Background
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
ပြည်ဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်မှာ ပိဿာ ၃၀ ဝင် အိတ် ၂၅၀ ခန့်နဲ့အဝင်ရှိပြီး၊ အရောင်းအဝယ်မှာလည်း တစ်နေ့ ပိဿာချိန် ၂၀၀ ခန့်နဲ့ အရောင်းအဝယ်အေးနေပါတယ်။
ဈေးနှုန်းမှာ ချင်းတစ်ပိဿာ (ရှယ်) ၈၀၀ကျပ်-၉၀၀ ကျပ်၊ (ဂျွန်) ၆၀၀ ကျပ်- ၇၀၀ ကျပ်နဲ့ ဈေးအနည်းငယ်ကျ ဆက်ကျနေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးသို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၂၅၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။
ဝင်းဝင်းခိုင်-ပြည်
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
အတွဲ(၁၅)အမှတ်(၇)
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ အထူးပြု ကုမ္ပဏီခုနှစ်ခုရှိပြီး ကုန်ထုတ်လုပ်မှု စရိတ်များ ဝန်ဆောင်မှု စရိတ်များလျှော့ ချနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းသိရပါတယ်။
နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှု များနဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကြောင့် အင်းတော်မြို့နယ် မှာ ရွှေကြယ်ငွေကြယ်ကုမ္ပဏီကို၂၀၁၄ခုနှစ် တွင်စတင်တည်ထောင်ပြီး တောင်သူ များ စပါးမျိုးကောင်းမျိုးသန့်စဉ်ဆက် မပြတ် ပြန့်ပွားရေးကိုလုပ်ဆောင်ခဲ့ပါ တယ်။မြို့နယ်မှဆင်း-၃
နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများအားတတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု (Third Wave)လုပ်ငန်းစဉ်အရ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များကိုနိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီရင်ဘောင်တန်းပြီးမြှင့် တင် ဆောင်ရွက်နိုင်ရေးအတွက် Private Public Dialogueလုပ်ငန်းစဉ်နဲ့မြန်မာ့ စီးပွားရေးဖိုရမ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်ရာတွင်ပိုမိုအဆင်ပြေ ချောမွေ့စေရန်ရည်ရွယ်ပြီးကုန်သွယ်ရေး နှင့်စီးပွားရေးမြှင့်တင်ရေးအထူးလုပ်ငန်း အဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် International Finance Corporation (IFC) တို့ ပူးပေါင်း၍ကျင်းပတဲ့ မြန်မာ့စီးပွားရေးဖိုရမ်လုပ်ငန်းစဉ်အလုပ်ရုံ ဆွေးနွေးပွဲအား စက်တင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်
ကုန်သွယ်ရေးနှင့် စီးပွားရေးမြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့အတွင်း ရေးမှူး၊စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊Delivery Units ဆပ်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ရွှေ၊ အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်၊ International Finance Corporation၊ ကမ္ဘာ့ ဘဏ်၊ Australlian Aid , UK Aidနှင့် ဗီယက်နမ်နိုင်ငံမှပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးလုပ်ငန်း အဖွဲ့Working Group အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ အထူးလုပ်ငန်းအဖွဲ့ ၊ အတွင်းရေးမှူး ဒေါက်တာ ပွင့်ဆန်းက အမှာစကားပြောကြားရာ တွင် နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများအားတတိယအဆင့်အရှိန်မြှင့်တင်ဆောင်ရွက်ရာ၌လက် ရှိ ဆောင်ရွက်က်ရှိသောကုန်သွယ် ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ဖြေလျော့သင့်သည်များကို ဖြေေ လျာ့ ခြင်း၊ အားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သော်လည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် အညီရင်ေ ဘာင် တန်းပြီး မြှင့်တင် ဆောင်ရွက်နိုင်ဖို့အတွက် ကုန်သွယ်ရေး နှင့် စီးပွားရေး