Background
ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေး ကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီအနေနဲ့ ယခင်တစ်ပတ်က တစ်ပိဿာ ၂၁၇၅ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ကျပ် ၂၀၆၀ (တစ်တန်ကို ၁၂၆၁၅၂၃ ကျပ်) သာရှိခဲ့တာမို့ ယခ င်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်ပတ်အတွင်းတစ်တန်ကို ကျပ် ၇၀၀၀၀ ခန့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့ကို အိတ် ၂၀၀ ခန့်ရှိကြောင်း သိရပါတယ်။ အလားတူ ပဲတီစိမ်းကလည်း ယခင် တစ်ပတ် က တစ်ပိဿာ ကျပ် ၁၄၂၀ ရှိခဲ့ပြီး ယခုတစ်ပတ်မှာ တစ်ပိဿာ ၁၂၆၅ ကျပ် (တစ်တန်ကို ၇၇၄၆၇၃ ကျပ်) သာရှိခဲ့တဲ့အတွက် ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက တစ်တန်ကို ကျပ် ၉၅၀၀၀ ခန့်ဈေးကျဆင်းခဲ့ပါတယ်။
ဒီတစ်ပတ် အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်း ဈေးကျပြီး နှမ်းနီနဲ့ သိပ္ပံနှမ်းဈေးအနည်းငယ်တက်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က တစ်ပိဿာ ၂၂၁၅ ကျပ်ရှိခဲ့တဲ့ ပဲစင်းငုံနီကတော့ ယခုတစ်ပတ်မှာ တစ်ပိဿာ၂၀၅၀ ကျပ် (တစ်တန်ကို ၁၂၅၅၃၉၉ ကျပ်) နဲ့ ဈေးနိမ့်အဝယ်ဖွင့်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တစ်ပတ်အတွင်းအိတ် ၂၀၀ ခန့် သာရှိခဲ့ကြောင်းလည်း သိရပါတယ်။ ယခင်တစ်ပတ်က တစ် ပိဿာ ၁၂၇၅ ကျပ်ဖြစ်ခဲ့တဲ့ ပဲတီစိမ်း ကလည်း ဒီတစ်ပတ်မှာ တစ် ပိဿာကျပ် ၁၂၅၀ (တစ်တန်ကို ၇၆၅၄၈၇ ကျပ်) ဖြစ်ခဲ့တာ မို့ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ဈေးကျခဲ့ကြောင်းနဲ့ တစ်ပတ် အတွင်းမှာအိတ် ၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း လည်းသိရပါ တယ်။ နှမ
ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၁၁၄၈၅၆ တန်ဖိုးရှိ မြေသြဇာ ၉၃၂၇ ဒသမ ၆၀၄တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှ တင်သွင်းခဲ့ပါတယ်။ ဒီလကုန်ချိန်မှာ မြေသြဇာ အသုံးများလာ တာကြောင့် မြေသြဇာ တင်သွင်းမှုလည်း များခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချီလီနိုင်ငံမှ ၂၇ တန်၊ တရုတ်နိုင်ငံမှ ၆၄၀၉ ဒသမ ၅၆၄ တန်၊အိန္ဒိယနိုင်ငံမှ ၁၂ တန်၊ ဂျပန်မှ၂၆တန်၊ ကိုရီးယားမှ၂၃ဒသမ ၀၄၀ တန်၊ စင်ကာပူ မှ ၂၁၆ တန်နဲ့ ထိုင်း မှ၂၆၁၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ ဒုတိယအများဆုံး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ မဂ္ဂန
ဇူလိုင် ၂၄ရက်မှ ၃၀ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၁၂၂၅၀၄၃ တန်ဖိုးရှိ နို့ဆီ ၉၆၉ ဒသမ ၂၆၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၈၇ ဒသမ ၅၅၂ တန်၊ မလေးရှားနိုင်ငံမှ ၁၄၈ဒသမ ၈၂၄ တန်နဲ့ စင်ကာပူမှ ၇၃၂ဒသမ ၈၈၈ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ် နို့ဆီတင်သွင်းမှုမှာ တန်ချိန် ၁၂၀ကျော်သာရှိခဲ့တာကြောင့် ဒီတစ် ပတ် တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၈၄၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၄ ရက်မှ၃၀ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၄၈၄၇၇၁၉ တန်ဖိုးရှိ ဘိလပ်မြေ ၅၃၂၉၂ ဒသမ ၈၇၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၄၆၈ တန်၊ ယူနိုက်တက် ကင်းဒမ်းမှ ၂ဒသမ၈၇၅ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၂၈၂၂ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စိန်၊ ဆင်နဲ့ဂျန်ဘို၊ အင်စီးဘိလပ်မြေတို့ ဝင်လာခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ ၇၂၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၄၆၀၀၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။
ယခုတစ်ပတ်တွင် သီလဝါရှယ် ယာဈေးနှုန်းများ ဆက်လက်ကျဆင်း လာခဲ့ပြီး စတင်ဖွင့်လှစ်ခဲ့စဉ်က သတ် မှတ်ခဲ့သည့် အနိမ့်ဆုံးနှုန်းထားသို့ ရောက်ရှိခဲ့ကြောင်း YSX ၏ထုတ်ပြန်ချက်များအရ သိရသည်။ အလားတူ FMI ရှယ်ယာဈေးနှုန်း များသည်လည်း သတ်မှတ်ထားသည့် အနိမ့်ဆုံးဈေးနှုန်းအောက်သို့ လဆန်း ပိုင်းက ရောက်ရှိခဲ့ပြီး ဈေးကွက်ပိတ်ချိန် တွင်မူ မူလသတ်မှတ်ထားသည့်ဈေးနှုန်း သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးများသည် အမြင့်ဆုံးဈေးအဖြစ် ကျပ် ရှစ်သိန်းခွဲအထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း ၁၃၆၁ ဒေါ်လာအထိ ရောက်ရှိခဲ့ရာ စံချိန်တင်ရောက်ရှိခဲ့သည့်ဈေးဖြစ်ခဲ့သည်။ ပြည်တွ င်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် လိုက်ပါ မြင့်တက်ခဲ့ရသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင်မူ အရောင်းအဝယ်များမှာ အလွန်ပင် နည်းပါးလျက်ရှိသည်ဟုဆိုသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ပြည် တွင်းရွှေဈေးသည် ကျပ် ၈၄၀၀၀၀ သာရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ရှစ်သိန်းခွဲအထိ မြင့်တက်ခဲ့သည်။
ယခုကာလမှာ မြန်မာနိုင်ငံအထက်ပိုင်း ဒေသအချို့မှာ မိုးများ၍ ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ပြည်ဈေးကွက်ရဲ့ စားသုံးသူများကတော့ ဈေး တက် တော့မယ်လို့ခန့်မှန်းပြီး ကြိုတင်ဝယ်ယူမှုများ ရှိနေကြောင်း သိရပါတယ်။ ပြည်ဈေးကွက်ရဲ့ ကြက်သွန်နီ ဈေးနှုန်းမှာ ယခင်ဈေးအနိမ့်ဖြင့် ဝယ်ယူသိုလှောင် ထားရှိမှုများကြောင့် ယခုတစ်ပတ်အတွင်း ပုံမှန်ဈေးဖြင့်သာ ရောင်းချလျက်ရှိနေ သေးကြောင်း သိရှိရပါတယ်။ ဝင်ရောက်မှုအနေနဲ့ ယခုတစ်ပတ်မှာ တစ်နေ့ကို ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်သာ ဝင်ရောက်ခဲ့တာကြောင့် ဝင်ရောက်မှု သိသိသာသာ နည်း သွားပါတယ်။
ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လိုအားရှိသော မတ်ပဲနှင့်ပဲစင်းငုံ သီးနှံအနက် မတ်ပဲသီးနှံက သြဂုတ်လဆန်းအတွင်း ဈေးထပ်မံလျော့နည်းကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဇွန်လကုန်မှာ တစ်တင်း ကျပ်ငါးသောင်းကျော် ရရှိခဲ့သော်လည်း သြဂုတ်လဆန်းရက်မှာတော့ ကျပ် ငါးသောင်းအောက်လျော့နည်းကျဆင်းခဲ့လို့ တစ်တင်းကျပ် ၄၈၅၀၀ သာရရှိခဲ့တဲ့အတွက် ရန်ကုန်ဝယ်လက်ဝယ်လိုအား ရှိသော်လည်း ထုတ်ရောင်းချသူနည်းခဲ့လို့ အရောင်းအဝယ် အနည်းငယ်အေးခဲ့တယ် လို့ သိရပါ တယ်။ ပဲဝင်ရောက်မှုလည်း သိပ်မရှိခဲ့ဘဲ လက်ကျန်ပဲအချို့နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်နှစ်က သြဂုတ်လဆန်း ရက်မှာ တစ်တင်း ကျပ် ၄၁၀၀၀ သာရရှိပြီး လလယ်မှစ၍ ပဲဈေး များ ပြန်လည်မြင့်တက်ခဲ့လို့
သြဂုတ်လ ပထမပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်း သစ်များ စတင် ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ကံမမြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အိတ် ၃၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါ တယ်။ ပဲဈေးမှာ တစ်တင်း ကျပ် ၂၅၅၀၀ ဖြင့်သာ ဈေးစဖွင့်ခဲ့ပြီး မန္တလေးဝယ်လက် ကတော့ နေ့စဉ်ဝယ်ယူနေတယ်လို့ သိရပါတယ်။