Main menu

Background

Wednesday, 1 Sep 2010

မန်း V2 ဈေးကွက်မှာ အရင်တစ်ပတ်က တစ်ပိဿာကို ၁ဝ၅၇ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဒီတစ်ပတ်မှာတော့ ၁၇ ကျပ်ဝန်းကျင်ဈေးမြင့်လာကာ တစ်ပိဿာကို ၁ဝ၇၄ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒေသတွင်းသို့ စစ်ကိုင်းတိုင်း၊ မုံရွာ၊ မြင်းမူနဲ့ ဆားတောင်တို့မှ တစ်ပတ်အတွင်း အိတ် ၈ဝဝ ခန့် ဝင်ရောက်လာခဲ့ပြီး၊ ဒေသတွင်းလှောင်လက်သမားများရဲ့ ရောင်းဝယ်မှုရှိသလို ရန်ကုန် ဝယ်လက်သို့ တစ်ပတ်အတွင်း အိတ် ၅၃ဝဝ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။                                                                                                                                                                    ချိူချိူမြင့့််

Wednesday, 1 Sep 2010

အိန္ဒိယမိုးရာသီပဲမိုျးစုံစိုက်ဧရိယာပိုမိုခြင်းနဲ့ ဒေသတွင်း လှောင်လက် များက ဝယ်လိုအားနည်းပါး နေခြင်းကြောင့် ကုလားပဲဈေး သိသိသာသာ ကျဆင်း ခဲ့ပါတယ်။ ဃြီနဌ ကုန်စည်ဒိုင်မှာ စက်တင်ဘာလ ကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရူပီး ၅ဝဝ  (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး၊ ရူပီး ၂၁၆၅ဝ (ကန်ဒေါ်လာ ၄၆၅)၊ အောက်တိုဘာလကြိုပွိုင့်ဈေးဟာ ရူပီး ၂၂၄၁ဝ (ကန်ဒေါ်လာ ၄၈၁) နဲ့ ဈေးပိတ် ခဲ့တယ်လို့ သိရပါတယ်။     အလားတူ လက်ငင်းဈေးကွက်မှာလည်း ကာဘူလီကုလားပဲခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၁ဝဝဝ(ကန်ဒေါ်လာ၂၁) ကျဆင်းပြီး ရူပီး ၄၆ဝဝဝ-၄၇ဝဝဝ  (ကန်ဒေါ်လာ ၉၈၈-၁ဝဝ၉)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မိုးရာသီ ပဲမိုျးစုံ ဝင်ရောက် ်မှုစတင်လာပြီဖြစ်ပြီး မိုးရေအလုံအလောက်ရရှိတာကြောင့် အထွက်တိုးတက်နိုင်ဖွယ်ရှိခြင်းက ဈေးနှုန်းမတက်အောင် ထိန်းထားခြင်းဖြစ်ပါ တယ်။     ဒါပေမဲ့ ပြည်တွင်းလှောင်လက်များက ဈေးအကျမှာ ပြန်လည်ဝယ်ယူ ဖွယ်ရှိပြီး ပွဲတော်အတွက် အဝယ်လည်း တက်နိုင်တာကြောင့် စက်တင်ဘာလလယ်  ကာလလတ်အတွင်း ဈေးပြန်လည်ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                                  ယမင်းခင်။ Sources: commodityonline

Wednesday, 1 Sep 2010

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ပဲတီစိမ်းစိုက်ပိုျးထွက်ရှိမှုအား ကောင်းသကဲ့သို့ ဈေးနှုန်းများလည်း တည်ငြိမ်နေ လျက်ရှိပါတယ်။ ဈေးကွက်မှာ ဒေသထွက်ပဲနဲ့ မြန်မာပဲ (၂)မိုျးသာရှိပြီး ဒေသထွက်ပဲများကို ပိုမို ကြိုက်နှစ်သက်စွာ စားသုံး ကြပါတယ်။ တရုတ်ပြည် ဒေသထွက်အရည်အသွေးမီ ပဲတီစိမ်းများမှာ လက်လီ  (၁) ကီလိုကို  (၂၃) ယွမ်ရှိပြီး မြန်မာ့ပဲ လက်လီဈေးမှာ(၁) ကီလိုကို (၁၆ မှ ၁၈) ယွမ်အတွင်း ရောင်းဝယ်မှု ရှိနေတယ်လို့ သိရပါတယ်။ ယခင်နှစ် ပဲတီစိမ်းဈေးကွက်တွင် တရုတ်ပြည်တွင်းထွက်ပဲများမှာ မြန်မာ့ပဲတီစိမ်းထက် အရည်အသွေးပိုမိုသော်လည်း ဈေးနှုန်းမှာ (၁) ကီလို (၁) ယွမ်သာ ပိုမိုခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ကူမင်း ဈေးကွက်အတွင်း  (၁) ကီလို (၅) ယွမ်ခန့် ကွာခြားနေတယ်လို့ သိရပါတယ်။ မြန်မာ့ပို့ကုန်ပဲတီစိမ်း တရုတ်ဈေးကွက် မှာ နေရာယူနိုင်ဖို့အတွက်အရည်အသွေးတိုးမြှင့်ထိန်းသိမ်းဖို့လိုအပ်နေပြီဖြစ်ကြောင်းအသိပေးလိုက်ရပါတယ်။                                                                                                                     စမ်းစမ်းအေး၊ Sources: ယူနမ်ချွမ်းချိန်ဝမ်ပေါင်

Wednesday, 1 Sep 2010

ပြည်ဈေးကွက်သို့ ပဲတီစိမ်းအဝင်နည်းလာခဲ့ပါတယ်။ ဝင်ရောက်လာတဲ့ ပဲတီစိမ်းများကလည်း ယခုရက်ပိုင်း တွင် မိုးများခဲ့လို့ ပဲတီစိမ်းအရည်အသွေး ကျသွားတဲ့အတွက် လိုင်းသမားများမှ ဈေးလျော့အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဈေးနှုန်းမှာ ယခင်အပတ်က တစ်တင်းကို ၂၇ဝဝဝကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ်အတွင်း တစ်တင်းကို ၂၅ဝဝဝ ကျပ်ထိ တစ်တင်းကို ၂ဝဝဝ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ ပဲတီစိမ်းတင်ပို့မှုအနေဖြင့် ရန်ကုန်ကို အိတ် ၁၆ဝဝ ခန့် တင်ပို့ နိုင်တယ်လို့ သိရပါတယ်။                                                                                                                                                                                                        ခင်ဆွေဝင်း

Wednesday, 1 Sep 2010

     ယွမ်ဈေးကျဆင်းနေသော်လည်း  ပဲတီစိမ်းဈေးက အရောင်းအဝယ်သွက်မနေဘဲ မှန်မှန်အေးအေးသာ ဖြစ်နေပါ တယ်။ ထွက်လာတဲ့ ပဲတီစိမ်းများက အရည်အသွေးအမိုျးအမိုျးဖြစ်နေလို့ ဈေးနှုန်းလည်း အမိုျုးမိုျးနဲ့ ရောင်းဝယ်နေကြပါတယ်။ အညိုဖောက်များတဲ့ပဲက အောက်ဈေးဖြစ်ပြီး အရည်အသွေးကောင်းအရောင်လှတဲ့ ပဲကဈေးကောင်းရပါတယ်။ တရုတ်လက်ကလည်း အဝယ်အေးနေလို့ တရုတ်ကိုတက်နေတဲ့ ပဲလည်းမှန်မှန်ပဲ သွားနေပါတယ်။ ပဲတီစိမ်းဈေးက ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ တစ်ပိဿာကို ၁၂၄၄ ကျပ်က ၁၈၃၁ ကျပ်ကြားဈေးဖြစ်ပေါ်ခဲ့ပြီး၊ ယခုတစ်ပတ်အတွင်း ၁၂၄၄ ကျပ်မှ ၁၆၁၈ ကျပ်အတွင်း ဈေးဖြစ်ခဲ့တာတွေ့ရပါတယ်။ ခူးဆွတ်နေတဲ့ ပဲတီစိမ်းသမားတွေအတွက်တော့ မိုးကြောင့် နည်းနည်း ခက်နေကြကြောင်း တွေ့ရပါတယ်။                                                                                                                                                                                                 မျိူးသူ

Wednesday, 1 Sep 2010

အိန္ဒိယပြည်တွင်းပဲအဓိကစိုက်ပိုျးတဲ့ ဒေသတွေရဲ့ ဈေးကွက်အတွင်းကို ပဲတီစိမ်းအသစ်ဝင်ရောက်မှု အရှိန်အဟုန် ကောင်းလာပြီဖြစ်လို့ ပဲတီစိမ်းဈေး ကျဆင်းနေတာတွေ့ရပါတယ်။ လက်ငင်းဈေးကွက်မှာ တစ်တန်ကို ရူပီး ၂ဝဝဝ  (ကန်ဒေါ်လာ ၄၃) ကျဆင်းပြီး ရူပီး ၂၈ဝဝဝ-၃၆ဝဝဝ  (ကန်ဒေါ်လာ ၆ဝ၁-၇၇၃) ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။ အင်ဒိုရီ ဈေးကွက်အတွင်းကို သြဂုတ်လ ၂၆ ရက်နေ့က ပဲတီစိမ်းအသစ်အိတ် ၁၃ဝဝ ခန့်ဝင်ရောက်ခဲ့ပါတယ်။ ပဲအသစ်တွေ ရှေ့ဆက် တိုးတက်ဝင်ရောက်တော့မှာဖြစ်လို့ ပဲမိုျးစုံဈေးအကျဘက်ကို ဆက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                              MIRT-MAPT

Wednesday, 1 Sep 2010

သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း  ပဲတီစိမ်း ၁၆၁၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၉၂၂၉ သန်းဖိုးမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း ၄၂၆၃ တန်နဲ့ ပဲတီစိမ်းလုံးခြမ်း ၁၄၄ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်းတင်ပို့မှု တန်ချိန် ၂၆ဝဝ ကျော်လျော့နည်းခဲ့ပါတယ်။ယခုအပတ်မှာ တင်ပို့မှု လျော့ကျသော်လည်း မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပဲဈေးများ အနည်းငယ်တက်လျက် ရှိတယ်လို့ သိရပါတယ်။ ပဲတီစိမ်း ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                  မိမိဘက်       ပြောင်းလဲမှု     ရာခိုင်နှုန်း      တစ်ဘက်နိုင်ငံ         ပြောင်းလဲမှု         ရာခိုင်နှုန်း                               (ကျပ်/တန်)                                        (ဒေါ်လာ/တန်)ဇူလှိုင်လ တတိယပတ်       ၁၃၂၂၆၅၀                                             ၁၃၀၅                သြဂုတ်လ ဒုတိယပတ်       ၁၁၀၄၈၆၂      ၂၁၇၇၈၈          ၁၅              ၁၀၉၇                 ၂၀၈                  ၁၉သြဂုတ်လ တတိယပတ်      ၁၁၂၂၉၄၈        ၁၈၀၈၆            ၂             ၁၁၁၄                   ၁၇                    ၂                                                                                                                               MIRT(DOBT)

Wednesday, 1 Sep 2010

ပဲတီစိမ်းတင်ပို့မှု လျော့ကျဆဲပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခုတစ်ပတ် (သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်) အတွင်းမှာ လည်း တန်ချိန် ၂၆ဝဝ ခန့်သာရှိလို့ တင်ပို့မှု လျော့ကျနေဆဲဖြစ်ပါတယ်။ ပြည်ပဝယ်လက်တွေအနေနဲ့ တင်ဒါအတွက်ဝယ်ယူမှုကလွဲပြီး အဝယ်ရပ်ထားကြောင်း သိရပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ် တွေ ဝင်ရောက်မှု တိုးတက်လာတာကြောင့်လို့ သိရပါတယ်။ လတ်တလောအနေနဲ့ တရုတ်ဘက်ကလည်း အဝယ်ပြန်အေးသွားတာကြောင့် ပြည်တွင်းဈေးကွက်တွေမှာ ဈေးလျော့လာတာတွေ့ရပါတယ်။ ရန်ကုန်FOB ဈေးကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                            FAQ(အညာ)           FAQ(ပခုက္ကူ)                 ပဲတီစိမ်းရွှေဝါအသေး၂၆-၈-၁ဝ                 ၉၅ဝ-၉၇ဝ              ၁၁၅ဝ-၁၁၆ဝ                 ၂၅ဝ-၁၂၆ဝ၁၉-၈-၁ဝ                 ၁၁၅ဝ-၁၁၆ဝ           ၁၂၇ဝ-၁၂၉ဝ                  ၁၃၈ဝ-၁၄ဝဝ                                                                                                                    MIRT(MAPT)

Wednesday, 1 Sep 2010

အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲစင်းငုံလက်ကျန်ပမာဏ ပုံမှန်ထက် များနေခြင်းက ရောင်းအားကို ပိုမိုစေတဲ့အပြင် ဝယ်လိုအားများများစားစား မရှိခြင်း တို့ကြောင့် ပဲစင်းငုံဈေးဟာ ဆက်တိုက်ဆင်းလားတာ တွေ့ရပါတယ်။ ပဲစင်းငုံ အသစ်ကို ဒီဇင်ဘာမှ ရိတ်သိမ်းရမှာဖြစ်ပြီးစိုက်ဧရိယာမြင့်တက်ခြင်းကြောင့် အထွက်ပိုမယ်လို့ ခန့်မှန်းပေမဲ့ ရာသီဥတုအခြေအနေကို စောင့်ကြည့်ရအုံးမှာ ဖြစ်ပါ တယ်။ လက်ကျန်များနေတာကြောင့် ကာလတိုအတွင်းတော့ ဈေဆက်လက် လျော့ ကျဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ MIRT - MAPT

Wednesday, 1 Sep 2010

   မုတ်သုန်မိုးအချိန်မှန် ရွာသွန်းမှုရှိတာကြောင့် သီးနံှထွက်ရှိမှု အလား အလာကောင်းလာတဲ့အတွက်  အိန္ဒိယမှာ ပဲတီစိမ်း၊ ပဲစင်းငုံနဲ့ မတ်ပဲလို ပဲမိုျးစုံ ဈေးနှုန်းများ လာမယ့်လတွေမှ ကျဆင်းဖွယ်ရှိတယ်လို့ သြဂုတ်လ ၂၆ ရက်နေ့မှာ ကုန်သည်များက ပြောပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဈေးနှုန်းအကျဘက်သွားနေတဲ့ သတင်းများ ကလည်း ပြည်တွင်ဈေးနှုန်းကို ကျဆင်းစေပါတယ်။ သြဂုတ်လ ၂ဝ ရက်နေ့တိုင်အောင် ပဲမိုျးစုံစိုက်ဧရိယာဟာ ဟက်တာ ၁ဝ ဒသမ ၅၈ သန်းရှိပြီဖြစ်လို့ ယခင်နှစ်ထက် ရာခိုင်နှုန်းအားဖြင့် ၂ဝ ရာခိုင်နှုန်း မြင့်တက်နေပါတယ်။     မကြာသေးမီက စိုက်ပိုျးရေးဌာနအတွင်းဝန် ပီကေဘာဆူက ၂ဝ၁ဝ-၂ဝ၁၁ မှာပဲမိုျးစုံတန်ချိန် ၁၆ ဒသမ ၅ သန်းအထိ ထွက်ရှိနိုင်တယ်လို့ ခန့်မှန်း ပြောကြားထားပါတယ်။ ပဲတီစိမ်းဈေးနှုန်းဟာ ယခုလအစပိုင်းကတည်းက တစ်တန်ကို ရူပီး ၇ဝဝဝ-၈ဝဝဝ (ကန်ဒေါ်လာ၁၅ဝ-၁၇၂) ကျဆင်းပြီး တစ်တန်ရူပီး ၄ဝဝဝဝ-၄၉ဝဝဝ (ကန်ဒေါ်လာ ၈၅၉-၁ဝ၅၂)ဈေးဖြစ်ခဲ့ပါတယ်။ လက်ရှိပဲ ဲအသစ်ရောင်းချမှု တိုးတက်နေတာကြောင့် ဆက်လက်ကျဆင်းဖွယ် ရှိတယ်လို ှSumitra Trading ကုမ္ပဏီပိုင်ရှင် အရန်ကူးမားက ပြောကြားပါတယ်။ အဓိကစိုက်ပိုျးတဲ့ အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာ၊ အာကိုလာ၊ ဂျယ်နာနဲ့ မဟာရှ်တရာတို့ရဲ့ ဈေးကွက်ထဲကို ပဲအသစ်တွေ စတင်ဝင်ရောက်နေပြီလို့ ဆိုပါတယ်။    သြဂုတ်လ ၂ဝ ရက်နေ့အထိ ပဲတီစိမ်းစိုက်ပိုျးပြီးစီးမှုဟာ ဟက်တာ ၂ ဒသမ ၅ သန်းရှိလို့ ယခင်နှစ် စိုက်ဟက်တာ ၂ ဒသမ ၂ သန်းထက် ၃ သန်းပိုမိုနေပါတယ်။ ရန်ကုန် မတ်ပဲ SQ ဈေးကလည်း ပြည်ပဈေးကွက် အရောင်း အဝယ်နည်းလို့ လှောင်လက်များ ထုတ်ရောင်းလာကြတဲ့အတွက် ပြီးခဲ့တဲ့ ၂၅ ရက်အတွင်း ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၄) လျော့ကျပြီး တစ်တန်ကို ရူပီး ၅၅ဝဝဝ -၅၅၅ဝဝ (ကန်ဒေါ်လာ ၁၁၈၁-၁၁၉၂) ဈေးနဲ့ ရောင်းချခဲ့တယ်လို့ အခြားကုန်သည်တစ်ဦးကလည်း ဆိုပါတယ်။    စက်တင်ဘာလလယ်မှာ မတ်ပဲအသစ်စတင်ဝင်ရောက်တော့မှာဖြစ်လို့ ဈေးထပ်မံကျဆင်းနိုင်တယ်လို့ ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ မဟာရပ်ရှ်တရာ၊ မဒ္ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ် တို့မှာ မိုးရေကောင်းကောင်းရရှိတာကြောင့် မတ်ပဲစိုက်ဧရိယာဟာ ဟက်တာ ၂ ဒသမ ၁၈ သန်းရှိပြီး ယခင်နှစ်ကာလတူ ဟက်တာ ၁ ဒသမ ၉၆ သန်းနဲ့ နှိုင်းယှဉ်ရင် ဟက်တာ ၂ သိန်းကျော်ပိုမိုကြောင်း သိရပါတယ်။                                                                                                      ယမင်းခင်၊Sources: Financial Express

Pages