Background
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း တွင် ဖြစ်ပေါ်နေသည့် ရေဘေးအတွက် အဆိုပါဒေသရှိ မြို့နယ်အသီးသီးမှ ဆန် ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များက ဆန်အိတ် စုစုပေါင်း ငါးသောင်းကို ရောင်း ချပေးမည်ဖြစ်ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး (အနောက်)ရှိ ပြည်၊ ပန်းတောင်း၊ ရွှေတောင်၊ နတ် တလင်း၊ မိုးညို၊ လက်ပံတန်း၊ သာယာဝတီ မြို့များမှ ရေကြီးနစ်မြုပ်ဒေသများသို့ သွားရောက် လှူဒါန်းလိုသည့် မည်သည့်အလှူရှင်များမဆို နီးစပ် ရာမြို့နယ်များတွင် ဆန်အလွယ်တကူ ဝယ်ယူရရှိ နိုင်ရန်နှင့် ဆန်ဈေးနှုန်း တည်ငြိမ်စေရန်ရည်ရွယ်၍ ပဲခူးတိုင်း(အနောက်) ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်ကုန်သည်ကြီးများအသင်းမှ စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်က
ရန်ကုန် ဝါးတန်းဆန်ဈေးကွက်မှာ ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကို ကျပ် ၃၅၀၀ ခန့်ဈေးတက် ပြီးကျန်တဲ့နယ်စုံပေါ်ဆန်းဖြစ်တဲ့ ဖျာပုံ၊ ပုသိမ်၊ ကျိုက်လတ် ကတော့ တစ်အိတ်ကိုကျပ် ၅၀၀ ခန့်စီ ဈေးတက်ေ ကြာင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။ ယခုတစ်ပတ်မှာ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကို ကျပ် ၃၆၀၀၀ နဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၃၅၀၀၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ဆန်ထိပ်စတစ်အိတ်ကျပ် ၃၇၅၀၀နဲ့ လတ်စ တစ်အိတ်ကို ကျပ် ၃၄၅၀၀၊ နယ်စုံ(ကျိုက်လတ်) ထိပ်စတစ် အိတ်ကိုကျပ် ၃၅၅၀၀ နဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၃၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ် ဈေးထက်တစ်အိတ်ကိုကျပ် ၅၀၀ ခန့်စီ ဈေးတက်လာပါတယ်။
ကသာခရိုင်အင်းတော်မြို့နယ်မှ တောင်သူများအနေ ဖြင့် ၎င်းင်းတို့အကျိုးအမြတ်ရရှိတဲ့ ဆင်း-၃ စပါး မျိုးကောင်းမျိုး သန့်များကို ပြောင်းလဲစိုက်ပျိုးနေပြီဖြစ်ပါတယ်။ အင်းတော်မြို့နယ်မှာရှိတဲ့ မိုးစပါးစိုက် ဧကများအနက် ၅၀ ရာခိုင်နှုန်းကျော်က ဆင်း-၃ စပါးများကို စိုက်ပျိုးကြပါတယ်။ ဆင်း-၃ ဆန်ကို ဗန်းမော်မှတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့ ရောင်းချနေတဲ့အတွက် ဈေးကွက်ခိုင်မာမှုရှိတာကြောင့် တောင်သူတွေအများအပြား စိုက်ပျိုးနေကြတာဖြစ်ပါ တယ်။
ယခင်တစ်ပတ်မှအဆက်
Re-export နဲ့ဘယ်လိုကုန်သွယ်ကြမလဲ
ယခု ရက်သတ္တပတ် သြဂုတ်လဆန်းပိုင်းက ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ မိုးရွာသွန်းမှုများပြားလာမှု နှင့်အတူ အရောင်းအဝယ်များနည်းပါးသွားကာ ဈေးကွက် အေးသွားကြောင်း သိရသည်။ ဇူလိုင်နောက်ဆုံး ပတ်က သတ်မှတ်ခဲ့သော ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက် ကြောင့် လိုက်ထရပ်ကုန်တင်ယာဉ်အုပ်စု အကျပ်အတည်း တွေ့သွားပြီး စလစ်ဈေးတန်း တစ်ဟုန်ထိုးတက်ကာ သိန်း ၁၀၀ အ ထက် ၁၀၃ သိန်းမှ ၁၀၅ သိန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာမှ တောင်သူများဟာ ထန်းလျှော် တောင်းလုပ်ငန်းဖြင့် အပိုဝင်ငွေများရရှိနေကြောင်း သိရပါတယ်။ တလိုင်းကျွန်းကျေးရွာပတ်ဝန်းကျင်မှာ ထန်းပင်များ အများ အပြားရှိတဲ့အတွက် ကုန်ကြမ်းကိုလိုသလောက် ရရှိနေပါတယ်။ ထန်းလက်အတိုအရှည်ပေါ် မူတည်ကာ ထန်းလက်အချောင်းအစီး ၁၀၀ တစ်စီးလျှင် ကျပ် ၃၀၀၀ မှ ကျပ် ၄၅၀၀ အထိဝယ်ယူရပါတယ်။ ဝယ်ယူထားတဲ့ ထန်းလ က်တွေ ကို ကျောဘက်နဲ့ ဗိုက် ဘက်မှ လျှော်ချရပါတယ်။ လျှော်ချခအဖြစ် ထန်းလက် အစီး ၁၀၀ လျှင် ကျပ်နှစ်ထောင်ပေးရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ ဇူလိုင်နောက်ဆုံးပတ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၁၆၆ တန်ကျော် တင်ပို့နိုင် ခဲ့ ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၀၃၉၀ တန်၊ လွယ်ဂျယ်မှ ၇၇၉ တန်ကျော်၊ ချင်းရွှေ ဟော်မှ ၁၈၆၂ တန်ခွဲနဲ့ ကန်ပိုက်တီးမှ ၁၃၅ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ကန်ပိုက်တီးကုန်သွယ်ရေးမှ ပြောင်းတင်ပို့မှု မရှိခဲ့ဘဲ ကျန်စခန်းသုံးခုမှသာ ၇၄၀၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လအတွင်း တရုတ်နယ်စပ်စခန်းများမှ ပြောင်း တန်ချိန်လေးသောင်းခွဲကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေး စခန်းမှာ ၂၀၁၆ ခုနှစ် ဇူလိုင်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၄၇၅ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၀၀၅ သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိ ကန်ဒေါ်လာ သုညဒသမ ၄၈၀ သန်း ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ဇူလိုင်အတွက် ကုန်သွယ်မှု လျာထားချက်မှာ အမေရိကန်ဒေါ်လာ သုညဒသမ ၆၀၀ သန်းဖြစ်၍ လျာထား ချက်အပေါ် ၈၀ရာခိုင်နှုန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။
လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကို ထိရောက် စွာ အသုံးချရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃ ရက် နံနက်က UMFCCI အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလုပ်ရုံေ ဆွး နွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး ရန်ကုန်မှ ညွှန်ကြားရေးမှူး ဦးဝင်းလွင် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ ကုန်သွယ်မှု သင်တန်းကျောင်း အမှတ်စဉ် (၈) မှ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ပါ တယ်။
ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေး ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီအနေနဲ့ ယခင်တစ်ပတ်က တစ်ပိဿာ ၂၁၇၅ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ကျပ် ၂၀၆၀ (တစ်တန်ကို ၁၂၆၁၅၂၃ ကျပ်) သာရှိခဲ့တာမို့ ယခ င်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်ပတ်အတွင်းတစ်တန်ကို ကျပ် ၇၀၀၀၀ ခန့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့ကို အိတ် ၂၀၀ ခန့်ရှိကြောင်း သိရပါတယ်။ အလားတူ ပဲတီစိမ်းကလည်း ယခင် တစ်ပတ် က တစ်ပိဿာ ကျပ် ၁၄၂၀ ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ၁၂၆၅ ကျပ် (တစ်တန်ကို ၇၇၄၆၇၃ ကျပ်) သာရှိခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်တန်ကို ကျပ် ၉၅၀၀၀ ခန့်ဈေးကျဆင်းခဲ့ပါတယ်။