Background
မန္တလေးတိုင်း၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင် (ကျောက်ချော) စစ်ဆေးရေးဂိတ်ကို မန္တလေးတိုင်း ဒေသကြီးနဲ့ အခြား တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ကုန်ပစ္စည်းများ နေ့စဉ်နဲ့အမျှ စီးထွက်သွားလျက်ရှိပါတယ်။ ထိုသို့စီးထွက်သွားတဲ့ ကုန်ပစ္စည်း အနက်အများဆုံးစီးထွက်သွားတဲ့ပဲမျိုးစုံ၊ နှမ်းမျိုးစုံနဲ့ပြောင်းမျိုးစုံတို့ရဲ့၂၀၁၄ ခုနှစ်ပထမနှစ်ဝက်စီးထွက်မှု အခြေ အနေမှာ - ၂၀၁၄ ခုနှစ် ပထမ ၆ လမှာအရောင်းအဝယ်ဖြစ်လို့ စီးထွက်မှုအားကောင်းတဲ့သီးနှံများမှာပဲတီစိမ်း ၊
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် သည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၅ ရက်နေ့ ၁၀း၃၀ အချိန်မှ ၁၁း၁၅ အချိန်အထိရန်ကုန်အပြည်ပြည် ဆိုင်ရာကုန်သေတ္တာဆိပ်ကမ်းတစ်ခုဖြစ် သော အလုံကမ်းနားလမ်းရှိ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်း ကျောင်း တွင် ဖွင့်လှစ်သည့် အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း သင်တန်းအမှတ်စဉ်(၅) ဖွင့်ပွဲအခမ်း အနားကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးရုံးရှိ ညီလာခံခန်းမ တွင် ဇူလိုင်လ ၇ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ကူးသန်းေ ရာင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန၊မြန်မာနိုင်ငံသားများ ဘဏ်လီမိ တက်နှ င့် မြန်မာ့ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက် ဝန်ထမ်းမိသားစု တို့၏အဋ္ဌမအကြိမ်မြောက် ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို၂၀၁၄ ခုနှစ်ဇူလိုင်လ၁၀ရက်နေ့နံနက် ၀၉း၃၀ နာရီအချိန်ကနေပြည်တော်ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
မဲခေါင်မြစ်ဝှမ်းဒေသဈေးကွက် မှာ ဝင်ရောက် လွှမ်းမိုးနေသော ဓာတ် မြေသြဇာအတုများအား ဖော်ထုတ်ရန် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Ho-ang Trung Hai က မြို့နယ်အဆင့် အာဏာပိုင်များအား ခေါ်ယူတွေ့ဆုံပြီး မိမိမြို့နယ်အတွင်း ဓာတ်မြေသြဇာအတု များတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်မှာ တာဝန်လုံးဝရှိကြောင်း ဓာတ် မြေသြဇာစီမံခန့်ခွဲမှုနဲ့စိုက်ပျိုးရေး မဟာ ဗျူဟာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ဇွန်လ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ကာလ အတွင်းမှာ ကန်ဒေါ် လာ၁ ဒသမ ၆၁၈သန်းဖိုးရှိပရဆေးကုန်ကြမ်း ၁၀၄၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။
ဒီတစ်လတော့ ရှမ်းနနွင်းက အရောင်းပြန်ထိုင်းနေပါ တယ်။ အရင်အပတ်တွေက ရန်ကုန်ဝယ် လက်နဲ့ လှောင် လက် တွေ အဝယ် ရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ အဲဒီဝယ်လက်တွေက ခဏနားသွားပါ တယ်။လောလော ဆယ်တော့ ဈေးပတ် သမား တွေ သာအဝယ်ရှိနေပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း အဝင်ကပြန်နည်းသွားပါတယ်။ နနွင်းကတော့ ၂၀၁၂ ထဲက စပြီး ဆက် တိုက်ဈေးကျခဲ့ပါတယ်။ ၂၀၁၃ မှာလည်း အကျ ဈေးနဲ့သာ
ပြည်ပနိုင်ငံများကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်း မှ ဇွန်လ ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ်အတွင်း နနွင်းတန် ၅၀ ကို တင်ပို့နိုင် ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ ပါကစ္စတန်နိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် တစ်ရာကျော် ထိ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်း တင်ပို့မှု လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ နနွင်း တင်ပို့မှုမှ ကန်ဒေါ်လာ ရှစ်ထောင့်ခုနှစ်ရာကျော် ဝင်ငွေရရှိခဲ့ တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ တစ်နံတလျားသာမက ပြည်ပကိုပါ စီးဆင်းနေတဲ့ ချင်း/နနွင်း တွေကတော့ ရှမ်းပြည်နယ်က အဓိကထွက် ပါ တယ်။ ပြည်တွင်းစားသုံးမှုရော၊ ပြည်ပ စားသုံးမှုအတွက်ပါ အရေးပါတဲ့ ချင်းသီးနှံက တစ်နှစ်ကို နှစ် ခါ ဖော်လို့ရ တဲ့ သီးနှံ ဖြစ် ပါတယ်။ ချင်းသီးနှံရဲ့သဘာဝက စိုက်ပျိုးပြီး နှစ်လ၊ သုံးလအကြာမှာ ဥဟောင်း (ဥမ) များကို ပြန်လည် တူးဖော်ရ ပါတယ်။ ဧပြီလမှာစိုက်တဲ့ချင်းကို ဇူလိုင်လမှာ ပြန်ဖော်ကြပြီး၊ မေလမှာ စိုက်တဲ့ချင်းတွေ ကတော့ သြဂုတ်လမှာဖော်ကြရပါတယ်။
ပြည်ချင်းဈေးကွက်သို့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းတက်များအဝင်မရှိ တော့ဘဲ ချင်းဥမတွေသာ အဝင်များလာ ပါ တယ် ။ ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပိဿာ ၃၀ ဝင်အိတ် ၈၀ ခန့် ဝင်လာပါတယ်။ ပြည်ချင်း ဈေးကွက်မှာလည်း လက်ကျန် ချင်းတက်များမရှိတော့လို့ ချင်းဥမများသာ အရောင်းအဝယ်ဖြစ်တယ်လို့ ချင်းပွဲရုံများမှ သိရပါတယ်။ ဈေးနှုန်းအနေဖြင့် ချင်းဥမ တစ်ပိဿာ ၁၈၀၀ ကျပ် မှ ၂၀၀၀ ကျပ်ဈေးရှိပြီး၊ ယခင်အပတ်အတိုင်း ဈေးနှုန်းမပြောင်းလဲဘဲ ဈေးနှုန်း တည်ငြိမ်မှုနဲ့ အရောင်း အဝယ်ဖြစ်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် ဘက်သို့စားသုံးမှုအဖြစ်ယခုတစ်ပတ်အတွင်း ပိဿာချိန် ၈၀၀ ခန့် တင်ပို့မှုရှိတယ် လို့ သိရပါတယ်။