Main menu

Background

Friday, 6 Sep 2019

      ဝဥသည် စိုက်ပျိုးရလွယ်ကူသည့် သီးနှံတစ်မျိုးဖြစ်ပြီး တစ်နှစ်မြေရိုင်း ရှင်းပြီးလျှင် နောက်နှစ်များတွင် တောခုတ်ရှင်းလင်းစရိတ်များ သက်သာ ကာ ၎င်းင်းမြေကို နှစ်စဉ်အသုံးပြုစိုက်ပျိုးနိုင်သည်။ လက်ရှိအချိန်တွင် တစ် ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်ကိုးသိန်းခန့်ရှိ၍ ဝင်ငွေမှာ ၁၉ သိန်းရှိရာ တစ်ဧကစိုက်လျှင် ကျပ် ၁၀ သိန်းခန့်အမြတ်ရရှိနိုင်သဖြင့် တောင်သူများ အနေဖြင့် တွက်ခြေကိုက်သည့် သီးနှံအမယ်သစ်တစ်ခုအဖြစ် စိုက်ပျိုးလာ ကြသည်။

Thursday, 5 Sep 2019

      ယခုနှစ် ဇွန်နှင့် ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာတစ်ဘီလီယံကျော် ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ ဇွန်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၆၀ ဒသမ ၃၂၈ သန်းကို ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၃၀၈၅ ခုကို ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရသည်။ ဇွန်လအတွင်း ခွင့်ပြုပေးခဲ့သော လုပ်ငန်းများမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာ အဆောက်အအုံတည်ဆောက်ဖွံ့ဖ

Thursday, 5 Sep 2019

     ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလားအလာ ရှိ သော အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်း (MSME) လုပ်ငန်းရှင် ၁၀၀ ကို ချေးငွေများ ထပ်မံထုတ်ပေး သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။ သြဂုတ် ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီရုံး၌ ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲ တွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းရှင် ၁၀၀ ကို ရွေးထုတ်၍ ချေးငွေများ ထုတ်ချေးရာတွင် ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် အိမ်တွင်းလက်မှုလုပ်ငန်းများကို ဦးစားပေး ထုတ်ချေးရန် စီစဉ်နေသည်ဟု ဆိုသည်။ “ဦးစားပေးလုပ်ငန်

Tuesday, 3 Sep 2019

     နိုင်ငံတကာစံနှုန်းနည်းတူ ပရီမီ ယမ် ဝန်ဆောင်မှုပေးသည့် ခရီးသည် နားနေဆောင်သစ်ကို သြဂုတ် ၂၀ ရက် တွင် ရန်ကုန်လေဆိပ်၌ စတင် ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ  နားနေဆောင်သစ်ကို ပြည် တွင်း၊ ပြည်ပခရီးသည်များ လေ ယာဉ်ဆိုက်ရောက်ချိန်၊ ထွက်ခွာချိန်များ တွင် နိုင်ငံတကာစံနှုန်းအတိုင်း အပြည့် အ၀ ဝန်ဆောင်မှုပေးနိုင်စေရန် ရည်ရွယ် ခြင်းဖြစ်ပြီး  လေဆိပ်  Terminal 1  ၌  Mingalar Sky Premium Lounge ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Mingalar Sky Premium Lounge  ဝန်ဆောင်မှုအနေဖြင့် အစား အသောက်၊ ရေချိုးခန်းတွဲလျက် နားနေခန်းအပြင် ခရီးသည်များ လွတ်လွတ် လပ်လပ်သွားလာနိုင်ရန်အတွက် ချက် ပြုတ် စား

Tuesday, 3 Sep 2019

     မြန်မာနိုင်ငံ၏ GDP  သည် ၂၀ဝ၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ဘီလီယံမှ ၂၀၁၈ ခုနှစ်တွင်အမေရိကန် ဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်လာကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ ဩဂုတ် ၂၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ် သော “Myanmar- Japan- US Forum Fostering Responsible Investment Forum” တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Monday, 2 Sep 2019

        ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ (YCDC) က လက်ရှိလုပ် ကိုင်လျက်ရှိသည့် ရန်ကုန်မြို့ ရေပေးေ၀ သည့် လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောသည်။ သြဂုတ် ၁၉ ရက်က မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေဖြန့်ဖြူးမှုလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းကို မြို့နယ်၊ ရပ်ကွက် အလိုက် စမ်းသပ်ဆောင်ရွက် မည်ဖြစ်ပြီး ရေအလေအလွင့် လည်း နည်းပါးသွားနိုင်ကြောင်း ရန်ကုန် မြို့တော်ဝန်က ပြောသည်။ "အစိုးရဝန်ထမ်း မလုံမလောက် နဲ့ ထိန်းနေရင် အစိုးရ ဝန်ထမ်းနဲ့ ရေ မသမာမှ

Monday, 2 Sep 2019

       မြန်မာ့ပင်လယ်ပြင်တွင် ငါး သယံဇာတ  ထိန်းသိမ်းရေး အစီအစဉ် အရ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ငါးမဖမ်းရရာသီ သတ်မှတ် ၍ ပိတ်ပင်တားဆီးမှုများ ဆောင်ရွက်ခဲ့ သည်။ ယခင်နှစ်များက ငါးဖမ်း ရာသီ ပိတ်ပင်မှု ဆောင်ရွက်ထားစဉ်ကာလအတွင်း ပြည်သူများ၏ ငါးရိက္ခာစားသုံး မှုအပေါ်ထိခိုက်မှု မရှိစေရေး၊ ငါးဖမ်း လုပ်သားများ၊ ငါးတင်၊ ငါးချဆိပ်ခံ တံတားလုပ်သားများ၊ အအေးခန်းစက်ရုံ လုပ်သားများ၊ ဝယ်ရောင်း လုပ်ငန်း လုပ်ကိုင်သူများ၊ ပြည်ပတင်ပို့မှုလုပ်ငန်းများတွင်  အခက်အခဲများဖြစ်ပေါ်မှု မရှိစေရေးအတွက် ငါးဖမ်းရေယာဉ်အချို့ကို ရာခိုင်နှုန်း သတ်မှတ်ချက်ဖြင့် ဖြေလျှော့ ဖမ်းဆီးခွင့်ပေးခဲ့သော်လည်း ယခုနှစ်မှ စတင်၍  ငါ

Thursday, 22 Aug 2019

      လူသားတို့အတွက် စားနပ်ရိက္ခာဖူလုံရေး ကြိုးပမ်းရင်းပင် စား သုံး၍ရသော သီးနှံပင်များလည်း တဖြည်းဖြည်းထွန်းကားလာခဲ့ပါ တယ်။ သီးနှံသစ်ပင်များနှင့်အတူ ပြိုင်တူမွေးဖွားပေါ်ပေါက်လာသော ဖွားဖက်တော်များမှာ သီးနှံသစ်ပင်များကို ၎င်းတို့၏ အစာအဖြစ် စားသောက်ကြသော ပိုးမွှားမျိုးစုံတို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် သီးနှံ သစ်ပင်တို့ကို ဖျက်ဆီးစားသောက်သော ပိုးမွှားမျိုးစိတ်ပေါင်း  ၁၀၀၀ ကျော်ရှိပါတယ်ဟု ဆိုပါတယ်။ မြန်မာနိုင်ငံ မှာတော့ သီးနှံသစ်ပင် များကို ဖျက်ဆီးစားသောက်သော ပိုးမွှားမျိုးစိတ်ပေါင်း ၁၀၀ ကျော် ရှိတယ်လို့ဆိုပါတယ်။ ကမ္ဘာတွင် ပိုးမွှားများဖျက်ဆီးစားသောက်မှု ကြောင့် သီးနှံများပျက်စီးဆုံးရှုံးရခြင်းဟာ (

Thursday, 22 Aug 2019

     မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင် ဖြစ်သော အပြည်ပြည်ဆိုင်ရာငွေကြေး အဖွဲ့အစည်း (IFC) တို့မှ လာမည့်နှစ် အနည်းငယ်အတွင်း ဘဏ်၏ လုပ်ကိုင် ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် နိုင်စေရေးအတွက် အကြံပေးအတိုင် ပင်ခံ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သြဂုတ် ၁၄ ရက်တွင်  နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ် ရေးထိုးကြသည်။ ဤသဘောတူညီချက်၌ မြန်မာ နိုင်ငံသားများဘဏ်၏   လုပ်ငန်းရည် ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြု၍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား ပြီးမြောက်စေရန်အတွက် IFC သည်  မြန်မာနိုင်ငံသားများဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။  

Pages