Main menu

Background

Wednesday, 28 Jun 2017

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ ကုန်သွယ်ရေး စခန်းစုံမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၈၄ သန်း တန်ဖိုးရှိပြောင်းဖူးစေ့ ၁၇၆၀၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၂၈၆၇ တန်ကျော်၊ လွယ်ဂျယ်မှ ၃၇၄၅ တန်၊ ချင်းရွှေဟော်မှ ၉၇၆ တန်ခွဲနဲ့ ကန်ပိုက်တီမှ တန် ၂၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်းသုံးခုမှ ပြောင်းဖူးစေ့ ၂၀၁၉၄ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၅၈၅ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။  

Wednesday, 28 Jun 2017

        မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇွန် ၁၀ ရက်မှ ၁၆ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၃၂ သန်း တန်ဖိုးရှိ  ရေထွက်ကုန် ၂၂၁၁ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၃၁၇၄ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၆၃ တန်ကျော် လျော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေး စခန်း သုံးခုစလုံးမှ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုကျဆင်းခဲ့ တဲ့အတွက် ဖြစ် တယ်လို့ သိရပါတယ်။

Wednesday, 28 Jun 2017

       မြန်မာ- အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုညဒသမ ၇၀၃ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၈၇၀ ခန့်ကို တင် ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၆၅၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ၂၁၇ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ တမူး နယ်စပ်မှ ကွမ်းသီးတင်ပို့မှု  ကျဆင်းခဲ့သော် လည်း ရိဒ်နယ်စပ်မှ ကွမ်းသီးများ ပိုမိုတင်ပို့ခဲ့တဲ့အတွက် အိန္ဒိယ သို့ ကွမ်းသီး တင်ပို့မှု အားကောင်းနေတယ်လို့ သိရ ပါတယ်။

Wednesday, 28 Jun 2017

        မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေး စခန်းမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၁၉၄၀ တန်ဖိုးရှိ လက်ဖက် ခြောက် ၈၁ တန်ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၃ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၆၈ တန်ပိုမိုတင်ပို့ ခဲ့တာ တွေ့ရပါတယ်။ အလားတူ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ လည်း အမေရိကန်ဒေါ်လာ ၆၈၅၈ တန်ဖိုးရှိ လက်ဖ က်ခြောက် ၂၂ တန်တင်ပို့ခဲ့ရာ ယခင်တစ် ပတ်က တင်ပို့ခဲ့တဲ့ ၇၈ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၅၆ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။

Tuesday, 27 Jun 2017

        ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်တက် လျက်ရှိပြီး ဇွန်လဆန်းပိုင်းမှစ၍ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာတာတွေ့ရ ပါတယ်။ ဝင်ရောက်မှုအနေနဲ့ နေ့စဉ်ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်ဝင်ရောက်နေပြီး ရေနံချောင်း၊ ပခုက္ကူ၊ဆိပ်ဖြူ စသဖြင့် နယ်စုံမှ ကြက်သွန်နီများဝင်ရောက်နေတာ တွေ့ရပါတယ်။ အရောင်းအဝယ်အနေနဲ့  ဈေးနှုန်းလည်းမြင့်သလို မိုးများသည့် ကာလလည်းဖြစ်သဖြင့် အရောင်းအဝယ် မှာ မိုးနှင့်အတူ အေးနေတာတွေ့ရပါတယ်။ ဒေသတွင်းဝယ်လက်သမားများ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှု အပါအဝင် တစ်နေ့ကိုပိဿာ ၃၀ ဝင်အိတ် ၁၄၀ မှ ၁၅၀ ခ န့်သာရှိ၍ အရောင်

Tuesday, 27 Jun 2017

         ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ အမေရိကန်ဒေါ်လာ သုည  ဒသမ ၁၆၈သန်း တန်ဖိုးရှိ ကြက်သွန်နီ  ၄၄၆ တန်ကို တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၇၅၀နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၃၀၄တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၁၀၂၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၂၄ တန် တင် ပို့ခဲ့ရာ ယခင်တစ်ပတ်ကလည်း မြဝတီမှ ၂၄ တန်တင်ပို့ခဲ့ပါတယ်။ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ် လာ ၁၀၄၃၇ တန်ဖိုးရှိ ကြက်သွန်နီ ၂၈ တန်နဲ့ အမေရိကန် ဒေါ်လာ ၇၄၀၀၀ တန်ဖိုး ရှိ ကြက်သွန်ဖြူ တန် ၅၀ တင်ပို့ခဲ့

Friday, 23 Jun 2017

       မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ  ၄၇၃ သန်းတန်ဖိုးရှိ ရေထွက်ကုန်တန်ချိန် ၁၀၀၇ တန်ကျော် ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၉၆၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၁၁၇၀ ကျော်တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တန်ချိန်အား ဖြင့် တန် ၁၆၀ ကျော် ၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုညဒသမ ၄၈၉ သန်း ေ လျာ့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်က တင်ပို့မှုမရှိခဲ့တဲ့ ပုစွန်၊ငါးခြောက်၊ ငါးပူတင်းအရေခွံခြောက်တို့ တင်ပို့ခဲ့ပေမယ့် အခြားရေထွက်ပစ္စည်းများ တင်ပို့မှု လျော့နည်းခြင်းကြောင့်  တန်ချိန်ရော တန်ဖိုးပါ လျော့ နည

Friday, 23 Jun 2017

        ပြည်ကြက်သွန်ဖြူပွဲရုံများသို့ ကြက်သွန်ဖြူအိတ်တွေ အဝင်လှိုင်နေဆဲဖြစ် ကြောင်းတွေ့ရပါတယ်။  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော ကြက်သွန်ဖြူ အိတ်များကို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးမှ ကုန်သည်ပွဲစား များက အဆွဲများပြီး ဒေသတွင်း လှောင် လက်သမားများထံ ချိတ်ဆက်ရောင်းဝယ်မှုကြောင့် ဈေးကွက်အတွင်း အဝင်လှိုင်နေ ကြောင်းလည်း သိရပါတယ်။ ဝင်ရောက်လာတဲ့ ကြက်သွန်ဖြူတွေဟာ အစိုဓာတ် သိပ်မများတော့ဘဲ အရည်အသွေးသန့်တာကို တွေ့ရပါတယ်။ လှောင်လက်သမား များပါ အိတ်အဆွဲများပြီး လက်လီအရောင်းသမားများပါ ဈေးသက်သာချိန်ဖြစ်လို့ အဆွဲများ ကာ အရောင်းအဝယ်ဖြစ်နေကြောင်းသ

Friday, 23 Jun 2017

        ဇွန်လ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း ချင်း ၅၅ ဒသမ ၈ တန်ကို ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှတင်ပို့ခဲ့ပါတယ်။   ယခင် သီတင်းပတ်က တင်ပို့ခဲ့တဲ့ချင်းတန်ချိန် ၂၀၅ တန်ကျော်နဲ့ နှိုင်းယှဉ် ရင် ဒီတစ်ပတ်မှာ ချင်းတန်ချိန် ၂၀၀နီးပါးတင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။ချင်းတင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၁၁၉၉၇ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။

 

သီတာဝင်း(DOT)

Monday, 19 Jun 2017

       မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံ ဈေး ကွက်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန် ဈေးနှုန်း ဆက်တိုက်ကျဆင်း နေကြောင်း သိရပါတယ်။ ဈေးနှုန်းကျ ဆင်းသော်လည်း အရောင်းအဝယ်  ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်သို့ ဟုမ္မလင်း၊ ဖောင်းပြင်၊ မင်းကင်းမြို့နယ်များမှ ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ် မြေပဲဆန် တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ လုံးဆန်ဖြူ ကျပ် ၂၂၀၀ နဲ့ အိတ် ၈၀၀၊ လုံးဆန်နီ ကျပ် ၂၁၂၅နဲ့ အိတ်၂၅၀၊ ဆီဆန် ကျပ် ၁၉၀၀ နဲ့ အိတ် ၃၀၀ ခန့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲလုံးဆန်ဖြူကို ရန်ကုန် ဝယ်လက်က ဝယ်ယူလျက်ရှိပြီး၊ လုံး ဆန်နီကို မန္တလေးဝယ်လက်က ဝယ်ယူ ကာ ဆီဆန်ကို မုံရွာ မြို့တွင်း ဆီ စ

Pages