Background
လက်ရှိကမ္ဘာမှာ သမားရိုးကျအသုံးပြုနေတဲ့ ဘူမိအပူစွမ်းအင် (Geothermal Energy) တွေကို ကမ္ဘာ့မြေပြင်အပေါ်ပိုင်းမှာ ထွက်ရှိတဲ့ အပူငွေ့နဲ့ ရေပူစမ်းတွေကနေ ထုတ်လုပ်နေကြခြင်း ဖြစ်ပါ တယ်။ ဥပမာ အိုက်စလန်နိုင်ငံမှာ သဘာ၀ အလျောက် ဖြစ်ပေါ်နေတဲ့ ရေပူစမ်းတွေကနေ လျှပ်စစ်ဓာတ်အားကို ထုတ်ယူသုံးစွဲခဲ့ရာ နိုင်ငံရဲ့ လိုအပ်ချက် လေးပုံတစ်ပုံအထိ ဖြည့်ဆည်းပေးနိုင် ခဲ့ပါတယ်။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာ ပတ်ဝန်း ကျင်မှာရှိတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အမေရိကန် အနောက်ဘက်ကမ်းခြေတစ်လျှောက်မှာလဲ ဘူမိ အပူစွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ စက်ရုံတွေကို တွေ့နိုင်ပါတယ်။
မျက်မှောက် ကမ္ဘာ့စွမ်းအင်ထုတ်လုပ်မှုမှာ လေ၊ နေ စတဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေရဲ့ ထုတ် လုပ်မှုရာခိုင်နှုန်းဟာ ခုဂဏန်းလောက်ပဲရှိတဲ့ အတွက် ကာဘွန်ဒိုင်အောက်ဆိုက် လုံးဝမထွက် ရှိအောင် စွမ်းအင်ထုတ်လုပ်တဲ့ နည်းပညာမျိုးရရှိ ဖို့ဆိုတာ မဖြစ်နိုင်ဘဲရှိနေပါတယ်။ ဒါကြောင့် အဲဒီ ပြဿနာကို အချိန်ကာလလတ်အတွင်း (medium-term) ဖြေရှင်းနည်းကတော့ လက်ရှိအသုံး ပြုနေတဲ့ အဓိက တွင်းထွက်လောင်စာေ တွဖြစ်တဲ့ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေကို ယခု ထက်ပိုပြီး သန့်ရှင်း၊ ပိုပြီးတွက်ခြေကိုက် (effic- iency) အောင်နဲ့ ပိုပြီး စွမ်းဆောင်ရည်ကောင်း အောင် ထုတ်လုပ်နည်းတွေကို ရှာဖွေထုတ်လုပ် ခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဈေးသက်သာပြီး အမြောက်အမြား ရရှိနိုင်တဲ့ ကျောက်မီးသွေးနဲ့ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုဟာ ၄၁ ရာခိုင်နှုန်းခန့်ရှိပြီး၊ သဘာ၀ ဓာတ်ငွေ့နဲ့ ထုတ်လုပ်မှုက ၂၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာဆိုရင် ကျောက်မီးသွေးကနေ လျှပ်စစ်စွမ်းအင်ထုတ်လုပ် မှုဟာ ၈၀ ရာခိုင်နှုန်းနဲ့ ၆၈ ရာခိုင်နှုန်းအထိ ရှိပါ တယ်။
အခွန်အခနှုန်းများ မြင့်မားပြီး၊ စည်းကြပ် ကောက်ခံပုံ ရှုပ်ထွေးခြင်းသည် ဘရာဇီးလ်နိုင်ငံမှ စီးပွားရေးလုပ်ငန်း များ ရင်ဆိုင်နေရသည့် အဟန့် အတားများစွာထဲမှ အချို့သာဖြစ်သည်။ အခြေခံ အဆောက်အအုံများ ညံ့ဖျင်း ချို့ယွင်းနေခြင်း၊ အလုပ်သမားဥပဒေများ ခေတ်နောက်ကျနေခြင်း နှင့် ကြိုးနီစနစ် အခွေလိုက် ရစ်ပတ်နှောင်ဖွဲ့ လျက် ရှိခြင်းတို့ကြောင့် ရှုပ်ထွေးပွေလီလျက်ရှိသည်။ ထို အခက်အခဲ၊ အဟန့်အတားများ ကို နှစ်ကာလကြာ မြင့်စွာ ရင်ဆိုင်ခဲ့ကြရသဖြင့် ဘရာဇီးလ်စရိတ်ဟု အဓိပ္ပာယ်ရသော ကပ်စတိုဘရာဇီးလ် (Custo Brasil) ဟု လက်တင်ဘာသာဖြင့် အမည်ပေးထား ကြသည်။ ချမ်းသာနိုင်ငံများတွင် ကုန်ပစ္စည်းထုတ် လုပ်မှုပိုလျှံ (Excess capacity) လျက် ရှိနေချိန် မှာ ဘရာဇီးလ်နိုင်ငံသုံး ငွေတန်ဖိုးမှာ ငွေလဲနှုန်း အရ အလွန်မြင့်မားနေဆဲဖြစ်၍ ဘရာဇီးလ်နိုင်ငံမှ ကုန်ထုတ်လုပ်ငန်းများမှာ ကမ္ဘာနှင့် ယှဉ်နိုင်ရန် အခက်တွေ့နေရသည်။
ပြည်တွင်းဝယ်လိုအားမှာ ယမန်နှစ်ကထက် ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာသဖြင့် ဝယ်လို အားကောင်းနေဆဲဟု ဆိုနိုင်သည်။ သို့သော်လည်း ထိုဝယ်လိုအားကို ပြည်ပသွင်းကုန်များက အကုန် သိမ်းကျုံး ဝါးမျိုလိုက်ကြသည်။ ပြည်ပပို့ကုန်မှာ ယခုအချိန်တွင် ကုန်ကြမ်းများသာ အများဆုံးပါ ဝင်နေသည်။ သဘာ၀ သယံဇာတ ပေါများသော် လည်း ဘရာဇီးလ်နိုင်ငံ၏ စက်မှုလုပ်ငန်းများမှာ တိုးတက်မှု မရှိတော့ သလောက် ဖြစ်နေသည်။ တိုင်းပြည်စီးပွားရေးအပေါ် အစိုးရ၏ အရေးယူ ဆောင်ရွက်မှုများမှာလည်း အနည်းအကျဉ်းသာ ရှိပြီး ကိုယ်ကျိုးစီးပွားကာကွယ်ရေးသဘော လွှမ်းမိုး နေသည်။ မော်တော် ကားနှင့် ပြည်တွင်းမှာထုတ် လုပ်သည့် အိမ်သုံးကုန်စည်များ (White goods) အပေါ် ရောင်းခွန်လျှော့ချပေးပြီး၊ လစာဝင်ငွေ အပေါ် ကောက်ခံသည့်အခွန်များ (Payroll taxes) ကို ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးသည့် အထည် အလိပ်၊ ပလတ်စတစ်နှင့် မော်တော်ယာဉ်ထုတ် လုပ်မှုတို့ကဲ့သို့ လုပ်ငန်းကဏ္ဍ အချို့အပေါ် အခွန် နှုန်းနည်းနည်းဖြင့် ကောက်ခံသည့် ကုန်စည်ခွန်နှင့် အစားထိုးသည်။ပြည်ပတွင်ထုတ်လုပ်သည့် ကုန်စည်များတင် သွင်းမှုအပေါ် ကန့်သတ်ချက်များ ထပ်မံချမှတ် သည်။ တကယ်တော့ ပြည်ပမှ သွင်းကုန်များ အပေါ် ကောက်ခံသည့် သွင်းကုန်ခွန်နှုန်းများ(Tariffs) မှာ အတော်ပင်မြင့်မားနေပြီးဖြစ်သည်။ သွင်းကုန်အပေါ်ကန့်သတ်ခြင်းသည် ရေတိုကာလ အနေဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများကို အထောက်အကူပေးရာ ရောက်သော်လည်း စား သုံးသူပြည်သူအများစုမှာ သွင်းကုန်များကို ပိုမို မြင့်မားသည့်ဈေးဖြင့်ဝယ်ယူစားသုံးရသောကြောင့် ထိခိုက်နစ်နာကြရ သည်။ ပြည်ပပြိုင်ဆိုင်မှုကို အကာအကွယ်ပေးထားသော်လည်း ပြည်တွင်း စက်မှုလုပ်ငန်းများမှာ အင်အားချိနဲ့လျက်သာ ရှိ သည်။ စိုက်ပျိုးရေးနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း တို့မှအပ ဘရာဇီးလ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု စွမ်း ရည်မှာ ကျဆင်းနေမြဲဖြစ်သည်။ဘရာဇီးလ်စရိတ်ကို ဖြတ်တောက်လျှော့ချနိုင် ရန်အတွက် အခြေခံအဆောက်အအုံများ ပြုပြင် တိုးချဲ့ရေးကဏ္ဍအား ပုဂ္ဂလိကသို့ လွဲှအပ်သွားမည့် အစီအစဉ်ကို ဘရာဇီးလ်အစိုးရက သြဂုတ်လ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။ ယင်းမှာ အစိုးရ၏ မူဝါဒ အကြီးအကျယ် ပြောင်းလဲလိုက်ခြင်းဖြစ် သည်။ ထိုအစီအစဉ်မှာ နောင်တွင်ကုန်ကျစရိတ် လျော့နည်းသွားစေမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်း များ၏ ထုတ်လုပ်မှုတိုးတက်လာစေမည်ဖြစ်သည်။ သို့သော်လည်း ထိုအစီအစဉ်၏ အခြားတစ်ဖက် တွင်ရှိနေသည့် လစာအပေါ်အခွန်များနှင့် လျှပ်စစ် ဓာတ်အားခလျှော့ချရေးတို့ကိုမူ အစိုးရကချန်လှပ် ထားသည်။ လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်သည် ဘရာဇီးလ်စရိတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘရာဇီးလ်နိုင်ငံ၏ လျှပ်စစ်စွမ်းအင် ၇၀ ရာခိုင်နှုန်း မှာ ကုန်ကျစရိတ်နည်းသော ရေအားလျှပ်စစ်မှ ရ ရှိခြင်းဖြစ်သည်။ သို့သော်လည်း ဓာတ်အားသုံးစွဲ သူများမှာ ကမ္ဘာတွင် အမြင့်ဆုံးဈေးနှုန်းဖြင့် ပေး ချေနေရသည်။ တစ်ကီလိုဝပ်နာရီအတွက် ဓာတ် အားခမှာ ကမ္ဘာ့ပျမ်းမျှဈေးနှုန်းထက် ၅၀ ရာခိုင် နှုန်းပိုများနေပြီး၊ စီးပွားထွန်းသစ်စ အခြားနိုင်ငံ များထက် နှစ်ဆပိုမြင့်နေသည်ဟု ရီယိုဒီဂျနေးရိုးမြို့ စက်မှုလုပ်ငန်းရှင်များအသင်း၏ လေ့လာချက် တွင် ဖော်ပြခဲ့သည်။ သို့ဖြစ်ရာ အလူမီနီယမ်သတ္တုစက် ရုံကဲ့သို့ ဓာတ်အားအသုံးများသည့် လုပ်ငန်းများက အိမ်နီးချင်း ပါရာဂွေးနိုင်ငံသို့ ပြောင်းရွှေ့ရန် ကြိုး ပမ်းနေကြသည်။ ပါရာဂွေးနိုင်ငံသည် ဘရာဇီးလ် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ငါးပုံတစ်ပုံကို ထုတ် လုပ်ပေးနေသည့် အိုင်တေးပုဆည်မှပင် ဓာတ်အား ရယူခြင်းဖြစ်သော်လည်း စားသုံးသူပေးရသည့် ဓာတ်အားခမှာ များစွာသက်သာသည်။ဘရာဇီးလ်တွင် ဓာတ်အားခစရိတ် ပိုများရ ခြင်းသည် ဓာတ်အားထုတ်လုပ်ပေးသည့် ဆည် ကြီးအများစုမှာ နိုင်ငံ၏အရှေ့တောင်ပိုင်း၊ ဝေးလံ ဒေသတွင်တည်ရှိနေသဖြင့် ဓာတ်အားပို့လွှတ် စရိတ် ကြီးမားခြင်းနှင့် စုစုပေါင်းထုတ်လုပ်သည့် ဓာတ်အား၏ ၁၃ ရာခိုင်နှုန်းကို ခိုးယူခံရခြင်းတို့ ကြောင့်ဖြစ်သည်။ အမှန်တကယ်တော့ ဓာတ်အား ခဈေးမြင့်နေရခြင်းမှာ ဓာတ်အားအပေါ် ကောက် ခံသည့်အခွန်ကြောင့်ဖြစ်သည်။ ဓာတ်အားခတွင် ပါဝင်သည့် အခွန်အချိုးအစားမှာ ၄၅ ရာခိုင်နှုန်း အထိရှိသည်ဟု Acende Brasil သုတေသနသိပ္ပံ ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ အခြား ထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးတွင် အခွန်ပါဝင်မှု ပျမ်းမျှ ၃၅ ရာခိုင်နှုန်းအထိသာရှိသည်။ ဘရာဇီးလ် နိုင်ငံတွင် စွမ်းအင်ဈေးနှုန်း မြင့်မားနေဦးမည်ဖြစ် သည့်အပြင်စွမ်းအင်အပေါ်ကောက်ခံသည့် အခွန် အကောက်များသည်လည်း စိတ်ပျက်ဖွယ်ရှုပ်ထွေး လျက်ရှိသည်။ အခွန်ဝန်ထုပ်ဝန်ပိုးမှာ ၂၀၀၈ ခုနှစ် က တိုင်းပြည်ဂျီဒီပီ၏ ၂၂ ရာခိုင်နှုန်း ရှိခဲ့သော် လည်း နောက်ထပ်အခွန် အမျိုးမျိုး စည်းကြပ် ကောက်ခံလာခြင်းကြောင့် ယခုအချိန်တွင် ဂျီဒီပီ ၏ ၃၆ ရာခိုင်နှုန်းအထိ ရှိနေသည်။ ဘရာဇီးလ် တွင် အလတ်စားစီးပွားရေးလုပ်ငန်းတစ်ခုအတွက် အခွန်ပေးဆောင်ရန် နှစ်စဉ်နာရီပေါင်း ၂၆၀၀ ခန့် အချိန်ပေးရသည်။ အခွန်ပေးဆောင်ရန် ကမ္ဘာ့ပျမ်း မျှကြာမြင့်ချိန်မှာ နာရီပေါင်း ၂၇၇ နာရီသာရှိ သည်ဟု ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် နှိုင်းယှဉ် ဖော်ပြထားသည်။ Ref; The Economist.
တရုတ်နိုင်ငံ အလယ်ပိုင်းဟူပေ့ပြည်နယ်ရဲ့ မြို့တော်ဝူဟန်မှာ ဝင်ငွေနည်းတဲ့ မိသားစုတွေ အတွက် ဆောက်လုပ်ရောင်းချပေးတဲ့ အိမ်ရာ စီမံကိန်းက နေအိမ်ပေါင်း ၂၄၀၀ လုံးအနက် တစ် လုံးကို ကျိန်ဟုန်ယွမ်မိသားစုက ဝယ်ယူခွင့်ရရှိခဲ့ ပါတယ်။ အရင်က အိမ်ငှားပြီး နေထိုင်ခဲ့ရတဲ့ ကျိန် မိသားစုအဖို့တော့ ကံကောင်းတယ်လို့ ယူဆခဲ့ပါ တယ်။ ဒါပေမဲ့ အိမ်ဆောက်လုပ်ပြီးစီးလို့ ပြောင်း ရွှေ့မယ်လုပ်နေတုန်း အဲဒီနေအိမ်တွေ ဆောက် လုပ်ထားတဲ့ မြေကွက်ကြီးဟာ အညိုရောင်ဒေသ (brownfield site) ဖြစ်နေတာကို သိရှိလိုက်ရတဲ့ အခါ သူတို့ရဲ့သာယာတဲ့အိပ်မက်တွေဟာ ပျောက် ပျက်သွားခဲ့ရပါတော့တယ်။ အညိုရောင်မြေကွက် ဆိုတာ အဲဒီမြေကွက်ပေါ်မှာ အရင်နှစ်ပေါင်းများ စွာက စက်မှုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ ညစ်ညမ်းနေခဲ့တဲ့ မြေနေရာပဲဖြစ်ပါတယ်။
ယခုလတ်တလောကာလ အတွင်း မှာ အစားအသောက်အတုတွေ၊ ဆေး ဝါးအတုတွေ၊ ဓာတ်မြေသြဇာ အတု တွေနဲ့ပတ်သက်တဲ့ သတင်းတွေကို ဂျာနယ်တွေမှာ ရေးသားနေကြတာ ကို တွေ့ရပါတယ်။အစား အသောက်၊ ဆေး ဝါးတွေဟာ စားသုံးသူများ နေ့တိုင်းလို လိုထိတွေ့ စားသုံး၊ အသုံးပြုနေရတဲ့ အတွက် စားသုံးသူ များ အတွက် ဘေး အန္တရာယ်ရှိကြောင်း၊ ဓာတ်မြေသြဇာ တို့ ပိုးသတ်ဆေးတို့ကိုလည်း စနစ် တကျ နည်းမှန် လမ်းမှန် အသုံးပြုခြင်း မရှိကြသဖြင့် စားသောက်ကုန်များတွင် ပိုးသတ်ဆေးကြွင်းကျန်များမှာ ရှိရမည့် နှုန်းထက် အဆမတန် များနေခြင်း၊ မြေ ဆီလွှာခမ်းခြောက်ခြင်း၊ သီးနှံအထွက် နှုန်းများ ကျဆင်းခြင်းတို့ဖြစ်နေ၍ စား သုံးသူများကို ထိခိုက်မှုရှိစေသကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုဖြစ်စေ ကြောင်း စသည့်အကြောင်းအရာများ နှင့်ပတ်သက်ပြီး သတင်းတွေ ကျယ် ကျယ်ပြန့်ပြန့် ရေးသားဖော်ပြေ ဆွးနွေး နေကြတာကို ကြားသိနေရပါတယ်။
သမိုင်းမှတ်တိုင်ထူရမည့် မူပိုင်ခွင့်လျှောက် ထားမှုတစ်မှုကို အိန္ဒိယတရားရုံးချုပ်တွင် သြဂုတ် လတတိယပတ် အတွင်းက ကြားနာခဲ့သည်။ ထို အမှုကို အနိုင်ပေးလိုက်ပါက အမေရိကန်ပြည် ထောင်စုနှင့် ဥရောပတိုက်တို့တွင် မှတ်ပုံတင်ထား သည့် တန်ဖိုးကြီးဆေးဝါးများအား အိန္ဒိယဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီများ က ပုံတူကူးထုတ်လု ပ်နေ ခြင်းကို ဟန့်တားနိုင်ပါလိမ့်မည်။ တကယ်တော့ ဆင်းရဲနိုင်ငံများစွာသည် ဈေးချိုသော အိန္ဒိယဆေး ဝါးများကို အားထားနေကြရသည်။
ကန္ဒရဝတီလို့ခေါ်တဲ့ ကျွန်တော်တို့ ကယားပြည်နယ်ကလေးဟာ ပြည်နယ်တွေထဲမှာ အကျဉ်းဆုံးပြည်နယ်ဖြစ်ပေ မဲ့ တောတောင် သဘာဝသယံဇာတများ ပေါများကြွယ်ဝလျက်ရှိပါသေးတယ်။ ယခင် ကတော့ နယ်မြေလုံခြုံရေး အနေအထားအရ ကန့်သတ်နယ်မြေတွေ၊ အညို အမဲစသဖြင့် အရောင်ခြယ်ဒေသတွေရှိခဲ့ပေမဲ့ လက်ရှိအစိုးရ လက်ထက်မှာတော့ ပြည်နယ်အဆင့်မှ ပြည်ထောင်စုအဆင့်အထိ ရာနှုန်းပြည့်နီးပါး ငြိမ်းချမ်းရေးဆောင်ရွက်နို င်ခဲ့လို့ မအိုသေးတဲ့သူ အပျိုလေးနဲ့တူဆိုသလိုပါပဲ။ ပျားပိတုန်းတွေဝဲ ကာ ပျံကာရစ်ဝဲနေခြင်း ခံနေရတဲ့ နှင်းဆီငုံကလေးနဲ့သာ တင်စားလိုက်ချင်ပါတော့တယ်။
အမေရိကန်နိုင်ငံရဲ့ ဝါရှင်တန်နဲ့ မင်နီယာလစ် လို မြို့ကြီးတွေမှာ အလုပ်အကိုင်အတွက် သွား လာဆက်သွယ်ဖို့နဲ့ ဟိုနားဒီနားခရီးကို သွားလာ ဖို့အတွက် စက်ဘီးကို ပိုမိုအသုံးပြုလာကြပါတယ်။ ချီကာဂိုနဲ့ ဆန်ဖရန်စစ္စကိုမြို့ေ တွက တိုးတက်တဲ့ အမြင်ရှိကြတဲ့ မြို့တော်ဝန်တွေဆိုရင် စက်ဘီး ပြေးလမ်းတွေကို သီးခြားသတ်မှတ်ပေး လာခဲ့ကြပါ တယ်။
တရုတ်နိုင်ငံ၏စီးပွားရေးပမာဏမှာ အလွန် ကြီးမားသည်။ ကမ္ဘာ့စီးပွားရေးတွင် ပါဝင်မှုပမာဏ လည်း သိသိသာ သာကြီးမားသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ အိမ်ရာမြေ ပစ္စည်းဈေးကွက် (Property market) ကတော့ သက်တမ်းနုနေ သေးသည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်စုအထိ မြို့ နေလူတန်းစားတို့ သည် နိုင်ငံပိုင်အလုပ်ရှင်များ က နေရာချထားပေးသည့် ဟောင်းနွမ်းယိုယွင်းနေ သော အိမ်တန်းလျားများမှာသာ နေထိုင်ကြရ သည်။ ထို့နောက်မှာတော့ အိမ်ရာတည်ဆောက် ရေးလုပ်ငန်းများ ထွန်းကားလာပြီး၊ အိမ်ပိုင်ရာပိုင် ဖြင့်နေနိုင်ရေးသည် တရုတ်နိုင်ငံသားတို့၏ စိတ် ဘဝင်တွင် စွဲငြိလာသည့် အလိုလားဆုံး ဆန္ဒဖြစ် လာသည်။ အိမ်ဈေး အတက်အကျပြောင်းလဲမှု အင်မတန်ကြီးမားလာသည်။ ယခုတော့ မြို့ကြီး များတွင် အိမ်ဈေးမြေဈေးများ ကျဆင်းလာသည်။
အိမ်ဈေးကျဆင်းသဖြင့် ဒေသဆိုင်ရာအစိုးရ များအပေါ် အကြီးအကျယ် ရိုက်ခတ်လာခဲ့ သည်။ နိုင်ငံအစိုးရ အသုံးစရိတ်၏ ငါးပုံလေးပုံကျော်ကို တာဝန်ယူခဲ့ရသော်လည်း အခွန်အတုတ်ရငွေ ကို တော့ ဒေသဆိုင်ရာ အစိုးရများက တစ်ဝက်သာရရှိ ကြသည်။ ထိုခြားနားချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက် တောင်သူလယ်သမား များထံမှ မြေယာ များကိုသိမ်းယူပြီး၊ အိမ်ရာဆောက်လုပ်ရေးလုပ် ငန်းများသို့ ပြန်ရောင်းကြ သည်။ ဆောက်လုပ်ေ ရး လုပ်ငန်းရှင်များတွင် အခက်အခဲကြုံလာရသော အခါ မြေရောင်းချရေးမှာလည်း အဆင်မပြေဖြစ် လာသည်။ အချို့နိုင်ငံများတွင်ဈေးကွက်ပေါက်ဈေးကဲ့သို့ တန်ဖိုး တစ်ခုခုကို အခြေခံပြီး အိမ်ရာပိုင်ဆိုင်မှု အပေါ် အခွန်ကောက်ခံခြင်းဖြင့် ဘဏ္ဍာငွေ ဖြည့် ဆည်းကြသည်။ တရုတ်နိုင်ငံမှာတော့ ပစ္စည်းပိုင် ဆိုင်မှုအပေါ်အခွန် (Property tax) ကောက်ခံ ရေးမှာ စွန့်စားရမှုကြီးမားနိုင်သည်။ အိမ်ရာ၏ သမိုင်းတန်ဖိုးရှိမှု၊ အရွယ်အစားနှင့် အိမ်ရာရောင်း ချခြင်းတို့အပေါ် အခွန်အတုတ် အမျိုးမျိုးစည်း ကြပ်ရန် အစိုးရကကြိုးပမ်းခဲ့ပြီးဖြစ်သည်။ သို့သော် လည်း ဈေးကွက်တန်ဖိုးအပေါ် အခြေပြုစည်းကြပ် ကောက်ခံခြင်းတော့ မဟုတ်ပေ။ လွန်ခဲ့သည့်နှစ်က တော့ ချုံကင်းနှင့် ရှန်ဟိုင်းမြို့ကြီးနှစ်မြို့တွင် အဆင့် မြင့်အိမ်ရာအချို့အပေါ် ပိုင်ဆိုင်မှုအခွန်ကောက်ခံ ရန် အစပျိုးခဲ့သည်။ ပစ္စည်းပိုင်ဆိုင်မှုအခွန်မှာ အင်မတန် ထူးခြားဆန်းပြားနေသည်။ အခွန်နှုန်း နည်းနည်းဖြင့် စည်းကြပ်ခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံအတွက် ယခင်က မရှိခဲ့ဖူးသေးသည့် ရှေ့ပြေးနမူနာတစ်ရပ် ဖြစ်လာ သည်။ ယခုတော့ နိုင်ငံတစ်ဝန်းလုံးရှိ မြို့ကြီးများတွင် အိမ်ရာပစ္စည်း ပိုင်ဆိုင်မှုများအပေါ် တိုးချဲ့ကောက်ခံတော့မည် ဖြစ်သည်။ပစ္စည်းပိုင်ဆိုင်မှုအပေါ် အခွန်ကောက်ခံခြင်း ဖြင့် တရုတ်နိုင်ငံ၏ အိမ်ရာဈေးကွက် အတက် အကျ အရမ်း ပြောင်းလဲနေခြင်းများ (Wild swings) ကို အတန်အသင့် ထိန်းကျောင်းပေးပါ လိမ့်မည်။ အကြိမ်ကြိမ် စည်းကြပ်မည်ဖြစ်၍ တက် ဈေးစောင့်ရောင်းရန် အိမ်နှစ်လုံး၊ သုံးလုံးဝယ်ကိုင် ထားပြီး အမြတ်ထုတ်မည့်သူများ အတွက် စရိတ် ထောင်းလာမည်ဖြစ်သည်။ လူမနေဘဲ အိမ်ဝယ် ထားသူများက အိမ်ခန်းလွတ်များ ကို ဈေးကွက် ပေါက်ဈေးထက်လျှော့ပြီး ရောင်းချကြလိမ့်မည်။ သို့မဟုတ် အိမ်ငှားတင်ထားကြ လိမ့်မည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဂျပန်နိုင်ငံ၌ မြေအပေါ် အခွန်အနည်းငယ် စည်းကြပ်လိုက်သည့်အတွက် အိမ်ရာပိုင်ဆိုင်မှုဈေးနှုန်းပူဖောင်း Asset-price bubble) ဖြစ်ကာ ဈေးကွက်ပျက်သွားစေခဲ့သည် ဟု စီးပွားရေးပညာရှင်အချို့က ယူဆကြသည်။(ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းကို ပူဖောင်းဖြစ် သည်ဟု ဆိုခြင်းဖြစ်သည်။) တရုတ်နိုင်ငံတွင် ပစ္စည်းပိုင်ဆိုင်မှုအပေါ် အခွန် ကောက်ခံရေးမှာ လွယ်ကူမည်တော့မဟုတ် ပေ။ နေအိမ်များကို မှတ်ပုံတင်စာရင်းသွင်းဖို့ လို အပ်သည်။ ပိုင်ဆိုင်သူဦးပိုင်အမည်ပေါက် အရှုပ် အရှင်းကင်းရမည်။ ပစ္စည်းတန် ဖိုးဖြတ်ရာတွင်လည်း ယုံကြည်လက်ခံနိုင်ဖွယ်ဖြစ်ရမည်။ အိန္ဒိယနိုင်ငံမှ မြို့ကြီးများအပါအဝင် အခြားဖွံ့ဖြိုးဆဲနိုင်ငံ များတွင် အလားတူ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ကြ သည်။ ဥက္ကဋ္ဌကြီးမော် လက်ထက်တွင် ပုဂ္ဂလိက ပစ္စည်းအပေါ် အခွန်အတုတ်အားလုံးမှာ ပုဂ္ဂလိက ပိုင်ပစ္စည်းများ မရှိတော့သည်နှင့် အတူ ပျောက် ကွယ်သွားခဲ့သည်။ ယနေ့ခေတ် တရုတ်နိုင်ငံသား များမှာတော့ ဆိုရှယ်လစ်သဘောတရားဖြစ်သည့် "ပစ္စည်းပိုင်ဆိုင်မှုသည် ခိုးဝှက်ခြင်းဖြစ်သည်'' (Property is theft) ဟူသော အယူအဆ ဟောင်းများ မရှိတော့ပေ။ မြို့နေနိုင်ငံသားများက ပစ္စည်းပိုင်ဆိုင်မှုအပေါ် အခွန်စည်းကြပ်ကောက် ခံရေးကို လက်ခံစဉ်းစားလာကြသည်။ မိမိတို့က နိုင်ငံတော်ကို အများအပြားပေးဆပ်ခဲ့ပြီးဖြစ်သော် လည်း နိုင်ငံတော် က ဆောင်ရွက်ပေးတာ နည်း နည်းပဲရှိသည်ဟုလည်း ခံစားနားလည်မိကြသည်။ဒေသဆိုင်ရာ အစိုးရများတွင်လည်း အလား တူမကျေမချမ်းဖြစ်မှုများ ပပျောက်သွားပြီဟု မဆိုနိုင်ပေ။ မြို့နေလူလတ်တန်းစားများမှာ ကိုယ် ပိုင်အိမ်များ ရှိနေကြသည်။ ပါတီအရာရှိများနှင့် သူတို့၏မိသားစုများ အပါအဝင် အထက်တန်းလွှာ များမှာ အိမ်နှစ်လုံး၊ သုံးလုံးမက ပိုင်ဆိုင်ထားကြ သည်။ ယင်းအပေါ် ဒေသဆိုင်ရာ အစိုးရများက ဒေါသဖြစ်မိကြသည်။ ထို့ကြောင့် ဒေသဆိုင်ရာ အစိုးရများကလည်း ကျေးလက်တောနယ်တွင် နေ ထိုင်ကြသူများကို သူတို့မြေပေါ်မှ ဖယ်ရှားခြင်းဖြင့် ဒေါသထွက်စေသည်။ ပစ္စည်းပိုင်ဆိုင်မှုအပေါ် အခွန်စည်းကြပ်ေ ရး ပြုပြင်ပြောင်းလဲမှုကို ယခု အချိန်မှာ ရဲရဲတင်းတင်းလုပ်ရတော့မည်ဖြစ်သည်။ ထိုသို့မှ မလုပ်နိုင်လျှင် ဒေသ ဆိုင်ရာအစိုးရများ တွင် ဘဏ္ဍာရေးချို့တဲ့မှုဖြစ်ကာ အကျိုးဆက် အနေဖြင့် လူမှုရေးမတည်မငြိမ်မှုများ ပိုမိုဖြစ် ပေါ်လာနိုင်သည်ဟု ဆိုပါသည်။wwwRef; The Economist.
၂၀၀၈ ခုနှစ်တွင် ဘဏ္ဍာရေးအကျပ် အတည်းကြုံခဲ့ရာမှ ပြန်လည်နာလန်ထူနိုင်ရန် ရုန်း ကန်နေရဆဲ အနောက်နိုင်ငံများက အာရှကိုကြည့် ကာ ဝန်တိုမိကြမည်မှာသဘာဝကျပါသည်။ အမေ ရိကန်တွင် အိမ်ရာဈေး ကွက်ပျက်ပြီး၊ အလုပ်လက် မဲ့ဖြစ်မှုများကို ထွေးပိုက်ထားရသည်။ ဥရောပ နိုင်ငံများမှာတော့ ကြွေးမြီပြဿနာနှင့် ရင်ဆိုင်နေ ကြရသည်။