Main menu

Background

Tuesday, 16 Aug 2016

     သြဂုတ်လ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းအသစ်များ ဆက်လက်ဝင်ရောက်လျက်ရှိရာ တစ် ရက်လျှင်အိတ် ၄၀၀ ကျော်အထိ ပဲအဝင် များလာခဲ့တာကို တွေ့ရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင် ကျီးသဲ၊ မင်း တုန်း၊ ကံမမြို့နယ်များမှ နယ်စုံသလောက် ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်း ဒေသများက အဝင်ရှိသလောက် ဝယ်ယူနေတဲ့ အတွက် အရောင်းအဝယ် သွက်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပဲဈေးနှုန်းကတော့ ပဲပေါ်စ အ ဖွင့်ဈေးထက် ဈေး အနည်းငယ်လျော့သွားခဲ့တာကြောင့် တစ်တင်းကျပ် ၂၃၅၀၀ ဖြင့်သာ အရောင်းအဝယ်ဖြစ်နေခဲ့ကြပါတယ်။ ပြည်ပဝယ်လို အားရှိသော မတ်ပဲ၊ ပဲစင်းငုံ သီးနှံများနဲ့  နှိုင်းယှဉ်လျှင်လည်း ပဲတီစိမ်း ဈေးအေးနေေ ကြာ င်း လေ့ လာသိရှိရပါ

Tuesday, 16 Aug 2016

   သြဂုတ်လ ပထမပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၄၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၂၄၆ တန် တင်ပို့ခဲ့ပါ တယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၄၅၈၅ တန်နဲ့ ဧည့်မထ ဆန် တန် ၁၂၀၀ ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစန်းမှ ငစိန်ဆန် ၁၅၄ တန်ကျော် နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၀၃၀၇ တန် တင်ပို့ခဲ့ပါတယ်။ ဇူလိုင်နောက်ဆုံးပတ်က တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၂၉၁၅ တန် ပိုမိုတင် ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ ဆန်သာမက ဆန်ကွဲပါ ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။

Tuesday, 16 Aug 2016

    ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း တွင် ဖြစ်ပေါ်နေသည့်  ရေဘေးအတွက် အဆိုပါဒေသရှိ မြို့နယ်အသီးသီးမှ ဆန် ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များက ဆန်အိတ် စုစုပေါင်း ငါးသောင်းကို ရောင်း ချပေးမည်ဖြစ်ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး (အနောက်)ရှိ ပြည်၊ ပန်းတောင်း၊ ရွှေတောင်၊ နတ် တလင်း၊ မိုးညို၊ လက်ပံတန်း၊ သာယာဝတီ မြို့များမှ ရေကြီးနစ်မြုပ်ဒေသများသို့ သွားရောက် လှူဒါန်းလိုသည့် မည်သည့်အလှူရှင်များမဆို နီးစပ် ရာမြို့နယ်များတွင် ဆန်အလွယ်တကူ ဝယ်ယူရရှိ နိုင်ရန်နှင့် ဆန်ဈေးနှုန်း တည်ငြိမ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်း(အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်ကြီးများအသင်းမှ  စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်က

Tuesday, 16 Aug 2016

      ရန်ကုန် ဝါးတန်းဆန်ဈေးကွက်မှာ ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကို ကျပ် ၃၅၀၀ ခန့်ဈေးတက် ပြီးကျန်တဲ့နယ်စုံပေါ်ဆန်းဖြစ်တဲ့  ဖျာပုံ၊ ပုသိမ်၊  ကျိုက်လတ် ကတော့ တစ်အိတ်ကိုကျပ် ၅၀၀ ခန့်စီ  ဈေးတက်ေ ကြာင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။ ယခုတစ်ပတ်မှာ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကို ကျပ် ၃၆၀၀၀ နဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၃၅၀၀၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ဆန်ထိပ်စတစ်အိတ်ကျပ် ၃၇၅၀၀နဲ့ လတ်စ တစ်အိတ်ကို ကျပ် ၃၄၅၀၀၊ နယ်စုံ(ကျိုက်လတ်) ထိပ်စတစ် အိတ်ကိုကျပ် ၃၅၅၀၀ နဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၃၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ် ဈေးထက်တစ်အိတ်ကိုကျပ် ၅၀၀ ခန့်စီ ဈေးတက်လာပါတယ်။

Monday, 15 Aug 2016

       ကသာခရိုင်အင်းတော်မြို့နယ်မှ  တောင်သူများအနေ ဖြင့် ၎င်းင်းတို့အကျိုးအမြတ်ရရှိတဲ့ ဆင်း-၃ စပါး မျိုးကောင်းမျိုး သန့်များကို ပြောင်းလဲစိုက်ပျိုးနေပြီဖြစ်ပါတယ်။ အင်းတော်မြို့နယ်မှာရှိတဲ့ မိုးစပါးစိုက် ဧကများအနက် ၅၀ ရာခိုင်နှုန်းကျော်က ဆင်း-၃ စပါးများကို စိုက်ပျိုးကြပါတယ်။ ဆင်း-၃ ဆန်ကို ဗန်းမော်မှတစ်ဆင့်  တရုတ်ပြည်သို့ တင်ပို့ ရောင်းချနေတဲ့အတွက် ဈေးကွက်ခိုင်မာမှုရှိတာကြောင့် တောင်သူတွေအများအပြား စိုက်ပျိုးနေကြတာဖြစ်ပါ တယ်။

Monday, 15 Aug 2016

ယခင်တစ်ပတ်မှအဆက်
Re-export   နဲ့ဘယ်လိုကုန်သွယ်ကြမလဲ

Friday, 12 Aug 2016

      ယခု ရက်သတ္တပတ် သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ မိုးရွာသွန်းမှုများပြားလာမှု နှင့်အတူ အရောင်းအဝယ်များနည်းပါးသွားကာ  ဈေးကွက် အေးသွားကြောင်း သိရသည်။ ဇူလိုင်နောက်ဆုံး ပတ်က သတ်မှတ်ခဲ့သော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏  ထုတ်ပြန်ကြေညာချက် ကြောင့်  လိုက်ထရပ်ကုန်တင်ယာဉ်အုပ်စု အကျပ်အတည်း တွေ့သွားပြီး စလစ်ဈေးတန်း တစ်ဟုန်ထိုးတက်ကာ သိန်း ၁၀၀ အ ထက် ၁၀၃ သိန်းမှ ၁၀၅ သိန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။

Thursday, 11 Aug 2016

     စစ်ကိုင်းတိုင်းဒေသကြီး၊   စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာမှ တောင်သူများဟာ ထန်းလျှော် တောင်းလုပ်ငန်းဖြင့် အပိုဝင်ငွေများရရှိနေကြောင်း သိရပါတယ်။ တလိုင်းကျွန်းကျေးရွာပတ်ဝန်းကျင်မှာ ထန်းပင်များ အများ အပြားရှိတဲ့အတွက် ကုန်ကြမ်းကိုလိုသလောက် ရရှိနေပါတယ်။ ထန်းလက်အတိုအရှည်ပေါ် မူတည်ကာ ထန်းလက်အချောင်းအစီး ၁၀၀ တစ်စီးလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၄၅၀၀ အထိဝယ်ယူရပါတယ်။ ဝယ်ယူထားတဲ့ ထန်းလ က်တွေ ကို ကျောဘက်နဲ့ ဗိုက် ဘက်မှ လျှော်ချရပါတယ်။ လျှော်ချခအဖြစ် ထန်းလက် အစီး ၁၀၀ လျှင် ကျပ်နှစ်ထောင်ပေးရပါတယ်။

Thursday, 11 Aug 2016

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ ဇူလိုင်နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၁၆၆ တန်ကျော် တင်ပို့နိုင် ခဲ့ ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၀၃၉၀ တန်၊ လွယ်ဂျယ်မှ ၇၇၉ တန်ကျော်၊ ချင်းရွှေ ဟော်မှ ၁၈၆၂ တန်ခွဲနဲ့ ကန်ပိုက်တီးမှ ၁၃၅ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ကန်ပိုက်တီးကုန်သွယ်ရေးမှ ပြောင်းတင်ပို့မှု မရှိခဲ့ဘဲ ကျန်စခန်းသုံးခုမှသာ ၇၄၀၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တရုတ်နယ်စပ်စခန်းများမှ ပြောင်း တန်ချိန်လေးသောင်းခွဲကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 11 Aug 2016

  မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေး စခန်းမှာ  ၂၀၁၆ ခုနှစ် ဇူလိုင်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၄၇၅ သန်း၊  သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၀၀၅ သန်း၊  ကုန်သွယ်မှု ပမာဏ အမေရိ ကန်ဒေါ်လာ သုညဒသမ ၄၈၀ သန်း  ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ဇူလိုင်အတွက် ကုန်သွယ်မှု  လျာထားချက်မှာ အမေရိကန်ဒေါ်လာ  သုညဒသမ ၆၀၀ သန်းဖြစ်၍ လျာထား ချက်အပေါ်   ၈၀ရာခိုင်နှုန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

Pages