Background
မြန်မာနိုင်ငံ၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုသည် နေရာဒေသ အနှံ့တွင် တစ်နှစ်ပတ်လုံး ထွက်ရှိနေသည်ဟု ဆိုရပါမည်။ ဒေသ အလိုက် ငရုတ်သီးပေါ်ချိန် ကွာခြားသကဲ့သို့ဈေးကွက်အတက်၊ အကျ ကလည်း ငရုတ်သီးထွက်ရှိချိန် ကာလအလိုက် ဖြစ်ပေါ်နေသည်။ ကြက်သွန်၊ ခရမ်းချဉ်၊ ငရုတ်တို့သည် ဈေးကွက် မတည်ငြိမ်သေးသော ဟင်းသီးဟင်းရွက်သီးနှံများ ဖြစ်ကြ သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် ငရုတ်(မိုး) စိုက်ဧက စုစု ပေါင်း ၁၆၁၈၁ ဧက စိုက်ပျိုးထားရှိပြီး ၁၂၆၇ ဧက ရိတ်သိမ်းထွက်ရှိသည်။ တစ်ဧက အထွက်နှုန်းမှာ ၅၅၀ တင်း ထွက်ရှိ ပြီး ဒေသအလိုက် ငရုတ်မျိုးများ ကွဲပြားကြသည်။ အများဆုံး စိုက်ပျိုးသော ငရုတ်မျိုးများမှာ ၆၉၂ မျိုး၊ ၉၂၉ မျိုးနှင့် ဒီမွန်မျိုးများ စိုက်ပျိုးကြသည်။ ငရုတ်သီးအစို တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဖြင့် ရောင်းချလျက် ရှိပြီး ပွဲရုံများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူသူများရှိ သကဲ့သို့ အချို့ တောင်သူများမှာ ပွဲရုံသို့ ကိုယ်တိုင်သွားရောက် ရောင်းချခြင်းများလည်း ရှိသည်။
သြဂုတ် ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၄၉ သန်း တန်ဖိုးရှိ ရော်ဘာ ၇၇၈၆ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၅၄၁၀ ကျော်၊ အိန္ဒိယ နိုင်ငံသို့ ရော်ဘာ ၁၁၄၆ တန်ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၆၆၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၈၀ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၀ တင်ပို့နိုင်ခဲ့သည်။သြဂုတ်လတွင် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၀၇ သန်း တန်ဖိုးရှိ ရော်ဘာ ၄၅၇၇ တန်ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ် နိုင်ငံသို့ ရော်ဘာတန်ချိန်
ဘဏ္ဍာနှစ်တစ်ခုအတွင်း နိုင်ငံတစ်နိုင်ငံက တင်ပို့သော ပို့ကုန်ထက် တင်သွင်းသော သွင်းကုန်က ပိုမိုများပြားနေချိန်တွင် ကုန်သွယ်ရေးလိုငွေ (Trade deficit)ဖြစ်ပေါ်သည်။ Trade deficit ကို အနုတ်လက္ခဏာဆောင်သော ကုန်သွယ်မှုလက်ကျန် (Negative balance of trade) ဟူ၍လည်း ခေါ်ဆိုသည်။ Trade deficit သည် ကမ္ဘာ့နိုင်ငံများကြား ဖြစ်ပေါ်နေသည့် အပြည်ပြည်ဆိုင်ရာကုန်သွယ် မှုပမာဏကို တိုင်းတာသော နည်းလမ်းတစ်ခုဖြစ်သည်။ Trade deficit ကို ပုံစံအမျိုးမျိုးဖြင့်တွက်ချက်နိုင်ပြီး ကုန်စည်နှင့်ဝန်ဆောင် မှုအုပ်စုများအလိုက် ခွဲခြားတွက်ချက်နိုင်သည်။ သာမန်စာရင်း (Current account)၊ ဘဏ္ဍာရေးစာရင်း (Financial
ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းသည်နှင့် ပြည်တွင်းသို့ရွှေတင်သွင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့်ကဇွန် ၂ ရက်တွင် ပြောသည်။"ပြည်တွင်းကို ရွှေတင်သွင်းဖို့ အတွက် ကမ္ဘာ့ဈေးအကျကိုစောင့်နေကြတယ်။ကမ္ဘာ့ဈေးလည်းကျတော့ကျလာပါပြီ။ ရွှေဈေးက ၁၈၀ဝအောက်လောက်ရောက်တာနဲ့ စကြမှာပါ။ အခုက ၁၈၃၅ လောက်ဆိုတော့ စောင့်နေကြတာ"ဟု၎င်းကပြောသည်။YGEA အနေ ဖြင့် ဇွန်လအပါဝင်လာမည့်သုံးလအတွင်း ပြည်တွင်း၌ ရွှေကုန်ကြမ်းလုံလောက်မှုရှိစေရန်အတွက် ပြည်ပကနေ ရွှေတင်သွင်းသွားရန် ပြီးခဲ့ သည့် မေလမှစတင်ကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ထောပတ်ပဲများ မတ်လ ဒုတိယပတ်မှစ၍ ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရှိရသည်။ အောက်တိုဘာ၊ နိုဝင်ဘာတွင် စိုက်ပျိုးခဲ့ပြီး မတ်လတွင် ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်အနက်မှ အခြားသုံးမြို့နယ်သည် ထောပတ်ပဲကို မိုးနှင့်ဆောင်းနှစ်ရာသီစိုက်ပျိုးမှုရှိပြီး ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို ဆောင်းရာသီ၌သာ စိုက်ပျိုးမှုရှိကြောင်း သိရှိရသည်။ မြင်းခြံခရိုင်၏ ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းထောပတ်ပဲ စိုက်ပျိုးမှုဧကပေါင်းမှာ ၅၀၉၄ ဧကရှိပြီး ငါန်းဇွန်မြို့နယ်အနေဖြင့် ၂၅၁၀ ဧက စိုက်ပျိုးနိုင်ခဲ့သည်။ ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ထန်းပင် အများဆုံး စိုက်ပျိုးထွက်ရှိရာ မြို့နယ်တစ်ခုဖြစ်သည်။ ထန်းပင် စိုက် ပျိုးမှုအနေဖြင့် ၄၁၇၂ ဧကရှိကြောင်း သိရှိရပြီး ယခင်နှစ်များက ထန်းလှီးတောင်သူနည်းပါးခြင်း၊ မိုးနည်းခြင်းတို့ကြောင့် ထန်းလျက် ထွက်ရှိမှု နည်းခဲ့သည်။ ယခုနှစ်တွင် ထန်းလှီးတောင်သူများ တိုးလာ ပြီး မိုးကောင်းမွန်ခဲ့သောကြောင့် ယခင်နှစ်ထက် အထွက်နှုန်းသုံးဆခန့် ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းကြောင်း ထန်းတောင်သူတစ်ဦးထံမှ သိရ သည်။ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ နှစ်ကျပ်ခွဲ၊ တောင်ဇင်၊ လက်ပံပင်၊တောင်ခြေ၊ ကျွန်းခင်းကြီး၊ ဂွေးပင
ပြည်တွင်း ပြောင်းဈေးကွက်တွင် ပို့ကုန်ဝယ်လိုအား အခြေ အနေကောင်းများရှိသော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ တည်ငြိမ်နေခြင်းကြောင့် ပြောင်းဈေးနှုန်းမှာ လက်ရှိအနေအထား ထက် ဈေးမြင့်တက်နိုင်ခြင်းမရှိသေးဘဲ ဆက်လက်တည်ငြိမ်နေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းမှ သိရသည်။
ကသာခရိုင်အတွင်းရှိ ကသာမြို့နယ်နှင့်ထီးချိုင့်မြို့ နယ်များမှ ကြံတောင်သူများသည် ဧရာဝတီမြစ် အရှေ့ဘက် ခြမ်းတွင် ကြံများကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး သက်ဆိုင်ရာဌာန၏ စာရင်းအရ ခရိုင်အတွင်း ကြံစိုက်ဧက ၁၂၀ဝ၀ဝ ခန့် ရှိကြောင်း သိရှိရသည်။ ၂၀၁၆ ခုနှစ်ကစပြီး သကြားဈေးမကောင်းသောကြောင့် ကြံတောင်သူများ အရှုံးပေါ်ခဲ့သည့်အတွက် ယခုနှစ်တွင် ကြံစိုက်ဧက လျှော့ချခဲ့ပြီး အစားထိုးသီးနှံအဖြစ် နှမ်းသီးနှံကို စိုက်ပျိုးခဲ့ကြောင်း၊ ယခုနှစ်တွင် သကြားစက်များမှ ကြံတစ် တန် စက်ရုံအရောက် ကျပ် ၆၀ဝ၀ဝ ဈေးနှင့် ဝယ်ယူမည်ဟု သိရှိရပြီး တချို့တောင်သူများကို ကြိုတင်စာချုပ်၍ ဝယ်ယူနေ သည်ဟုလည်း သိရှိရကြောင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် မတ်ပဲဈေးအေးသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး၊မတ်လ ၁၂ ရက်နေ့တွင် တစ်တင်းလျှင် ၂၇၀ဝ၀ ကျပ်ဈေးဖြင့် အိတ် ၁၀ဝ၀ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ပဲတီစိမ်း (ဆီပြောင်) တစ်တင်းလျှင် ၃၅၀ဝ၀ ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်ပြီး၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်တင်းလျှင် ၃၄၇၀ဝ ကျပ်ဈေးဖြင့်အရောင်းအဝယ်ဖြစ်ကာ၊ ပဲတိစိမ်း (အနီ) မှာ တစ်တင်းလျှင် ၆၅၀ဝ၀ ကျပ်ဈေးပေါက်လျက်ရှိပါသည်။ ပဲလွန်းနီ တစ်တင်းလျှင် ၃၃၀ဝ၀ ကျပ်ဈေးဖြင့်လည်းကောင်း၊ ပဲလွန်းဖြူတစ်တင်းလျှင် ၂၃၀ဝ၀ကျပ် ဈေးဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ အစေ့ထုတ် ပြောင်း တစ်တင်းလျှင် ၁၀၁၀ဝ ကျပ်ဈေးဖြင့်လည်းကောင်း၊ ဖွဲနုပေါင်