Main menu

Background

Monday, 16 Mar 2020

       ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ၂ ဒဿမ ၃၉၀ ဒေါ်လာသန်းတန်ဖိုးရှိ ဆန်တန်ချိန်၈၀ဝ၀ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၇၃၀ဝ နီးပါး၊ ချင်းရွှေဟော် ကုန်သွယ် ရေးစခန်းမှ ဆန်တန်ချိန် ၃၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၅၀ဝ ခန့် တင်ပို့နိုင်ခဲ့ပြီး  ယခင်တစ်ပတ် တင်ပို့ မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ သည်။

Monday, 16 Mar 2020

         မွန်ပြည်နယ် မော်လမြိုင်မြို့  Royal Hinthar Hotel ၌ အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ရေးဆွဲရာတွင်  အထောက်အကူပြုနိုင်ရန် အတွက် ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (National Export Strategy-NES 2020-2025Regional Consultation)  ကို မတ် ၆ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်း ဝန် ဦးအောင်စိုး၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့မှ    ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်း နှင့် တာဝန်ရှိသူများ၊ ဒေသခံ  အစိုးရဌာန အဖွဲ့ အစည်းများမှ အရာရှိကြီးများ၊ မွန်ပြည်နယ် ကုန် သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း မှ

Monday, 16 Mar 2020

        Re-export စနစ်ဖြင့် သကြားများတင်သွင်း/တင်ပို့မှု နှင့်ပတ်သက်၍ ၃၀-၁၂-၂၀၁၉ ရက်တွင်   ပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ (၂၉/၂၀၁၉)ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက် စာပိုဒ်၁၂၄ (ခ)၊ (၅)နှင့် (၆) ဆုံးဖြတ်ချက်အရ Re-export စနစ်ဖြင့် သကြားများ တင်သွင်း/တင်ပို့မှုအား  စာရင်းရှင်းလင်းပြီးဖြစ်ပါသဖြင့် ပြည်တွင်း၌ သကြား လက်ကျန်မရှိ တော့ကြောင်း ကြေညာအပ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်  သကြား Re-export စနစ် ဖြင့် ဆောင်ရွက်ခွင့်အား  ပြန်လည်ခွင့်ပြုခဲ့သည့် ၁-၆-၂၀၁၈ ရက်မှ ၁၆-၈-၂၀၁၈ ရက်အတွင်း ကုမ္ပဏီ ၄၀၁ ခုသို့ သွင်းကုန်လိုင်စင်  ၅၆၈ စောင်

Monday, 16 Mar 2020

       အသေးစားအလတ်စားလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ABC Convience Store ဆိုင်များကို ပြည်တွင်း၌ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းမှာ ပြည်တွင်းရှိ  အသေးစား၊ အလတ်စား လုပ်ငန်းအတွက် လုပ်ငန်းများအဆင်ပြေစေရန်၊ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

Monday, 16 Mar 2020

      တရုတ်နိုင်ငံအတွင်း စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်လွှားဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်း ရပ်စ်  (COVID-19) ကြောင့် ကမ္ဘာ့စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများပေါ်တွင်  ရိုက်ခတ် မှုများဖြစ်ပေါ်နေသကဲ့သို့   မြန်မာနိုင်ငံ၏ လက်ခစား (CMP)    လုပ်ငန်းများပေါ်တွင် ကုန်ကြမ်းရရှိမှုအပါအဝင် အခြားရိုက်ခတ်မှု များဖြစ်ပေါ်နေမှုအပေါ်  ဖြေရှင်းကျော်လွှား နိုင်ရေး အစိုးရနှင့်ပုဂ္ဂလိကဏ္ဍလုပ်ငန်းရှင်များ တွေ့ဆုံ၍  ညှိနှိုင်းအဖြေရှာဆောင်ရွက်နိုင်ရန်နှင့်   မြန်မာနိုင်ငံ   Ease of Doing Business Ranking တိုးတက်ရေး   ဆောင်ရွက်ရာတွင် Indicator ၁၀ ခုအနက်  Trading Across Borders Indicator အတွက် ယခုနှစ် ကမ္ဘာ့

Monday, 16 Mar 2020

       တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဝူဟန် ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ပင်ထားခဲ့ရာမှ ယခုအချိန်တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ရေထွက်ကုန်ပစ္စည်းများ ပြန်လည်တင်ပို့ရောင်းချမှုများ စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများကို ရေကြောင်းကုန်သွယ်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လေကြောင်းကုန်သွယ်ရေး စသည့် နည်းလမ်းသုံးမျိုးဖြင့် တင်ပို့ရောင်းချရာတွင် ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းမက်ထရစ် တန် စုစုပေါင်း ၁၃၇၂၅၉ ဒသမ ၅၇၂ တန်တင်ပို့နိုင်ခဲ့ပြီ ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၅ သန်း ရရှိ

Wednesday, 4 Mar 2020

       ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ ၌ ကုန်ကြမ်းပြတ် လပ်မှုများဖြစ်ပေါ်နေသည့်အတွက် အခက်အခဲများ ကြုံ တွေ့နေရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ အထည်ချုပ်လုပ်ငန်းရှင်များ၏ လက်ရှိအခြေအနေ နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲအရ ပြည်တွင်း အထည်ချုပ်လုပ် ငန်းများ၌ ကုန်ကြမ်းရရှိမှု ခက်ခဲနေသည့်အတွက် လုပ်သား အင်အားလျှော့ချခြင်း သို့မဟုတ် လစာမဲ့ ပိတ်ရက်ရှည်ပေး ခြင်း စသည့် အခြေအနေမျိုးများ လုပ်ဆောင်လာနိုင်ဖွယ် ရှိ ကြောင်း သိရသည်။

Wednesday, 4 Mar 2020

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသန်းမြင့်ဦး ဦးဆောင်၍ ပြည်ပငါးနိုင်ငံသို့ သွားရောက် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူး ငါးဦးနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ထူထောင်ထားသည့် Global Earth Agro & Aqua Public Co;Ltd  မှ ဦးစီးဆောင်ရွက်နေသော Ayeyarwady Integrade Food Industry Complex စီမံကိန်းသို့   မြန်မာနိုင်ငံ ကုန် သွယ်မှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် သွား ရောက်လေ့လာခဲ့ကြသည်။ အဆိုပါစီမံကိန်းသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ဝါးခယ်မ-ရွှေလောင်း  လမ်းမကြ

Friday, 21 Feb 2020

      ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ  စာရင်းဝင်ကုမ္ပဏီများနှင့်  အစုရှယ်ယာရှင် ၁၀ဝ နှင့်အထက်ရှိသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ လိုက်နာရန် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု အမိန့်ကြော်ငြာစာကို ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်းသိရသည်။ ယင်း အမိန့်ကြော်ငြာစာအရ မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု နှင့် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ တိုးမြှင့်လာနိုင် မည်ဖြစ်ကာ အကြံပေးကော်မတီအနေဖြင့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှု တိုးတက်ရန် ဆက်လက်ကြိုးပမ်း ဆောင် ရွက်မည်ဖြစ်ကြောင်း ခေတ္တအကြံပေး ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုန

Friday, 21 Feb 2020

      ဖေဖော်ဝါရီလ ပထမပတ်တွင်  အနည်းငယ်ကျဆင်းခဲ့သည့် ရွှေဈေးနှုန်းမှာ ယခုအခါ အနည်းငယ်လှုပ်ခတ်လာပြီဖြစ်သည်။ ဈေးအနည်းငယ် လှုပ်ခတ်သည် ဆိုရာတွင် ပြီးခဲ့သည့်အပတ်နှင့် ယှဉ်ပါက အနည်းငယ်မြင့်လာသယောင်  ရှိသော်လည်း  ယခုတစ်ပတ်အတွင်း ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။ "ရွှေဈေးကတော့ ဒီရက်ပိုင်းထဲပြန်ကျသွားတယ်။ ပြီးခဲ့တဲ့တစ်ပတ်ထက်တော့ မဆိုသလောက်လေး တက်လာတယ်။ အရောင်းအဝယ်ကလည်း ပုံမှန်လိုပဲဖြစ်နေတယ်။ ဈေးအတက်အကျ  ရှိနေပေမယ့် ၁၂ သိန်းအောက်တော့ မဆင်းသေးဘူး။ ထပ်ကျမယ့် အလားအလာရှိသေးတယ်လို့လည်း သုံးသပ်ကြတယ်။ ပြီးခဲ့တဲ့နှစ်ကုန် ခါနီးလို ၁၁ သိန်းကျော်နဲ့ကျမလား၊ ၁၂ သိန်းပတ်ချာလည်မှာ  အတက်အကျဖြစ် မလားကတော့ စောင့်ကြည့်ရမ

Pages