Background
ပြောင်းဖူးစေ့ တင်ပို့မှုအားကောင်း မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက ထွက်ရှိတဲ့ ပြောင်းဖူးစေ့များ ကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့လျက်ရှိရာ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလအတွင်း ပြောင်းဖူးစေ့တန်ချိန် ၂ဝ၉၆ဝ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅ ဒသမ ၂၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်ကလည်း တန်ချိန် ၂၆ဝ ကန်ဒေါ်လာ ၆၆၈၆ဝ ဖိုး နဲ့ ချင်းရွှေဟော်မှ ၁၆၄ တန်၊ ကန်ဒေါ်လာ ၄၁ဝဝဝ ကျော်ဖိုးတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာနယ်စပ်မှ စုစုပေါင်း ပြောင်း၂၁၃၈၄ တန်၊ ကန်ဒေါ်လာ ၅ ဒသမ ၃၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်မှ ၉ ရက် ထိ ကာလတုန်း ကေတော့ မူဆယ်နဲ့လွယ်ဂျယ်မှ ပြောင်းဖူးစေ့ တန်ချိန် ၁၈၁၈၂ ကျော်သာ တင်ပို့ နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၃၂ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံကဝယ်လိုအားရှိသလို မိမိပြည်တွင်း ထွက်ရှိမှုကလည်း ပိုမိုတဲ့အတွက် တင်ပို့မှုအားကောင်းနေတယ်လို့ မူဆယ်-နမ့်ခမ်း ကုန်သည်အသင်းမှ သိရပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ပြောင်းဈေးသိသိသာသာ ပြောင်းလဲတာ မတွေ့ရပါ ဘူး။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပြောင်းမြေပြင် ပေါက်ဈေးများ ဖော်ပြပေးလိုက် ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅ဝ၄၉၃ ၂၄၂၇ဝ၆ ၇၇၈၇ ၃ ၂၉၂ ၂၇၆ ၁၆ ၅နံှစားပြောင်း ၂၇၃၅၂၇ ၂၄၂၆၂၉ ၃ဝ၈၉၈ ၁၁ ၂၇၃ ၂၇၃ - -MIRT (DOBT)
ပြောင်းတင်ပို့မှု အခြေအနေကောင်းဆဲ နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၅၄၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၁၃၆ သန်းဖိုးတင်ပို့ ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၃၇၈ တန်တင်ပို့ခဲ့တာကြောင့် ၁၆၉ တန်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကို ၁၉၂ တန်နဲ့ စင်ကာပူကို ၃၅၅ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ KZW
ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းမှုနှင့် ရောင်းလိုအားကျဆင်းမှုကြောင့် ရော်ဘာဈေးတက်၏ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် ရော်ဘာဈေးနှုန်းက နှစ်ရက်ဆက်တိုက်ကျဆင်းနေရာမှ အောက်တိုဘာ လ ၁၅ ရက်နေ့တွင် ဂျပန်ယန်းငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာတွင် တန်ဖိုးကျဆင်းသွားတာကြောင့် ရော်ဘာဈေးနှုန်း ပြန်တက်သွားကြောင်း သတင်းရရှိပါတယ်။ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် ဧပြီလသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းဈေးတက်သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၄၃၇၅ ကိုရောက်ရှိသွားခဲ့ပါတယ်။ ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးတွင် မေလ သင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းဈေးတက်သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၅၂၄၁ နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။ ဂျပန်ယန်းငွေတန်ဖိုးကျဆင်းခြင်းက ဈေးကွက်ဝယ်လိုအားကိုတက်သွားစေခဲ့ကြောင်း DS Futures Co မှသုတေသီ Chaiwat Muenmee မှပြောကြားလိုက်ပါတယ်။ ဒါ့ပြင် ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှ ရောင်းလိုအား တင်းကြပ်မှု ကြောင့်လည်း ရော်ဘာဈေးနှုန်းကို တွန်းအားပေးလိုက်ပါတယ်။ ယခုနှစ်တွင် ရော်ဘာကြိုပွိုင့်ဈေးနှုန်းများ ၃ဝ ရာခိုင်နှုန်းတက်သွားရခြင်းမှာ အရှေ့တောင်အာရှနိုင်ငံများ တွင် မိုးရွာ သွန်းမှုနဲ့ ရေလွှမ်းမိုးမှုကြောင့် ရော်ဘာထုတ်လုပ်မှုထိခိုက်ခဲ့ရာ ရော်ဘာထုတ်လုပ်သူများမှ ရော်ဘာ ဝယ်လိုအားကို ပြည့်မီအောင် ရောင်းချနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်လည်း စတုတ္တလေးလပတ်တွင် ရော်ဘာထုတ်လုပ်မှုက ၁ဝ ရာခိုင်နှုန်းကျဆင်းသွားကာ တန်ချိန် ၈၇ဝဝဝဝ သာရောက်ရှိနိုင်ပြီး တစ်နှစ်လုံးအတွက်မူ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်းကျဆင်းကာ တန်ချိန် ၃ သန်းသာရှိနိုင်ကြောင်း ထိုင်း ရော်ဘာအသင်းရဲ့ ခန့်မှန်းချက်အရသိရှိရပါတယ်။ လာမဲ့ ၇ နှစ်အတွင်းတွင် ထိုင်းနိုင်ငံ ရဲ့နှစ်စဉ်ရော်ဘာရောင်းလိုအားက အပင်သစ်များမရင့်မချင်း တန်ချိန် ၅ဝဝဝဝ ကျော်ကျဆင်းသွားနိုင်ကြောင်း ထိုင်းနိုင်ငံရော်ဘာအသင်းဥက္ကဌ ူLuckchai Kittipol မှသုံးသပ်လိုက်ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့က ထိုင်းရော်ဘာလက်ငင်းဈေးနှုန်းက တစ်ကီလိုဂရမ်ကို သုည ဒသမ ၈ ရာခိုင်နှုန်း ဈေးကျ သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၄၃၇ဝ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ထိုင်းရော်ဘာသုတေသန တက္ကသိုလ်အရ သိရှိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားက ဆက်လက်ကျဆင်းနေဦးမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဂျပန်နဲ့ တရုတ်နိုင်ငံတို့တွင် ရော်ဘာသိုလှောင်ထားမှုလက်ကျန်လျော့နည်းလာခြင်းမှာ စဉ်ဆက်မပြတ် ဝယ်ယူမှုများ ကြောင့် ဖြစ်ကြောင်း DS Futures ကြိုပွိုင့်ရောင်းဝယ်ရေးအရ သိရှိရပါတယ်။ ဂျပန်နိုင်ငံရဲ့ ကုန်သိုလှောင် ထားမှုက နိုဝင်ဘာလ ၁ဝ ရက်နေ့က တန်ချိန် ၇၅၅၂ သာရှိတော့ကြောင်း ဂျပန်ရော်ဘာသတင်းအချက်အလက်များအရ သိရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်သိုလှောင်ရုံများတွင်လည်း ရော်ဘာသိုလှောင်ထားမှုက လျော့နည်းသွားခဲ့ကြောင်း သုတေသနပြူမှုများ အရ သိရှိရပါတယ်။ Source:bloomberg.com, အေးမွန်မွန်လှိုင်
အပိုလိုမှ တာယာ ဈေးမြှင့်မည် အပိုလိုတာယာထုတ်လုပ်ရေးဟာ ရော်ဘာဈေးနှုန်းတွေမှတ်တမ်းတင်လောက်အောင် မြင့်တက်နေတာကြောင့် ၎င်းရဲ့ တာယာဈေးနှုန်းများကို ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်တော့မှာဖြစ်ကြောင်း ထိပ်တန်းအရာရှိများက ပြောကြားပါတယ်။ ဈေးနှုန်းတက်တာဟာ စိန်ခေါ်မှုအဖြစ်ရင်ဆိုင်နေရပြီးကုန်ကြမ်းပစ္စည်း တွေအတွက် ဖိအားပေးခံနေရ ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ အိန္ဒိယတာယာထုတ်လုပ်ရေးတွေဟာ ရော်ဘာဈေးနှုန်းမြင့်တက်မှုရဲ့ ဖိအားကို ရင်ဆိုင်နေရပြီး အချိန်အခါမဟုတ်ရွာတဲ့မိုးက ကမ္ဘာ့စတုထ္ထအကြီးဆုံး ထုတ်လုပ်သူကို ရောင်းလိုအား အခက်ကြုံစေခဲ့ပါတယ်။ ဒါ့ကြောင့် အိန္ဒိယရဲ့ နံပါတ် (၂ )တာယာထုတ်လုပ်ရေး အပိုလိုက ဈေးတက်ဖို့ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါတယ်။တာယာတစ်ခုမှာ ရော်ဘာရဲ့ ကုန်ကျစရိတ်က ၄ဝ ရာခိုင်နှုန်း ရှိပြီး ကုမ္ပဏီအနေနဲ့ အမြင့်ဈေးနဲ့ပဲ သွင်းကုန်တင်သွင်းရမှာဖြစ်ပြီး ပြည်တွင်း ရောင်းလိုအားကတော့ ဝယ်လိုအားကို မလိုက်နိုင်ကြောင်းသိရပါတယ်။ အပိုလိုဟာ ယခုနှစ်ဇူလိုင်ကနေ စက်တင်ဘာအထိ သွင်းကုန်တန်ချိန် ၁၅ဝဝဝ တန်တင်သွင်းပြီးဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ကားထုတ်လုပ်မှှုဟာ အလယ်အလတ်မှာရှိပြီး နှစ်စဉ်ကားရောင်းရနှုန်းတွေမြင့်တက်ခဲ့ကာ အောက်တိုဘာမှာ ၃၈ ရာခိုင်နှုန်းမြင့်တက်ပြီး မှတ်တမ်းတင်နိုင်တဲ့အဆင့်ကို ရောက်ရှိ ခဲ့ပါတယ်။ ထို့အတူအခြားတာယာထုတ်လုပ်ရေးတွေဖြစ်တဲ့ MRF၊ JK စိဒ်နဲ့ ဖလ်ကွန်တာယာထုတ်လုပ်ရေး တို့ ကလည်း မကြာမီဈေးနှုန်းတွေထပ်မံမြှင့်တင်တော့မယ်လို့ သိရပါတယ်။ တာယာထုတ်လုပ်ရေးတွေဟာ ယခုနှစ်မှာ ဈေးတင် ခဲ့တာ ၃ ကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ JK နဲ့ စိဒ်တာယာတို့ရဲ့ ဇူလိုင်ကနေစက်တင်ဘာအမြတ်ဟာ ကားဈေးကွက် အရောင်းသွက် နေပေမဲ့ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ ဥရောပမှာရှိတဲ့ အပိုလိုလုပ်ငန်းတွေကတော့ အိန္ဒိယထက်ပိုမိုကောင်းမွန် ကြောင်းနဲ့ ဥရောပရဲ့ ထုတ်လုပ်မှုစွမ်းအားကို ၂ဝ ရာခိုင်နှုန်းတိုးမြှင့်ဖို့ စီမံကိန်း ရေးဆွဲထားကြောင်း သတင်းရရှိပါတယ်။ Source: mint,KZW
RSS(၃) နဲ့ (၅) နယ်စပ်မှ တင်ပို့မှုမြင့် RSS (1) (3) (5)၊ MSR (20) (50) စသဖြင့် ရော်ဘာအဆင့်စုံများကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်တွေက တစ်ဆင့်တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိကာလ အတွင်းမှာRSS (3) တန်ချိန် ၃ဝဝ ကျော်နဲ့ RSS (5) တန်ချိန် ၁၂ဝ ကျော် ယခင်အပတ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဘက်နိုင်ငံ ရာသီဥတုအခြေအနေပြောင်းလဲမှုကြောင့် ရော်ဘာထွက်ရှိမှု လျော့နည်းခဲ့သလို အခြားရော်ဘာ ထွက်ရှိတဲ့ နိုင်ငံများမှာလည်းရော်ဘာထွက်နှုန်း လျော့တာကြောင့်မို့ ဝယ်လို အားတက်နေတယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ရော်ဘာ တင်ပို့နိုင်မှု ကတော့RSS (1) ၁၅ တန်၊ RSS (3) ၅၅၇ ဒသမ ၈ တန်ကျော်၊ RSS (5) တန် ၁၁ဝ၊ MSR (20) တန် ၃၈ဝ နဲ့ MSR (50) တန် ၄ဝ တင်ပို့နိုင်ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ RSS (3) ၁၆၇ တန်ကျော်၊ RSS (5) တန် ၄ဝ နဲ့ MSR (50) ၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စုစုပေါင်း အခုအပတ်မှာ နယ်စပ်မှ ရော်ဘာ တန် ၁၃၃ဝ တန်ကျော် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၄ ဒသမ ၁၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက်တန် ၅ဝဝ ကျော် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS(3) ၃၂၅၆၄၄၅ ၃၂၃၆၈ဝဝ ၁၉၆၄၅ ဝ .၆ ၃၆၁၄ ၃၅၈၄ ၃ဝ ဝ .၈RSS(5) ၃၁၂ဝ၇၅၉ ၃၁ဝဝ၈ဝဝ ၁၉၉၅၉ ဝ .၆ ၃၄၆၄ ၃၄၃၄ ၃ဝ ဝ .၉MIRT (DOBT)
တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက တန် ၃၅ဝ တင်ပို့ နိုဝင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၃၅၁ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ဝ၆၉ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၃၇၇ တန်တင်ပို့ခဲ့တာကြောင့် ယခုရက်သတ္တပတ်မှာ ၂၆ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ မလေးရှားတစ်နိုင်ငံထဲကို RSS-5 ၁၆၃တန်၊ RSS- 3 ၈၈ တန်နဲ့ MSR -20 တန်၁ဝဝ အသီးသီး တင်ပို့ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
ယခုတစ်ပတ် ပဲကြီးဈေးနှုန်းမှာ ပဲကြီး (ကမ်နား) အချောစတစ်တင်းကို ၃၁ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ ကြပြီး၊ ပဲအရည်အသွေးပေါ် မူတည်၍ တစ်တင်းကို ၂၉ဝဝဝ ကျပ်၊ ၂၉၅ဝဝ ကျပ်ဖြင့်လည်း အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲကြော်ဖို၊ ပဲလှော်ဖိုလုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိလျက်ရှိတာကြောင့် တစ်ရက်ကို အိတ် ၂ဝဝအထိ ရောင်းဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်အတွင်းပဲကြီး (ရွှေကျွန်း) မှာ အရောင်းအဝယ်မဖြစ်သလောက်ရှိခဲ့ပြီး ပဲကြီး(ကမ်းနား) တစ်မိုျးသာ အရည်အသွေးအလိုက် သူ့ဈေးနဲ့သူ အရောင်းအဝယ်ဖြစ်လျက်ရှိ တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ဈေးကွက်အတွင်း ထောပတ်ပဲမှာ လက်ကျန်မရှိသလောက်ဖြစ်ခဲ့ပြီး ဈေးနှုန်းကတော့ တစ်တင်းကို ၂၆ဝဝဝ ကျပ်ထိ အရောင်း အဝယ်ဖြစ်နေပါတယ်။ လက်ကားဈေးမှာ ၂၅၅ဝဝ ကျပ်၊ လက်လီဈေးမှာ ၂၆ဝဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး ယခုရက်ပိုင်းတွင် ရန်ကုန် ဝယ်လက်များ အဝယ်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်များအဝယ်ရှိလာသော်လည်း ပဲလက်ကျန်မှာ မရှိသလောက်ဖြစ်ခဲ့တဲ့အတွက် ဒေသတွင်း လက်လီသမားများနဲ့သာ ရောင်းဝယ်ခဲ့ကြရသဖြင့် တစ်ရက်ကို အိတ် ၂ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
မန္တလေးဈေးကွက်မှာသြဂုတ်လ ပထမပတ်လောက်က ထောပတ်ပဲတစ်ပိဿာ ၁၂၂ဝ ကျပ်၊ ၁၄၂ဝ ကျပ် ပေါက်ဈေးရှိခဲ့ပြီး ဒုတိယပတ်မှ စလို့ တစ်ပိဿာကို ၁၄၈ဝ ကျပ်၊ ၁၅၁ဝ ကျပ်ထိ ဈေးအနည်းငယ် မြင့်တက်ခဲ့ကာ ယခုလက်ရှိအထိ ဈေးငြိမ်နေခဲ့ပါတယ်။ ဈေးအေးဈေး ငြိမ်နေပေမဲ့ သြဂုတ်လအတွင်း တရုတ်ဈေးကွက်ကို ထောပတ်ပဲတန် ၁ဝဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ဈေးကွက်ကို ကလေးထောပတ်ပဲ အနည်းငယ် ဝင်ရောက်မှုရှိကြောင်းသိရပြီး ရန်ကုန်ဝယ်လက်မှလည်း ဝယ်ယူမှုရှိတာကြောင့် တစ်ရက်အိတ် ၂ဝဝ မှ ၅ဝဝ ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ သက်သက်နိုင်
ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် တစ်တင်း ၂ဝဝ ကျပ်မှ ၄ဝဝ ကျပ်ခန့်ဈေးပိုရပြီး ကုလားပဲ (တိုင်ပေ) ၂ဝဝဝဝ ကျပ်နဲ့ ဗွီတူး ၂ဝ၄ဝဝ ကျပ်အသီးသီး ဈေးတန့်နေပါတယ်။ ကုလားပဲ ရိုးရိုးကတော့ ယခင်အပတ်က တစ်တင်း ၁၉၅ဝဝ ကျပ်ထိ ရောက်ခဲ့ပြီး ယခုအပတ်မှာတော့ ဈေးမဖွင့်နိုင်လို့ အရောင်းအဝယ်မဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီရက်ပတ်မှာတော့ မုံရွာကုန်စည်ဒိုင်မှာ ဒေသတွင်းကလုပ်ငန်းသမား တွေအပြင် မန္တလေးနဲ့ ရန်ကုန် အဝယ်ရှိလို့ တစ်ရက်အိတ် ၇ဝဝ နီးပါး အရောင်း အဝယ်သွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့က ၂၅ ရက်နေ့အထိ မုံရွာကုန်စည်ဒိုင်နယ်မြေက ထပ်ဆင့်တင်ပို့စီးဆင်းမှုအနေနဲ့ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂ဝဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။ ထွန်းလှိုင်