Background
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ အထူးပြု ကုမ္ပဏီခုနှစ်ခုရှိပြီး ကုန်ထုတ်လုပ်မှု စရိတ်များ ဝန်ဆောင်မှု စရိတ်များလျှော့ ချနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းသိရပါတယ်။
နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှု များနဲ့ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကြောင့် အင်းတော်မြို့နယ် မှာ ရွှေကြယ်ငွေကြယ်ကုမ္ပဏီကို၂၀၁၄ခုနှစ် တွင်စတင်တည်ထောင်ပြီး တောင်သူ များ စပါးမျိုးကောင်းမျိုးသန့်စဉ်ဆက် မပြတ် ပြန့်ပွားရေးကိုလုပ်ဆောင်ခဲ့ပါ တယ်။မြို့နယ်မှဆင်း-၃
နိုင်ငံတော် ပြုပြင်ပြောင်းလဲမှုများအားတတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု (Third Wave)လုပ်ငန်းစဉ်အရ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များကိုနိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီရင်ဘောင်တန်းပြီးမြှင့် တင် ဆောင်ရွက်နိုင်ရေးအတွက် Private Public Dialogueလုပ်ငန်းစဉ်နဲ့မြန်မာ့ စီးပွားရေးဖိုရမ်လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်ရာတွင်ပိုမိုအဆင်ပြေ ချောမွေ့စေရန်ရည်ရွယ်ပြီးကုန်သွယ်ရေး နှင့်စီးပွားရေးမြှင့်တင်ရေးအထူးလုပ်ငန်း အဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် International Finance Corporation (IFC) တို့ ပူးပေါင်း၍ကျင်းပတဲ့ မြန်မာ့စီးပွားရေးဖိုရမ်လုပ်ငန်းစဉ်အလုပ်ရုံ ဆွေးနွေးပွဲအား စက်တင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါသည်
ကုန်သွယ်ရေးနှင့် စီးပွားရေးမြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့အတွင်း ရေးမှူး၊စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊Delivery Units ဆပ်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ရွှေ၊ အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်၊ International Finance Corporation၊ ကမ္ဘာ့ ဘဏ်၊ Australlian Aid , UK Aidနှင့် ဗီယက်နမ်နိုင်ငံမှပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးလုပ်ငန်း အဖွဲ့Working Group အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ၌ အထူးလုပ်ငန်းအဖွဲ့ ၊ အတွင်းရေးမှူး ဒေါက်တာ ပွင့်ဆန်းက အမှာစကားပြောကြားရာ တွင် နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများအားတတိယအဆင့်အရှိန်မြှင့်တင်ဆောင်ရွက်ရာ၌လက် ရှိ ဆောင်ရွက်က်ရှိသောကုန်သွယ် ရေးနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ဖြေလျော့သင့်သည်များကို ဖြေေ လျာ့ ခြင်း၊ အားပေးမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သော်လည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် အညီရင်ေ ဘာင် တန်းပြီး မြှင့်တင် ဆောင်ရွက်နိုင်ဖို့အတွက် ကုန်သွယ်ရေး နှင့် စီးပွားရေး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြား မှု ဦးစီးဌာန၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဌာနခွဲTrade Training Institute နဲ့ UNESCAP တို့ပူးပေါင်း၍ Training on Trade Defence Measures & Other Trade Related Issues သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီးစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှာကျင်းပခဲ့ ပါတယ်။
ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ကုန်သည်လုပ်ငန်းရှင်များမှကုန်သွယ်မှုလုပ်ငန်းများတွင် အဆင် ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့်ကုန်သွယ်မှုအသိပညာများတတ်ကျွမ်း နားလည်မှုရှိစေရေးတို့ အတွက် စက် တင်ဘာလ ၅ ရက်၊ နေ့လယ် ၁၄း၀၀ နာရီအချိန်က မြစ်ကြီးနားမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေ့ဆုံဆွေးနွေးပွဲသို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ေ ထာင် စု ဝန်ကြီး ဦးဝင်းမြင့်တက်ရောက်အမှာ စကား ပြောကြားပါသည်။
မြန်မာနိုင်ငံနှင့်အိမ်နီးချင်း ထိုင်း နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင်ပေါ်ပေါက် လာမည့်အာဆီယံအသိုက်အဝန်း အတွက် ပြင်ဆင်သည့်အနေဖြင့်Tak ပြည်နယ်ရှိ မဲဆောက်ခရိုင် Sakaeo ပြည်နယ်ရှိ Aranyaprathetအ ခရိုင်၊Trat ပြည်နယ်ရှိ Kholng Yai ပြည်နယ်ရှိMukclahan ခရိုင်၊ Mueang ပြည်နယ်ရ Songkhla တို့တွင် အထူးစီးပွားရေးဇုန်များ တည် ဆောက်သွားမှာ ဖြစ်ကြောင်း သိရပါ တယ်။
ဒိုဟာတွင် ပစ္စည်းရောင်းချခွင့်လိုင်စင်ရယူထား ခြင်းမရှိသော ဆေးဖက်ဝင်ဆေးဝါးများနှင့်အလှကုန် ပစ္စည်းများ ဖမ်းဆီးရမိ အာရပ်စော်ဘွားနိုင်ငံတစ်ခု ဖြစ် သည့် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် Amusement Village တစ်ခုရှိ Consumer Goods Exhibition တွင်The Public Authority for Consumer Protection (PACP) ၏ ပြောကြားချက်အရဆေးဝါးနှင့်အာဟာရတို့အတွက်အသုံးပြုရန်ရည်ရွယ်၍ယူဆောင်လာသည့်ဆေးဖက် ဝင်ဆေး ဝါး များနှင့်အလှကုန်ပစ္စည်းများထည့်သွင်းထားသည့် သေတ္တာ၈၀၀ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။ PACP ဌာနမှတာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါပစ္စည်းများမှာဒိုဟာမြို့အတွင်း ရောင်းချရန်အတွက်ခွင့်ပြု ချက် သို့မဟုတ်လိုင်စင်ပေးအပ်ထားခြင်းမရှိကြောင်းနှင့် နိုင်ငံ၏ကျန်းမာရေးနှင့်လုံခြုံစိတ်ချရမှုဆိုင်ရာစံချိန်စံညွှန်း များနှင့် ကိုက်ညီမှုမရှိသဖြင့် အသုံးပြုသူများကို အန္တရာယ်ဖြစ်စေ နိုင်ကြောင်းလည်း သိရှိရပါသည်။
ဂျပန်နိုင်ငံ၊ ကာနဂါဝခရိုင်၊ ကာဝါဆာကီမြို့အခြေစိုက် Asahi And Co.,Ltd အနေဖြင့် ဂျပန်နိုင်ငံအတွင်းလက် လီဖြန့်ဖြူးရောင်းချရန်အတွက် မြန်မာနိုင်ငံမှ မြေပဲနှစ်နှင့် မြေပဲဆီကုန် ကြမ်းများကိုဝယ်ယူတင်သွင်းလို ကြောင်း တိုကျိုမြို့ ရှိ မြန်မာသံရုံးသို့ ဆက်သွယ်စုံစမ်းလာပါသည်။
မုံရွာဈေးကွက်မှာ ဒီတစ်ပတ်နယ်စုံမှ ပဲတီစိမ်းကြီးအဝင်လျော့ လာပေမယ့် မန္တလေးဝယ်လက် ဝယ်အားပုံမှန်ရှိခဲ့ကြောင်း အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၁၇၈၉ ကျပ် (တစ်တန်ကို ၁၀၉၅၅၆၅ ကျပ်)ဈေးဖြင့် နေ့စဉ် အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ပဲစင်းငုံနီအနေဖြင့်ရန်ကုန်ဝယ်လက်နှင့် ဒေသတွင်းကုန်သည်များ အဝယ်ဆုံ လို့ ဈေးမြင့်ခဲ့ပြီး တစ်ပိဿာ ၁၁၆၀ ကျပ် (တစ်တန်ကို ၇၁၀၃၇၂ ကျပ်) ဈေးဖြင့် အရောင်းရောအဝယ်ပါသွက်ခဲ့ကြောင်း သိ ရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ဒေသတွင်း ခွဲစက်တွေက ဝယ်လိုအားပုံမှန်ရှိတာကြောင့် တစ်ပိဿာ ၇၄၇ (တစ် တန်ကို ၄၅၄၃၉၃ ကျပ်)ဈေးဖြင့် နေ့စဉ်အိတ် ၄၀၀ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပေါင်းတလည်၊ ပေါက်ခေါင်းနှင့်ပန်းတောင်းဘက်မှမတ်ပဲများ တစ်ရက်ကို အိတ် ၃၀၀ ခန့်သာဝင် ရောက်ခဲ့လို့အဝင်ပမာဏလျော့လာပါတယ်။ ပဲအဝင်လျော့လာ ပေမယ့် ရန်ကုန်အဆွဲကတော့ သိသိ သာ သာ လျော့မသွားဘူး၊ဝယ်လိုအားတောက်လျှောက်ရှိနေတယ်