Background
ယခု ဧပြီလဆန်းမှစတင်ကာ ပြည်တွင်း ရော်ဘာဈေးနှုန်းများ ပြန်လည်မြင့်တက်နေကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။ အဆိုပါ ရော်ဘာဈေးနှုန်းများမှာ ပြည်တွင်းဈေးကွက်တွင် ပြီးခဲ့သည့် မတ်လအတွင်း ဈေးကောင်းရရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ ယခု ဧပြီလတွင် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာခြင်းဖြစ် ကြောင်း မုဒုံမြို့နယ်မှ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူတစ်ဦးက ဧပြီ ၂၀ ရက်တွင် ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ကျောင်းကုန်းရွာတွင် တရုတ်မျိုးအာလူး စိုက်ပျိုး ခြင်းအားဖြင့် မိသားစုစားဝတ်နေရေးအတွက် အထောက်အကူဖြစ်နေကြောင်း သိရှိရသည်။
ကျောင်းကုန်းရွာသည် မန္တလေး-လားရှိုး လမ်းမကြီးမှ သုံးမိုင်အကွာတွင် တည်ရှိ၍ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ရာ ရွာလေးဖြစ်ကြောင်း သိရှိရသည်။ အိမ်ခြေ ၁၅၀ ကျော်ရှိသည့် အနက် အိမ်ခြေ ၅၀ ဝန်းကျင်သည် အာလူးစိုက် တောင်သူများဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၂၉ သိန်းကျော်ဖြစ်ပေါ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မတ် ၂၃ ရက် ဈေးနှုန်းများအနေဖြင့် ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၉၇၃ ဒေါ်လာ၊ ပြည်တွင်းရွှေဈေး တစ်ကျပ်သား ကျပ် ၂၉၅၀ဝ၀ဝ ဖြစ်ကြောင်း သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ မတ် ၁၆ ရက်တွင် တစ်အောင်စ ၁၉၁၂ ဒေါ်လာ၊ ၁၇ ရက်တွင် ၁၉၂၇ ဒေါ်လာ၊ ၁၈ ရက်တွင် ၁၉၈၈ ဒေါ်လာ၊ ၂၀ ရက်တွင် ၁၉၇၃ ဒေါ်လာ၊ ၂၁ ရက်တွင် ၁၉၈၁ ဒေါ်လာ၊ ၂၂ ရက်တွင် ၁၉၄၁ ဒေါ်လာဖြစ်ကြောင်း သိရသည်။
ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်းအနီးရှိ ရွှေကံ့ကော် စတော်ဘယ်ရီခြံမှ စိုက်ခင်းရှင် ဒေါ်နန်းအေးပွဲနှင့်တွေ့ဆုံပြီး သီးနှံနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ စတော်ဘယ်ရီသီး စိုက်ပျိုးထားမှု အခြေအနေများ၊ စိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ ရာသီဥတုနှင့် သီးနှံထွက်နှုန်းများ၊ သီးနှံဈေးကွက်နှင့် ရောင်းချမှုအခြေအနေများကို သိရှိခဲ့ရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများအနေဖြင့် စပါးကိုအဓိကထား စိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံကို ယာမြေများတွင် အများဆုံး စိုက်ပျိုးကြသည် ။
ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီးနှင့် ဗိုလ်ကိတ်ပဲများ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲကြီးဈေးမှာ တက်နေပြီး ကျန်ပဲများမှာ အေးလျက်ရှိသည်။
ပြည်ကုန်စည်ဒိုင်၌ ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် မတ်ပဲ တစ်တင်းကို ကျပ် ၆၂၀ဝ၀-၆၂၅၀ဝ ဖြင့် တစ်ရက်ကို အိတ် ၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ မတ်လ ပထမပတ်တွင် မတ်ပဲ ဈေးကျလာပြီး ပဲတစ်တင်းကို ကျပ် ၆၀ဝ၀ဝ-၆၁၀ဝ၀ အထိ ဈေးကျလာခဲ့ပြီး ပဲတစ်တင်းကို ကျပ် ၁၀ဝ၀ ခန့် ဈေးလျော့ခဲ့သည်။ ရန်ကုန်ဝယ်လက် အဝယ်ရှိပြီးတစ်ရက်ကို အိတ် ၄၀ဝ၊ ၅၀ဝ ခန့် အရောင်းအဝယ်သွက်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ထန်းလျက်များ လှိုင်လှိုင်ပေါ်နေရာ ယခုနှစ် ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ လက်ရှိ ထန်းလျက်လှိုင်လှိုင်ရရှိနေပြီး တစ်ရက်ရှစ်ပိသာခန့်ထွက်ကြောင်း တစ်ပိဿာ ကျပ် ၂၅၀ဝ ရောင်းရပြီး ယခင်နှစ် ကာလတူက တစ်ပိဿာ ကျပ် ၁၈၀ဝ မှ ကျပ်၂၀ဝ၀ ရောင်းရ၍ ယခုနှစ်တွင် ဈေးကောင်းသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အတွင်းရှိ သပြေရုံအုပ်စု ၊ ငွေဒါးရကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၅၀ကျော်ခန့် ရှိသည်။ အိမ်ခြေ သုံးပုံ နှစ်ပုံလောက်သည် စံပယ်ပန်းကို စိုက်ပျိုးကြပြီး တချို့မှာ ခြံသီးသန့်စိုက်ပျိုး၍ တချို့မှာ အိမ်ခြံဝန်း အလွတ်များတွင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် (သစ်)တစ်ပြည် ကျပ် ၂၅၀ဝ ၊ ဧရာပဒေသာဆန် (သစ်) ၂၄ ပြည် တစ်အိတ် လျှင် ကျပ် ၆၀ဝ၀ဝ၊ မနောသုခဆန်(သစ်) တစ်ပြည် ကျပ် ၂၂၀ဝ ၊ မနောသုခ ဆန်(သစ်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၅၂၀ဝ၀၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ် ၁၈၀ဝ၊ ခရမ်းချဉ်သီး(ဗမာ) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ ကြက်သွန်နီ(သစ်) လက်လီ ဈေးနှုန်းမှာ(ကြီး) တစ်ပိဿာလျှင်ကျပ် ၂၀ဝ၀ ၊ (လတ်) တစ် ပိဿာလျှင် ကျပ်၁၈၀ဝ၊(အသေး)တစ်ပိဿာလျှင်ကျပ