Main menu

Background

Tuesday, 6 Dec 2016

         ယခုတစ်ပတ်ရန်ကုန်မြို့ ဝါးတန်းကုန်စည် ဒိုင်ရဲ့ ဆန်ဈေးကွက်မှာ ဆန်ဟောင်းဈေးငြိမ်ပြီး ဆန်ကြမ်းသစ် (ရှယ်) ဈေးတက်လာတာတွေ့ရပါ တယ်။ ဆန်ချောပေါ်ဆန်းဆန်ဖျာပုံ ထိပ်စ တစ် အိတ်ကျပ် ၃၆၀ဝ၀ နဲ့ လတ်စ  တစ်အိတ် ကျပ်၃၃၀ဝဝ၊ ပုသိမ်/ မြောင်းမြ ထိပ်စတစ်အိတ် ကျပ်၃၆၅၀ဝနဲ့ လတ်စတစ်အိတ် ကျပ် ၃၃၀ဝဝ၊ နယ်စုံ ကျိုက်လတ်ထိပ်စ   တစ်အိတ်  ကျပ် ၃၂၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၂၉၀ဝဝ၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၄၃၀ဝ၀ မှ ကျပ် ၄၅၅၀ဝ နဲ့ ဆန်ချောဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ပုံမှန်ရှိနေကြောင်းသိရှိရပါတယ်။

Tuesday, 6 Dec 2016

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပို့ကုန်သွင်းကုန်လိုင်စင် များအား ဈေးနှု န်း စိစစ်ခြင်း မပြုတော့ဘဲ ကုမ္ပဏီများ က တင်ပြလာသည့်  Invoice နှင့် Sale Contract  ပါ ဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန်သွင်းကုန် လိုင်စင်များကို ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်သည့်အမိန့်ကြော်ငြာ စာအမှတ်(၇၄/၂၀၁၆)တွင် ဖော်ပြထားသည်။

Friday, 2 Dec 2016

        သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ပင်လယ်ရေ ကြောင်းလမ်းမှ ကန်ဒေါ်လာ၁၅၉၂၂၆၂၂ တန်ဖိုးရှိ ဒီဇယ်၂၂၈၆၅ ဒသမ ၂၃၂တန် နဲ့ ကန်ဒေါ်လာ  ၁၈၇၆၃၃၀၄ တန်ဖိုးရှိ ဓာတ်ဆီ ၁၉၅၁၂ ဒသမ ၇၈၇ တန် ကိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ (95) က ၂ ဒသမ ၆၄ တန်သာ ဝင်ခဲ့ပြီး (92) က ၁၉၅၁၀ ဒသမ ၁၄၇ တန်  ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်က ဓာတ်ဆီ၊ ဒီဇယ် အဝင်မရှိပဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Friday, 2 Dec 2016

         မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ တတိယပတ် ပဲဈေးကွက် မှာ မနှစ်က ဆောင်းပဲတွေ  ဒိုင်မှာ လက်ကျန်နည်းလာသလို ဝယ်လိုအားကောင်းတဲ့ဒေသသုံး ပဲတွေဖြစ်ကြတဲ့ ပဲနီလုံး ကြား၊ ပဲပုပ်စေ့နဲ့ ကုလားပဲမျိုးစုံတို့ ဈေးတက် ခဲ့တာ တွေ့ရပါ တယ်။ ကုလားပဲဈေးကွက်မှာ ဒေသတွင်းလုပ်ငန်းသမားတွေ ဖြစ်ကြတဲ့ အမှုန့်ကြိတ်စက်၊ ပဲခွဲစက်နဲ့   ကြာဆန်စက်သမားတို့ ပုံမှန်ဝယ်လို အားရှိတာကြောင့် V2 တစ်တင်း ကျပ် ၄၇၀၀၀၊ ထိုင်ဝမ်တစ်တင်းကျပ် ၄၆၀၀၀ နဲ့ 929 တစ်တင်း ကျပ်၄၅၃၀၀ အသီးသီး အမြင့်ဈေးပေါက်ခဲ့ပြီး လက်ကျန်ရှိတဲ့  V2 နဲ့ 929 တစ်ရက်အိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ဒေသတွင်း လက်လီအသုံးများပြီး  ပဲလက်ကျန် နည်း လာတဲ့ ပဲနီလု

Thursday, 1 Dec 2016

     မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာ့လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (CESD) တို့ ပူးပေါင်းကျင်းပသည့် ရော်ဘာ ကဏ္ဍ ပြန်လည်ထူထောင်ရေးသို့ သက်ဆိုင်သူများပေါင်းစုံ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးပညာရှင် ဒေါက်တာ စိန်လှဗိုလ်နှင့် မလေးရှားနိုင်ငံမှ ဒေါက်တာလယ်ရီဝန်၊ ထိုင်း နိုင်ငံမှ ဒေါက်တာဗီရို နာရောင်တို့ ပါဝင်သည့် ပညာရှင်များက ရော်ဘာကဏ္ဍ ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံ တကာ အတွေ့အကြုံများကို နှီးနှောဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာ နိုင်ငံ ရော်ဘာဥပဒေမူကြမ်းနှင့် ပတ

Thursday, 10 Nov 2016

         ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ ပါ လိုက်ပါမြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက် သတ္တပတ် အတွင်းကတည်းက မြင့်တက်ခဲ့သည့် ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်ဆက်လက် မြင့်တက်လာခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ပြီးခဲ့သည့်ရက်သတ္တပတ်က တစ်ေ အာင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၉၈ ကျပ်အထိ မြင့်တက်ခဲ့ပြီး ပြန်လည်ကျဆင်းခဲ့သည်။

Thursday, 10 Nov 2016

         ယခုတစ်ပတ်အတွင်းတွင် ပြည်တွင်း ငွေလဲနှုန်းများ ပြန်လည်ကျဆင်းခဲ့သော်လည်း ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်းမှာ ကျဆင်းသွားခြင်းမရှိကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။ ယခင်တစ်ပတ်ကဈေးကွက် အတွင်း အဝယ် လိုက်နေမှုများကြောင့် ဈေးများ ဆက်လက်မြင့်တက်ခဲ့သော်လည်း ယခုတစ်ပတ်တွင်မူ အဝယ်နည်းသွား သဖြ င့် ဈေးကျဆင်းသွားခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။

Thursday, 10 Nov 2016

         ရှမ်းချင်းကတော့ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ အလှူမင်္ဂလာပွဲ တွေလည်းရှိလာတာကြောင့် ဧည့်ခံရန် အတွက် ထိုးချင်းသမား များက ဝယ်ယူ နေသဖြင့် အရောင်းအဝယ်ဖြစ် လာ ကြောင်းသိပါတယ်။ ချင်းသစ်များပေါ်လာတော့မှာဖြစ်တာကြောင့် အရောင်း အဝယ်အေးနေပါက ချင်းလက်ကျန် ပိုမို များပြား လာမှာဖြစ်၍ ပွဲရုံများ၊ခြံရှင်များမှလည်း အရောင်းအဝယ် ဖြစ်ချင်နေတယ်လို့ သိရပါတယ်။ ပြည် တွင်း ဝယ်လက်များသာ အဝယ်ရှိနေသေးလို့ များများစားစားဖြုန်းအား မရှိသေးသ လို ပြည်ပဝယ်လက်များအနေနဲ့လည်း မေးမြန်းမှုသာရှိပြီး လက်ငင်းဝယ်ယူမှု မရှိသေးဘူးလို့လည်း သိရပါတယ်။ အောင်ပန်းဈေးကွက်မှာရှိတဲ့ ချင်း(စို)က တစ်ပိဿာ ကျပ

Wednesday, 9 Nov 2016

မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆၈သန်း တန်ဖိုးရှိ ဖရဲသီး ၈၄၂၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန် ၈၄၀၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ၂၉တန် ပိုမို တင်ပို့ခဲ့တာ တွေ့ရပါတယ်။''ဖရဲသီးဈေးတွေ ကျနေရတဲ့ အကြောင်းရင်းမှာ ရောင်းလိုအားက ဝယ်လိုအားထက် ပိုများနေတာရယ်၊ အရည်အသွေး ပိုင်း လိုအပ်ချက်ရှိနေတာရယ်၊ တရုတ်ပြည်ဘက်မှာ ဖရဲတွေ လှိုင်လှိုင်ပေါ်နေတာရယ်ကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖရဲသီးစိုက်ဒေသတွေထဲက ငါးဆူတောင်၊ သာယာ ကုန်း၊ ချောင်းဦး၊ မုံရွာ၊ ကျောက်ဆည်ဘက်က အသီးတွေ ဝင်နေသလို ရှမ်းပြည်နယ်မှာစိုက်တဲ့ အသီးတွ

Wednesday, 9 Nov 2016

ဖျာပုံမြို့မှာ ဆန်စပါးလုပ်ငန်းနဲ့ ရေထွက်ကုန်  လုပ်ငန်းများကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ်  အသက်မွေး ရပ်တည်ကြပြီး ရေထွက်ကုန်ပစ္စည်းများ အနက် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) ထုတ်လုပ်တဲ့   အသင့် စားငါး နှပ်ခြောက်ကင် လုပ်ငန်းဟာ အခုလိုပွင့် လင်းရာသီချိန်တွင် မှာယူသူများပြား လာသဖြင့်   လုပ်ငန်းလုပ်ကိုင်သူများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာခဲ့ကြရ ကြောင်း သိရပါတယ်။

Pages