၊ ဇလွန်မြို့နယ်တွင် ၆ ဧက၊ လေးမျက်နှာ မြို့နယ်တွင် ၅၅၀၉ ဧက စိုက်ပျိုးသည်။ ပီလောပီနံသည် မိုး ရေချိန် ၃၀ လက်မမှ ၁၂၀ လက်မနှင့် အပူချိန် ၂၅ ဒီဂရီစင်တီ ဂရိတ်နှင့် ၃၂ ဒီဂရီ စင်တီဂရိတ်အကြား စိုက်ပျိုးဖြစ်ထွန်းသဖြင့် မိုးရေချိန် ပျမ်းမျှ ၈၀ လက်မရရှိသော ဟင်္သာတခရိုင်ရှိ ရေ မတင်သဲဆန်သည့် မြေများတွင် စိုက်ပျိုးဖြစ်ထွန်း အောင်မြင် လျက်ရှိသည်။ မိရိုးဖလာမြေပုံ၍ စိုက်ပျိုးခြင်းကို အများဆုံးပြု လုပ်ကြပြီး စိုက်ဘောင်စနစ်ဖြင့်လည်း စိုက်ပျိုးကြသည်။ 

Monday, 7 Oct 2024

လျင်မြန်စွာပြောင်းလဲနေသော ယနေ့ခေတ် စီးပွားရေး အခင်း အကျင်းတွင် လုပ်ငန်းတစ်ခုစတင်ရန် ကြီးမားသော ကြိုတင်ရင်းနှီး မြှုပ်နှံမှု မလိုအပ်ပါ။ အအောင်မြင်ဆုံး လုပ်ငန်းအချို့သည် ကုန်ကျ စရိတ် အနည်းငယ်ဖြင့်  စတင်ခဲ့ကြသည်။ ထိုကဲ့သို့ စတင်ရာတွင် တီထွင်ဖန်တီးနိုင်စွမ်း၊ မဟာဗျူဟာ ရေးဆွဲခြင်းနှင့် ဈေးကွက် အကြောင်း နားလည်ခြင်း စသည့်အချက်များ အရေးကြီးပါသည်။ သို့သော်လည်း ရွေးချယ်စရာလုပ်ငန်းများစွာရှိသည့်အနက် ကုန်ကျ စရိတ် အသက်သာဆုံးသောလုပ်ငန်း (Cost-effective business) ) စတင်လုပ်ကိုင်ရန် လိုအပ်သည်။ လုပ်ငန်း စတင်သည့် ကုန်ကျစရိတ် သက်သာပြီး အလားအလာကောင်းသော စီးပွားရေးလုပ်ငန်း ခုနစ် မျိုးမှာ အောက

Monday, 7 Oct 2024

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်တွင်း  စားသုံးဆီ  ဖူလုံမှုရှိစေရန်နှင့်  တိုင်းဒေသကြီး၊   ပြည်နယ် အလိုက် လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန် နိုင်ငံတော်က ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် နိုင်ငံ တော်မှလည်း ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက် သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပ သို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး ဦးတည်ချက် ထား၍ ဆောင်ရွက်လျက်ရှိသည်။ 

Monday, 7 Oct 2024

 မြန်မာ့သနပ်ခါးဟုဆိုသည်နှင့် မြန်မာသာမက ကမ္ဘာ ကပါ အသိအမှတ်ပြုသည့် သဘာဝအလှကုန်ပစ္စည်း တစ်ခု အဖြစ် ထင်ရှားလှသည်။ သနပ်ခါးဆိုသည်မှာ မြန်မာလူမျိုး တိုင်း တန်ဖိုးထားရသည့် ပြည်တွင်းအလှကုန်တစ်မျိုးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မြန်မာအမျိုးသမီး များသည် သနပ်ခါးကို ရိုးရာယဉ်ကျေးမှုအဖြစ် လိမ်းခြယ်ကြ သည်။ မြန်မာနှင့် သနပ်ခါး ခွဲခြား၍မရသလို သနပ်ခါးလိမ်း ခြင်းသည်လည်း မြန်မာလူမျိုးများအတွက် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတစ်ခုဖြစ်သည်။

Pages