Background
ဇူလိုင် ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၃၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၂၁၁၃ တန်ကျော်တင်ပို့ခဲ့ရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန် ဆန် တန် ၃၂၀၀၊ ဧည့်မထဆန် တန် ၁၃၀၀၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၁၅၄ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၇၄၅၉ တန်ကျော် အသီးသီး တင်ပို့ခဲ့ပါတယ်။ ဇူလိုင်လဆန်းပိုင်း ပထမ ပတ်က ဆန် တန်ချိန် တစ်သောင်းခွဲကျော် တင်ပို့နိုင် သော်လည်း ဒုတိယ၊ တတိယ၊ စတုတ္ထ ပတ်များမှာ ဆန်တင်ပို့မှု ဆက်တိုက်ကျ ဆင်းလာရာ ယခုတစ်ပတ်တင်ပို့မှုမှာ လည်း ယခင်တစ်ပတ်ထက် ၈၆၃ တန် လျော့နည်းခဲ့ ပါတယ်။ ကုန်သွယ်ရေး စခန်
ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ)တွေက ယခင်တစ်ပတ် ကလောက် အဝင်မရှိပေမယ့် ပုံမှန်ဝင်နေပါတယ်။ ဒီတစ်ပတ်မှာ မိုးများသလို ဝါတွင်းကာလ ပိတ်ရက်များကြောင့်အရောင်းအေးနေတယ်လို့ သိရှိရပါတယ်။
တောင်သူအချို့မှာလည်း ဘုန်းကြီးကျောင်းတက်၊ ဥပုသ်သီလဆောက်တည် မှုတွေလုပ်နေကြတာကြောင့် ဒီတစ်ပတ် အောင်ပန်းသီးနှံဈေးကွက်မှာ ငြိမ်နေပါ တယ်။ ဒီတစ်ပတ်မှာ လက်ကြီးသမားတွေ ထက် ဈေးပတ် သမား များသာ ဝယ်ယူမှုရှိ နေပါတယ်။ တစ်ပတ်အတွင်းပိသာချိန် ၁၅၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရ ပါတယ်။ ချင်းပေါက်ဈေးကတော့ (ဥမ) တစ်ပိသာကို ကျပ် ၃၀၀ ဈေးရှိတယ်လို့ သိရှိရပါတယ်။
ပုလဲမြို့နယ်မှာ နွေပဲတီစိမ်းများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါတယ်။ ပုလဲမြို့ နယ်မှာ နှစ်စဉ် နွေပဲတီစိမ်းစိုက်ဧက သုံးထောင်ကျော်ရှိတဲ့အတွက် တင်းပေါင်း ၃၅၀၀၀ ခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါ တယ်။ နွေပဲတီ စိမ်းပေါ က်ဈေးမှာ တစ်တင်းလျှင် ကျပ် ၃၀၀၀၀ခန့်ရှိတဲ့ အတွက် တစ်ဧကကို ကျပ်တစ်သိန်းခွဲခန့် အမြတ်ကျန်နိုင်တယ်လို့ လက်ပုကန်ကျေးရွာမှ ပဲတီစိမ်းစိုက်တောင်သူဦးစိန်ပြူးကပြောကြားပါတယ်။''ကျွန်တော်တို့ဆီမှာတော့ ရေဆင်း - ၁၄ မျိုးကိုစိုက်ပျိုးပါတယ်။ ပဲတီစိမ်းမျိုး ကောင်းမျိုးသန့်တစ်ပြည်ကိုကျပ် ၆၀၀၀ ပေးဝယ်ရပါတယ်။ ဒီနှစ်မှာအဝါပင်တွေများ တဲ့အတွက် မနှစ်ကလောက်တော့ မရပါဘူး။တစ် ဧကကို ၁၀ တင်း၊ ၁၂ တင်း လောက်ပဲထွက်ပ
ကချင်ပြည်နယ် ဗန်းမောက်မြို့မှထွက်ရှိတဲ့ မြီးတုံးဆန် ကို ဖားကန့်ဒေသမှအဝယ်လိုက်နေတဲ့အတွက် ဈေးကောင်းရ နေကြောင်းသိရပါတယ်။ ဖားကန့်ဒေသဟာ မိုးရာသီဝမ်းစာ အတွက် မြီးတုံးဆန်ကို ဝယ်ယူသိုလှောင်နေ တဲ့အတွက် မြီးတုံး စပါးကို အများအပြားစိုက်ပျိုးနေကြတဲ့ ဗန်းမောက်မြို့နယ်မှ တောင်သူများအကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရပါတယ်။
ဆူဇူကီး မြန်မာမော်တော်ကုမ္ပဏီသည် ၎င်းင်း၏ ကားအမျိုးအစားသစ် တစ်ခုဖြစ်သည့်Ertiga ကို ကျပ် ၂၀၉ သိန်းဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း အဆိုပါကားအမျိုးအစားမိတ်ဆက်ပွဲ တွင် ထုတ်ပြန်ကြေညာခဲ့သည်။အဆိုပါ ကားအမျိုးအစားသစ် မိတ်ဆက်ပွဲကို ဆူဇူကီးမြန်မာမော်တော် ကုမ္ပဏီမှ ဇူလိုင်လ ၁၇ ရက်တွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာ ပလာဇာပရိုမိုးရှင်းဧရိယာ၌ ပြုလုပ်ခဲ့သည်။
အခုခေတ်ကာလ ကုန်သွယ်မှု လောကတစ်ခွင်မှာ ကြား နေရတဲ့ စကားတစ်ခွန်းကတော့Re-export စနစ်နဲ့ ကုန်သွယ်မှု ပြုခြင်းပါ။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလောက တစ်နည်းအားဖြင့်မြန်မာ့ကုန်သည်လောကမှာRe-export စနစ် ပေါ်ထွန်းလာတာ သိပ် မကြာသေးတော့ ကုန်သည်တော်တော်များများသာမက ပြည်သူတွေပါ ဒီစနစ်နဲ့ အကျွမ်းတဝင် မဖြစ်ကြသေး။Re-export စနစ်နဲ့ ကုန်သွယ်မှု ပြုမယ်ဆိုရင် ျွန-နထစသမအ စနစ်ရဲ့လုပ်ထုံးလုပ်နည်းတွေ၊Re-export စနစ်မှာ ဘယ်လို ကုန် ပစ္စည်းတွေကိုကုန်သွယ်မှုပြုနေသလဲ။ နိုင်ငံတော်ကရော ဘယ်လောက်အတိုင်းအတာအထိခွင့်ပြုထားသလဲ။ စတဲ့စတဲ့အခြေခံ အချက်တွေကို သိထားဖို့ လိုအပ်လှပါတယ်။Re-export စနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် စီးပွားရေ
မုံရွာကုန်စည်ဒိုင် ဇူလိုင်လတတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ်ဝယ်လက်ပါးလို့ မြေပဲဆန်ဈေး ဆက်လက်အေးခဲ့ရာ မြေပဲလုံး ဆန်(နီ) တစ်ပိဿာ ကျပ် ၂၇၀၀၊ မြေပဲဆန်(ဖြူ) တစ်ပိဿာ ၂၆၂၅ ကျပ်၊ ဆီဆန် တစ်ပိဿာ ကျပ် ၂၀၀၀ ဖြစ်ခဲ့သော်လည်း ယခင်လကထက် တစ်ပိဿာ ကျပ် ၄၀၀ ခန့် လျော့ကျလာခဲ့ကာ အရောင်း အဝယ်ပါ အေးသွားတယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။
တရုတ်ဝယ်လက် ပုံမှန်အဆွဲမရှိဘဲ ဒေသတွင်း ဝယ်လိုအားသာများခဲ့လို့ ဒိုင်မှာ တစ်ရက် အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ မုံရွာဝန်းကျင်ရှိ ဆားလှော်ဖိုတွေက ကုန်သည်နဲ့ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူမှုတွေ ရှိနိုင် တယ်လို့ သိရပါတယ်။
ဒီတစ်ပတ် မန္တလေးဈေးကွက်မှာ မတ်ပဲဈေးကျဆင်းခဲ့ပြီး ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းဈေးအနည်းငယ် တက်ရိပ်ပြခဲ့ ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာမတ်ပဲကို ပဲခွဲစက်တွေက တစ်ပိသာ ၂၅၀၀ ကျပ် (တစ်တန်ကို ၁၅၃၀၉၇၅ ကျပ်) နဲ့ ဈေး ဖွင့်ခဲ့ပြီး တစ်နေ့ကို သုံးတင်းအိတ် ၆၀၀ ခန့် အရောင်းအဝယ်ဖြစ် ခဲ့ကြောင်းသိရပါတယ်။ ယခင်တစ်ပတ်က တစ်ပိသာ၁၅၁၁ ကျပ် ရှိခဲ့တဲ့ ပဲတီစိမ်းကြီး ယခုတစ်ပတ်မှာ တစ်ပိဿသာ၁၅၂၉ ကျပ် ( တစ်တန်ကို ၉၃၆၃၄၄ ကျပ် ) နဲ့ ဈေးအနည်းငယ်တက်ခဲ့ပြီး တရုတ်ဝယ်လက်နဲ့ ပဲခွဲစက်တွေက တစ်နေ့ကို အိတ် ၁၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီး က ယခင်တစ်ပတ်ထက်ဈေးမြင့်ပြီး ယခုတစ်ပတ်မှာ တစ်ပိသာ ၂၂၇၁ ကျပ် ( တစ်တန
ယခုကာလသည် မိုးတွင်းကာလ ဖြစ်၍ ပုသိမ်မြို့ရဲ့ အဓိကဈေးကွက် တစ်ခုဖြစ်တဲ့ ပုသိမ်ထီးဈေးကွက်မှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်း၊ ပြည်ပဈေးကွက် ခိုင်မာစွာ ရရှိထားတဲ့ ပုသိမ်ထီးဈေး ကွက်မှာ ပြည်တွင်းတွင်ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်၊ တောင်ကြီးမြို့ များရှိ ဟိုတယ်များနဲ့ ငွေဆောင်၊ချောင်း သာ၊ ငပလီကမ်းခြေဟိုတယ်များတွင် အလှဆင်ရာ မှာလည်းေ ကာင်း ၊ မြန်မာ့ ရိုးရာ ရှင်ပြု၊ နားသ၊ အလှူမင်္ဂလာ ပွဲများမှာလည်းကောင်း အသုံးပြုလျက် ရှိပြီး လေးလက်မမှ လက်မ ၂၀ အထိ အရွယ်အစား အမျိုးမျိုးဖြင့် ထုတ်လုပ် လျက်ရှိပါတယ်။
ကယား xxxx ကယား xxxxx ကယားဌာနေ ကယား တို့ဌာနေ xxxxxx ငွေတောင်ဆည်ဒီမောဆို ခေါင်ရည်ချို သောက် မယ် xxxxx ဟေ့ xxxxxx၁၉၉၅-၉၆ ခုနှစ်က ကယားပြည် နယ်ရဲ့ ကျောင်းသားအားကစားပွဲ တော်မှာ အကော်ဒီယံနဲ့တီးခတ်ထားတဲ့ ကယားပြည်နယ်ရဲ့ သီချင်းတစ်ပုဒ်ပါ ငွေတောင်ဆည်နဲ့ ရိုးရာခေါင်ရည်ဟာ ကယားလူမျိုးတို့ရဲ့ အထင်ကရ နေရာ နဲ့ရိုးရာဖြစ်သလို ...ဟိုး ...ရှေးနှစ် ပေါင်းများစွာကတည်းက လူတွေ မသိ ရှိ သေးတဲ့ ကယားတို့ရဲ့ဒေသထွက်ကုန် တစ်ခုကိုလည်း မိတ်ဆက်ပေးပါ ရစေ...အဲဒါကတော့ ဆီးဘူး ငရုတ် သီးပါ။ ကျွန်မတို့ ကယားပြည်နယ် တစ်ခုလုံးမှာ ''ဆီးဘူး''လို့ခေါ်တဲ့ ကယားရွာ တစ်ရွာမှာပဲ စိုက်ပျိုးတဲ့ ငရုတ်သီး