Background
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်တင်ဘာလတွင်းFX Market Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ရောင်းချပေးမှု သန်း ၁၀ဝ ကျော်ထိရှိလာပြီဖြစ်ကြောင်း သိရ သည်။
ရေဘေးမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ် ဆောင်ရာတွင် အထူးသဖြင့် ကျေးလက်ဒေသများရှိ ရေဘေး ဒဏ်သင့် လယ်မြေများတွင် သင့်လျော်သော သီးနှံများ ပြန် လည် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုး၊ သွင်းအားစု ငွေကြေးထောက်ပံ့မှုများအား မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာသီလဝါ အက်စ်အီးဇက် ဟိုးဒင်းလ်ပက်ဘလစ် အများနှင့်သက်ဆိုင် သော ကုမ္ပဏီလီမိတက်၏ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပခဲ့သည့် ဒသမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်အရ ဒါရိုက်တာအဖွဲ့မှ အစုရှယ်ယာရှင်များအား အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။ အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ၅၀ ကျပ်အား အစုရှယ်ယာရှင်များ သို့ ခွဲဝေပေးမည်ဖြစ်ပြီး အမြတ်ဝေစု ထုတ်ပေးမည့် နေ့ရက်အား ထပ်မံကြေညာပေး မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၆၀ဝ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းYSX) မှ သိရသည်။
အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာ အစောင် ရေ စုစုပေါင်း ၂၆၀၂၆၂ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၆၃၄ ဒသမ ဝ၆၄ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA) မှ ထုတ်ပြန် လျက်ရှိသည့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား ဈေးနှုန်းမှာ ကျပ် ၅၃ သိန်း ကျော်တွင်ရှိပြီဖြစ်ကြောင်း အဆိုပါ အသင်းမှ သိရသည်။ YGEA မှ နေ့စဉ်ရောင်းချရ မည့် ရွှေဈေးနှုန်းကို တစ်နေ့သုံးကြိမ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ရွှေရောင်းချ သည့်အခါတွင် သတ်မှတ်သည့်ဈေးနှုန်းအတိုင်း ရောင်းချပါရန် အသိပေးထားပြီး ရွှေဆိုင်များကိုလည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ပါရန် ပန်ကြားထား သည်။
တညင်းကုန်းလက်ကားဈေးအား စီမံခန့်ခွဲလုပ်ကိုင်လျက်ရှိသည့် မြန်မာအက်ဂရိုအိတ်စ်ချိန်း အများနှင့် သက်ဆိုင်သောကုမ္ပဏီ (MAEX) မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အစုရှယ်ယာအပေါ် အမြတ်ငွေ များအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့မှစတင်ကာ ထုတ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစုအား ကျပ် ၂၀ဝ ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ပြီး ကုမ္ပဏီ၏ အမြတ်ဝေစု ခွဲဝေပေးကာလတစ်လျှောက် ပမာဏအများဆုံးဖြစ်လာကာ ခွဲဝေမှုအတွက် ကျပ်သိန်းပေါင်း ၄၇၆၁၀ ထုတ်ပေးသွားရန် MAEX ဒါရိုက်တာအဖွဲ့မှ ဆုံးဖြတ်ထားကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆန်သိုလှောင်ရုံမှတ်ပုံ တင်စနစ်တွင် အသေးစား၊ အလတ်စား ဆန်ဆိုင်များအား ထည့်သွင်းနိုင်ရေး စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း ရင်းနှီးမြှုပ်နှံသူများ၊ ဈေးကစားလိုသူများ အာရုံ စိုက်ခြင်းခံခဲ့ရသည့် ရန်ကုန်အိမ် ခြံမြေဈေးကွက် ယခုနှစ် သြဂုတ်လအတွင်း အရောင်းအဝယ် အေးစက်နေကြောင်း သိရသည်။ ပြည်တွင်းအိမ်ခြံမြေဝယ်ယူမှုနှုန်းသည် ၂၀၂၂ ခုနှစ်မှစတင်ကာ ငွေပို ငွေလျှံရှိသူများ၊ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာမှုကြောင့် ဆက်တိုက် မြင့်တက်လာခဲ့သော်လည်း ၂၀၂၄ ခုနှစ်အတွင်း အရောင်းအဝယ် တုံ့ဆိုင်း နေခြင်းဖြစ်သည်။ "ရန်ကုန် အိမ်ခြံမြေကတော့ လောလောဆယ် အရောင်းအဝယ်က အေးနေတယ်။ မြေကွက်ဈေးတွေက မြင့်တက်တော့ ဝယ်လိုအားက သိပ်မရှိ ဘူး။ အရောင်းအဝယ်ဖြစ်ရင်လည်း တိုက်ခန်းတွေလောက်ပဲ ဖြစ်တယ်။ရောင်းသူတွေကလည်း နဂိုတက်
၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ လယ်ယာသုံး စက်ကိရိယာ ဝယ်ယူလိုသည့် တောင်သူများအတွက် ှုဲဃဗ ွှတသ - ှအနစ ူသညေ ဖြင့် ငွေကျပ် ၃၀ ဘီလီယံကျော် ထုတ်ချေးပေးရန် လျာထားကြောင်း သိရ သည်။
]]ထုတ်ချေးတဲ့အခါ တောင်သူတွေကို ငွေပေးလိုက်မှာ မျိုးမဟုတ်ဘဲ သူတို့ဝယ်ယူလိုတဲ့ လယ်ယာသုံး စက်ကိရိယာ ရောင်းချတဲ့ ကုမ္ပဏီကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ငွေပေးချေပေးမှာဖြစ်ပါတယ်}}ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Asia Pacific Business Group Publicကုမ္ပဏီလီမိတက်မှ ရန်ကုန်စတော့အိတ်ချိန်း၏ Pre Listing Board(PLB))တွင် မှတ်ပုံ တင်ဝင်ရောက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။