Main menu

Background

Wednesday, 10 Sep 2014

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြား မှု ဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲTrade Training Institute နဲ့ UNESCAP တို့ပူးပေါင်း၍ Training on Trade Defence Measures & Other Trade Related Issues သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီးစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှာကျင်းပခဲ့ ပါတယ်။

Wednesday, 10 Sep 2014

 

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ကုန်သည်လုပ်ငန်းရှင်များမှကုန်သွယ်မှုလုပ်ငန်းများတွင် အဆင် ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့်ကုန်သွယ်မှုအသိပညာများတတ်ကျွမ်း နားလည်မှုရှိစေရေးတို့ အတွက် စက် တင်ဘာလ ၅ ရက်၊ နေ့လယ် ၁၄း၀၀ နာရီအချိန်က မြစ်ကြီးနားမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲသို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ေ ထာင် စု ဝန်ကြီး ဦးဝင်းမြင့်တက်ရောက်အမှာ စကား ပြောကြားပါသည်။

Thursday, 4 Sep 2014

 
မြန်မာနိုင်ငံနှင့်အိမ်နီးချင်း ထိုင်း နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင်ပေါ်ပေါက် လာမည့်အာဆီယံအသိုက်အဝန်း အတွက် ပြင်ဆင်သည့်အနေဖြင့်Tak ပြည်နယ်ရှိ မဲဆောက်ခရိုင် Sakaeo ပြည်နယ်ရှိ Aranyaprathetအ ခရိုင်၊Trat ပြည်နယ်ရှိ Kholng Yai  ပြည်နယ်ရှိMukclahan ခရိုင်၊ Mueang ပြည်နယ်ရ Songkhla တို့တွင် အထူးစီးပွားရေးဇုန်များ တည် ဆောက်သွားမှာ ဖြစ်ကြောင်း သိရပါ တယ်။

Thursday, 4 Sep 2014

ဒိုဟာတွင် ပစ္စည်းရောင်းချခွင့်လိုင်စင်ရယူထား ခြင်းမရှိသော ဆေးဖက်ဝင်ဆေးဝါးများနှင့်အလှကုန် ပစ္စည်းများ ဖမ်းဆီးရမိ အာရပ်စော်ဘွားနိုင်ငံတစ်ခု ဖြစ် သည့်  ကာတာနိုင်ငံ၊  ဒိုဟာမြို့တွင် Amusement Village တစ်ခုရှိ  Consumer Goods Exhibition တွင်The Public Authority for Consumer Protection (PACP) ၏ ပြောကြားချက်အရဆေးဝါးနှင့်အာဟာရတို့အတွက်အသုံးပြုရန်ရည်ရွယ်၍ယူဆောင်လာသည့်ဆေးဖက် ဝင်ဆေး ဝါး များနှင့်အလှကုန်ပစ္စည်းများထည့်သွင်းထားသည့် သေတ္တာ၈၀၀ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။ PACP ဌာနမှတာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါပစ္စည်းများမှာဒိုဟာမြို့အတွင်း ရောင်းချရန်အတွက်ခွင့်ပြု ချက် သို့မဟုတ်လိုင်စင်ပေးအပ်ထားခြင်းမရှိကြောင်းနှင့် နိုင်ငံ၏ကျန်းမာရေးနှင့်လုံခြုံစိတ်ချရမှုဆိုင်ရာစံချိန်စံညွှန်း များနှင့် ကိုက်ညီမှုမရှိသဖြင့် အသုံးပြုသူများကို အန္တရာယ်ဖြစ်စေ နိုင်ကြောင်းလည်း သိရှိရပါသည်။

Tuesday, 2 Sep 2014

 
ဂျပန်နိုင်ငံ၊ ကာနဂါဝခရိုင်၊ ကာဝါဆာကီမြို့အခြေစိုက် Asahi And Co.,Ltd အနေဖြင့် ဂျပန်နိုင်ငံအတွင်းလက် လီဖြန့်ဖြူးရောင်းချရန်အတွက် မြန်မာနိုင်ငံမှ မြေပဲနှစ်နှင့် မြေပဲဆီကုန် ကြမ်းများကိုဝယ်ယူတင်သွင်းလို ကြောင်း တိုကျိုမြို့ ရှိ မြန်မာသံရုံးသို့ ဆက်သွယ်စုံစမ်းလာပါသည်။

Tuesday, 2 Sep 2014

မုံရွာဈေးကွက်မှာ ဒီတစ်ပတ်နယ်စုံမှ ပဲတီစိမ်းကြီးအဝင်လျော့ လာပေမယ့် မန္တလေးဝယ်လက် ဝယ်အားပုံမှန်ရှိခဲ့ကြောင်း အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၁၇၈၉ ကျပ် (တစ်တန်ကို ၁၀၉၅၅၆၅ ကျပ်)ဈေးဖြင့် နေ့စဉ် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ပဲစင်းငုံနီအနေဖြင့်ရန်ကုန်ဝယ်လက်နှင့် ဒေသတွင်းကုန်သည်များ အဝယ်ဆုံ လို့ ဈေးမြင့်ခဲ့ပြီး တစ်ပိဿာ ၁၁၆၀ ကျပ် (တစ်တန်ကို ၇၁၀၃၇၂ ကျပ်) ဈေးဖြင့် အရောင်းရောအဝယ်ပါသွက်ခဲ့ကြောင်း သိ ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ဒေသတွင်း ခွဲစက်တွေက ဝယ်လိုအားပုံမှန်ရှိတာကြောင့် တစ်ပိဿာ ၇၄၇ (တစ် တန်ကို ၄၅၄၃၉၃ ကျပ်)ဈေးဖြင့် နေ့စဉ်အိတ် ၄၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Tuesday, 2 Sep 2014

 
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပေါင်းတလည်၊ ပေါက်ခေါင်းနှင့်ပန်းတောင်းဘက်မှမတ်ပဲများ တစ်ရက်ကို အိတ် ၃၀၀ ခန့်သာဝင် ရောက်ခဲ့လို့အဝင်ပမာဏလျော့လာပါတယ်။ ပဲအဝင်လျော့လာ ပေမယ့် ရန်ကုန်အဆွဲကတော့ သိသိ သာ သာ လျော့မသွားဘူး၊ဝယ်လိုအားတောက်လျှောက်ရှိနေတယ်

Monday, 1 Sep 2014

စားအုန်းဆီကြမ်းဈေးနဲ့ ပြိုင်ဖက်ဆီထွက်သီးနှံများ ဈေးနှုန်းကျဆင်းလာတဲ့အချိန်မှာရင်းဂစ်တန်ဖိုးကလည်း ဈေးမာလာ တဲ့အတွက် သြဂုတ်လ ၂၁ ရက် နေ့မှာမလေးရှားစားအုန်းဆီဈေးကငါးနှစ်အတွင်းအနိမ့်ဆုံးဈေးကိုကျဆင်းလာ  ၊ထိုသို့ ကျဆင်းမဲ့အနေအထားကမည်မျှကြာဦးမည်ကိုမသိရသေးကြောင်းဘီရီကော်ဒါသတင်းမှာဖော်ပြ ထား ပါတယ်။

Monday, 1 Sep 2014

 
စားအုန်းဆီကြမ်းဈေးနဲ့ ပြိုင်ဖက်ဆီထွက်သီးနှံများ ဈေးနှုန်းကျဆင်းလာတဲ့အချိန်မှာရင်းဂစ်တန်ဖိုးကလည်း ဈေးမာလာ တဲ့အတွက် သြဂုတ်လ ၂၁ ရက် နေ့မှာမလေးရှားစားအုန်းဆီဈေးကငါးနှစ်အတွင်းအနိမ့်ဆုံးဈေးကိုကျဆင်းလာ  ၊ထိုသို့ ကျဆင်းမဲ့အနေအထားကမည်မျှကြာဦးမည်ကိုမသိရသေးကြောင်းဘီရီကော်ဒါသတင်းမှာဖော်ပြ ထား ပါတယ်။

Monday, 1 Sep 2014

 
တောင်ကြီးဈေးကွက်မှာ ဈေးအတော်လေးငြိမ်နေခဲ့တဲ့ မြေပဲဈေးမှာ သြဂုတ်လရဲ့ပထမအပတ်ကစပြီး ဈေး လှုပ်လာပါ တယ်။ မနှစ်က မြေပဲဈေးမကောင်းလို့တောင်သူအချို့ စိတ်ဓာတ်ကျပြီး မြေပဲမစိုက်တော့ဘဲ အစေ့ထုတ် ပြောင်းတွေ ကိုပြောင်းလဲစိုက်ကြလို့ မြေပဲစိုက်ဧကတွေလျော့ပြီးအထွက်နှုန်းလည်းလျော့ခဲ့ပါတယ်။

Pages