Main menu

Background

Wednesday, 1 Sep 2010

အိန္ဒိယပြည်တွင်း ဈေးကွက်တွေကို မတ်ပဲအသစ်ဝင်ရောက်မှုဟာ စက်တင်ဘာမှစတင်မှ ဖြစ်ပေမဲ့ အခြားပဲဈေးတွေ ကျဆင်းနေတာကြောင့် မတ်ပဲ ဈေးလည်း လိုက်ပါကျဆင်းနေပါတယ်။ဒါပေမဲ့ လတ်တလောပဲစိုက်ပိုျးတဲ့ အချို့ဒေသတွေမှာ မိုးဆက်တိုက်ရွာသွန်းပြီးရေလွှမ်းမိုးမှုတွေဖြစ်နေခြင်းက ပဲရိတ်သိမ်းမှုကို နှောင့်နှေး စေနိုင်ပါတယ်။ လက်ရှိဈေးကွက်တွေမှာ မတ်ပဲရရှိနိုင်မှု နည်းနေပြီး မတ်ပဲအသစ် ဈေးကွက်ဝင်ရောက်မှု နောက်ကျမယ်ဆိုရင် ကာလတိုအတွင်း မတ်ပဲ ဈေးကျဆင်းမှုကို ကန့်သတ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ Sources: PTI

Wednesday, 1 Sep 2010

မြေထောက်ပဲ ပင်လယ်ရေကြောင်း တင်ပို့မှု အနေနဲ့ ယခင်တစ်ပတ်က တန်ချိန် ၁ဝဝ ကို လျော့ကျ တင်ပို့ခဲ့ရာ မှ ယခုတစ်ပတ်  သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အတွင်းမှာတော့ တန်ချိန် ၃ဝဝ ကျော်ကို ပုံမှန်အတိုင်းပြန်လည် တင်ပို့ လာတာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေကတော့ ရုရှား၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယ ဖြစ်ပါတယ်။ ရန်ကုန်FOB ဈေးမှာ ယခင်တစ်ပတ်လိုပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၇ဝ-၆၈ဝ နဲ့ ပြောင်းလဲ ခြင်းမရှိသကဲ့သို့ အိန္ဒိယမွန်ဘိုင်းဈေးမှာ လည်း (polished ) တစ်တန်ကို ရူပီး ၃၃၅ဝဝ (ကန်ဒေါ်လာ ၇၁၅)၊ (unpolished )တစ်တန်ကို ရူပီး ၃၂ဝဝဝ (ကန်ဒေါ်လာ ၆၈၃) နဲ့ ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။                                                                                                                           MIRT - MAPT

Wednesday, 1 Sep 2010

ပိုမိုတင်ပို့လာတဲ့ ပဲလွန်းဖြူယခုတစ်ပတ် သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အတွင်း ပင်လယ်ရေ ကြောင်းက ပဲလွန်းဖြူတင်ပို့မှုဟာ တန်ချိန် ၆ဝဝ နီးပါးကို ပိုမိုလာတာ တွေ့ရပါတယ်။ ပုံမှန်အားဖြင့် ယခင် သီတင်းပတ်များက တစ်ပတ်ကို တန်ချိန် ၃ဝဝ ဝန်းကျင်သာ တင်ပို့မှု ရှိရာမှ ယခုတစ်ပတ် တိုးတက် လာခြင်း ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယားနဲ့ ယူအေအီးကို တင်ပို့တာဖြစ်ပါတယ်။ ရန်ကုန် ၤFOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ သြဂုတ်လ ၂၆ ရက်မှာလည်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ နဲ့မျှတစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ ဈေး ပြောင်းလဲခြင်းမရှိဘဲ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို သြဂုတ်လ ၂၅ ရက်နေ့က ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၃၅) ဈေးဖြစ်ကြောင်း သိရပါတယ်။                                                                                                                                                                                                                                                        MIRT - MAPT 

Wednesday, 1 Sep 2010

      မုံရွာကုန်စည်ဒိုင်ရဲ့ ပဲစင်းငုံနီဈေးကွက်ဟာ သြဂုတ်လအတွင်း လဆန်းပိုင်းက တစ်တင်း ၂၂၇ဝဝ ကျပ်နဲ့ အမြင့်ဆုံး ဈေးရခဲ့ရာက ယခုအပတ်မှာ တစ်တင်း ၂ဝ၅ဝဝ ကျပ်ထိ ဈေးကျဆင်းခဲ့ပါတယ်။ ယခုလအတွင်း မန္တလေးနဲ့ ရန်ကုန် ဝယ်လက်တွေရဲ့ အဝယ်အော် ်ဒါပေါ် မူတည်ပြီး ကျဈေး တက်ဈေးဖြစ်ပေါ် နေသလို ဒေသခံ ကုန်သည်အခိုျ့ငွေပေါ်အောင်ရောင်းခဲ့ကြလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၂ဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။       သြဂုတ်လ ၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ မုံရွာကုန်စည်ဒိုင်မှာ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ထပ်ဆင့်တင်ပို့မှု အနေနဲ့ မန္တလေးကို တင်း ၆ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၄၅ဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။ မုံရွာနယ်မှာ ယခုနှစ်စိုက်ပိုျးခဲ့ကြတဲ့ ပဲစင်းငုံပင်တွေကတော့ ဝါခေါင်မိုးရဲ့ ပံ့ပိုးမှုကြောင့် လက်ရှိဈေးကွက်ကို ဥပက္ခာပြုပြီး အညွန့်တဝေဝေနဲ့ လန်းဆန်း ရွှမ်းလဲ့နေလျက်ရှိတာ တွေ့မြင်ခဲ့ရပါတယ်။                                                                                                                                                                                                                                                                ထွန်းလှိုင်

Wednesday, 1 Sep 2010

ယခုတစ်ပတ်ပြည်ဈေးကွက်မှာတော့ ပဲစင်းငုံပိဿာ ၂ဝ တစ်တင်းကို ၂၁ဝဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေး အတိုင်း ဈေးငြိမ်လျက်ရှိတာကို တွေ့ရ ပါတယ်။ ပြည်ဈေးကွက်တွင် ပဲစင်းငုံမှာ ဧပြီ၊ မေလမှစ၍ လက်ကျန်များ တဖြည်းဖြည်းလျော့နည်း လာခဲ့ပြီးနောက် အရောင်းအဝယ်များအေးနေခဲ့တာကို တွေ့ရ ပါတယ်။ ပဲစင်းငုံလက်ကျန် လျော့နည်းနေခြင်း၊ လက်ဝယ်အနည်းငယ် ကျန်ရှိနေ သော တချို့လှောင်လက်သမားများမှာ ဈေးကောင်း စောင့်ဆိုင်းနေခြင်းများကြောင့် အရောင်းအဝယ်မဖြစ်ကြောင်း သိရပါတယ်။                                                                                                                               ဆုမွန်ဆွေ

Wednesday, 1 Sep 2010

မန္တလေးကုန်စည်ဒိုင်ရဲ့ ပဲစင်းငုံ(နီ)တစ်ပိဿာ ဈေးဟာ ယခုတစ်ပတ်မှာ ၁ဝဝဝ ကျပ်ဈေးပေါက်ပါတယ်။ ရောင်းသူလဲနည်း၊ ဝယ်သူလဲနည်းနေတာတွေ့ရ ပါတယ်။ မန္တလေးတစ်တိုင်းလုံး ပဲစင်းငုံစိုက်ဧက ၄၈၁၁၉၂ စိုက်နိုင် ခဲ့လို့ မနှစ်ကထက် ၁ဝ၂၂၆ ဧကပိုစိုက်နိုင်ခဲ့ပါတယ်။ မိုးလေဝသအခြေအနေက အညာ မှာ မိုးနောက်ကျခဲ့လို့ ပဲစင်းငုံပင်တွေက တာထွက်နှေးခဲ့ပါတယ်။ ဧကအခိုျ့ပင်ပေါက် နည်း၊ ကြီးထွားမှုနှေးနေခဲ့ပါတယ်။ သြဂုတ်လ လယ်နောက်ပိုင်းမှာ မိုးတော်တော်ရွာ လာလို့ ပဲစင်းငုံကမနှစ်ကထက် ထွက်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒီဈေးမိုျးနဲ့ သွားနေရင် ဈေးအဖွင့်နည်းနိုင်ပါတယ်။ အိတ်စပို့ကလည်းများများ မတင်နိုင်ပဲ ကုန်သည်တွေ ဈေးကြီး မိထားတာများကြလို့ တဖြည်းဖြည်းသာထုတ်နေကြပြီး ဈေးတက်မျှော်နေ ကြပါတယ်။                                                                                                                                                                                   မျိူးသူ

Wednesday, 1 Sep 2010

နည်းနည်းမှန်မှန်သာသွားနေတဲ့ ပဲစင်းငုံပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုကတော့ နည်းနည်းနဲ့မှန်မှန်သာ သွားနေတာတွေ့ရပါတယ်။ ယခုတစ်ပတ် (သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်)မှာလည်း တန်ချိန် ၃ဝဝဝ နီးပါးသာ တင်ပို့မှုရှိခဲ့ပါတယ်။ အိန္ဒိယပဲစင်းငုံဈေးကွက်မှာ လက်ကျန်အလုံအလောက်ရှိလို့ မြန်မာနိုင်ငံက တင်သွင်းမှုလျော့ကျနေခြင်းဖြစ်ပေမဲ့ ယခုရက်ပိုင်းမှာတော့ အိန္ဒိယဝယ်လက်တွေ အဝယ်ပြန်သွက်လာတယ်လို့ သိရပါ တယ်။ ဒါပေမဲ့ ရန်ကုန် FBO ဈေးကတော့ ယခင်တစ်ပတ်ထက် လျော့ကျလာတာ တွေ့ရပါတယ်။                                                                                                                           ဒေါ်လာ/တန်                   ပဲစင်းငုံနီ                       ပဲစင်းငုံနီ၊ အဖြူ၂၆-၈-၁ဝ        ၇၈ဝ-၇၉ဝ                     ၆၈ဝ-၆၉ဝ၁၉-၈-၁ဝ        ၇၉ဝ-၈၁ဝ                     ၆၉ဝ-၇ဝဝ                                                                                MIRT(MAPT)

Wednesday, 1 Sep 2010

ပြည်ဈေးကွက်ရဲ့ မတ်ပဲဈေးက သြဂုတ်လစတုတ္ထပတ်မှာ ပိဿာ ၂ဝ ဝင်ပဲတစ်တင်းကို ၂၆၆ဝဝ ကျပ်ဈေးရှိ ပါတယ်။ မြို့ခံပဲကုန်သည်တွေရဲ့ လက်ထဲမှာ လက်ကျန်နည်းနေပြီး ထုတ်ရောင်းသူလဲနည်းတာကြောင့် အရောင်းအဝယ် အေးနေတယ်လို့ သိရပါတယ်။ တစ်နေ့ကိုမြို့တွင်းမှာတစ်တင်းခွဲအိတ်၂ဝဝ သာ အရောင်း အဝယ်ရှိပြီး ရန်ကုန်ဝယ်လက်နည်းနေတယ်လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ တိုင်းတွင်းမှ ရန်ကုန်သို့ တစ်ရက်ကို ၁၉၇ဝ အိတ် တင်ပို့တယ်လို့ သိရပါတယ်။                                                                                                                                                                                                   မိမိအေး

Wednesday, 1 Sep 2010

မတ်ပဲ တင်ပို့မှုလျော့လာယခင်တစ်ပတ်ထိ ပင်လယ်ရေကြောင်းကနေ မတ်ပဲတင်ပို့မှုအားကောင်း ခဲ့ပေမဲ့ ယခုတစ်ပတ် (သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်) အတွင်းမှာတော့ တန်ချိန် ၉ဝဝဝခန့်သာ လျော့ကျတင်ပို့လာတာ တွေ့ရပါတယ်။ အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယမှာလည်း စက်တင်ဘာလမှာ မတ်ပဲ စတင် ထွက်ပေါ်တော့မှာဖြစ်လို့ ဝယ်လို အားလျော့လာပြီး တကယ် လိုအပ်တဲ့ ပမာဏသာ ဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှု နည်းလို့ ဈေးလျော့ကျလာခဲ့ပါတယ်။ ရန်ကုန် ်FBO ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                                                                                                                                                                  ဒေါ်လာ/တန်                  မတ်ပဲ(FAQ)                    (SQ)၂၆-၈-၁ဝ        ၉ဝဝ-၉၁ဝ                  ၁ဝဝဝ-၁ဝ၁ဝ၁၉-၈-၁ဝ        ၉၅ဝ-၉၆ဝ                  ၁ဝ၅ဝ-၁ဝ၆ဝ                                                                            MIRT(MAPT)

Thursday, 13 May 2010

    ကမ္ဘာ့ရွှေဈေးမှာ   ဆက်လက် မြင့်တက်နေသောကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်းအတက်ဘက် သို့ဦးတည်နေကြောင်း ရွှေလုပ်ငန်းလုပ် ကိုင်သူတစ်ဦးကပြောကြားသည်။

Pages