Background
ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ရဲ့ တာဝန်ပေးချက် အရ တစ်ဧကတင်း ၂၀၀ ကျော်ထွက် ရှိမယ့် ပုလဲသွယ်စပ်မျိုးစပါး ဧက ၁၀၀ မျိုးစေ့ထုတ်မြေနေရာအား ဧရာဝတီ တိုင်းဒေသကြီး ကျုံပျော်မြို့နယ် ပျဉ်ချ ဆိပ်ကျေးရွာတွင်ပြုလုပ်ရန် ရွေးချယ် ထားရာ ဧရာဝတီတိုင်းဒေသကြီး
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ NSIC Complex, Okhla Indl. Estate တွင် Media Today Pvt.Ltd ၏ဦးဆောင်မှုဖြင့် ၂၀၁၂ ခုနှစ် မတ် ၃ရက်မှ ၅ရက်အထိ ကျင်းပပြုလုပ်မည့် 4th International Horti Expo 2012 ၊ India Potato Expo 2012 နှင့် 7th International Flora Expo 2012 သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန် ဖိတ်ကြားလာပါသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံတဲ့ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍ မြင့်မား တိုးတက်ရန်နဲ့ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲ အတားအဆီးများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အလေးအနက်ထားပြီး လစဉ်လာ ရောက်ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း
စစ်ကိုင်းမြို့ အနောက်ဘက် ငါးထပ်ကြီးဘုရားလမ်းပေါ် ဘော်ဂါရပ် ကွက်မှာ ဆိုင်ခန်းပေါင်း ၁၂၀ နဲ့ ကျောက်စိမ်းပုတီးဈေးကွက် ဖြစ်ပေါ်လျက်ရှိပါတယ်။ ကျောက်စိမ်းပုတီးဈေး ကွက်အတွင်းကို တရုတ်နိုင်ငံသား အများဆုံး လာရောက်ဝယ်ယူမှုရှိပြီး၊ ဈေးနှိမ်ဝယ်ယူနေတာကြောင့်အရောင်း အဝယ် ပြုလုပ်သူများက စည်းလုံးညီ ညွတ်မှုနဲ့ ရောင်းချမှသာ အမြတ်ရပြီး ဈေးကွက် ရေရှည်တည်တံ့နိုင်မှာဖြစ် ကြောင်း၊ ကျောက်စိမ်းပုတီးရောင်းဝယ် လုပ်ကိုင်သူ ဒေါ်အေးစိုးက ပြောပါ တယ်။ ကျောက်စိမ်းပုတီးဈေးကွက်အတွင်း အရောင်းအဝယ်ပြုသူ ၂၀၀ ကျော်ရှိပြီး၊ နံနက် ၇ နာရီမှ ၉ နာရီအတွင်း ဈေးကွက် ဖြစ်တည်လျက်ရှိပါတယ်။ ယခုနှစ် တန်ခူးလနောက်ပိုင်းမှစပြီး ဈေးကွက် အေးလျက်ရှိတာကြောင့် ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြင့်သာအရောင်းအဝယ် ပြုလုပ်ရကြောင်း သိရ ပါတယ်။ စစ်ကိုင်းမြို့ ကျောက်စိမ်းအသား ကျောက်၊ ပန်းပု၊ ပုတီးလုပ်ငန်းကော် မတီအဖွဲ့ဝင် ဦးကျော်သန်းက " ဒီမှာ ကျောက်စိမ်းပုတီးဈေးကွက် ဖြစ်နေတာ ၅ နှစ်ရှိပြီး ဈေးကွက်စဖြစ်စက တစ်ပိုင် တစ်နိုင်လုပ်တော့ ဈေးကွက်ကောင်း တယ်။ တဖြည်းဖြည်းနဲ့ ဒီလုပ်ငန်းလုပ်တဲ့သူများလာတဲ့အတွက် ဝယ်ရောင်း သမားများလာပြီး ဝယ်တဲ့သူကလည်း ဈေးနှိမ်ပြီး ဝယ်ယူတယ်" လို့ ဦးကျော်သန်းက ပြောပါတယ်။ ကျောက်စိမ်းပုတီးကိုလက်ကောက် ပြုလုပ်တဲ့ ဘေးထွက်ပစ္စည်းမှထွက်တဲ့ အရိုင်းကျောက်ကို လက်မှုဖြင့် ပြန်လည် လုပ်ကိုင်လျက်ရှိရာ ယခုအခါ ကုန် ကြမ်း ရှားသွားခြင်းကြောင့် ပစ္စည်း အထွက် နည်းလာကြောင်း သိရပါ တယ်။ ဒေါ်အေးစိုးက " ဈေးကွက်ထဲမှာ တစ်ဦးနဲ့တစ်ဦး စည်းလုံးမှုမရှိတော့ တရုတ်က ဈေးနှိမ်ဝယ်မှာပဲ၊ ကျောက် စိမ်းကို ဟင်းသီးဟင်းရွက် အပုံလိုက် ရောင်းချသလို ကျောက်စိမ်းအပုံလိုက် ရောင်းချနေတဲ့ အကောက်စနစ်ကို ပျောက်ကွယ်သင့်ပြီး ကိုယ့်ဘက်က ဈေးကိုတင်းခံပြီး မရောင်းနိုင်ဘူး။ စား ဝတ်နေရေး ရှိသေးတော့ ရတဲ့ဈေးနဲ့ ရောင်းနေကြတာ။ ဒါကြောင့် ကျောက်မျက်လုပ်ငန်းအသင်းခွဲဖွဲ့တာ နှစ်လ ရှိပြီ၊ အဖွဲ့အစည်းနဲ့အဆင်ပြေအောင် ဆောင်ရွက်သွားဖို့ စည်းရုံးနေတယ်။ သူတို့ဘက်က ကျောက်စိမ်းအပုံလိုက် ဈေးဖြတ်ပြီး၊ မကြိုက်တဲ့အလုံး ဖယ်ထား ပြီး ဈေးဖြတ်တယ်။ ကော်မရှင်လည်း ၅ ရာခိုင်နှုန်း ပြန်ပေးရတယ်။ ဒါ့အပြင် ဖယ်ထားတဲ့ပစ္စည်းလည်း အပိုယူသွား တယ်"လို့ ပြောပါတယ်။ စစ်ကိုင်းမြို့မှာ ကျောက်မျက် ရောင်းဝယ်ရေးစခန်း တရားဝင်ဝိုင်းကို ဆင်များရှင်ဘုရားဝင်းအတွင်းမှာ အခု နှစ်ကုန်ပိုင်းမှာ ပြောင်းရွှေ့ဖွင့်လှစ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ရန္တပိုရွာဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ အိုးလုပ်ငန်းပြုလုပ်တဲ့ ကျေးရွာဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ပစ္စည်းများမှာ အိုးအရွယ်အစား ဆိုဒ်မျိုးစုံ၊ ပန်းစိုက်အိုး ကရားညောင်ရေအိုး၊ မီးဖိုတို့ဖြစ်ပါတယ်။ အိုးတစ်လုံးကို ဝယ်ယူသူအနေနဲ့ မသိသာသော် လည်း အမှန်တစ်ကယ် လုပ်ကိုင်ပုံ ကိုကြည့်ပါက အနုစိပ်ကာ အနုပညာဆန်လှပါတယ်။ " ကျွန်တော်တို့ရွာမှာ အိုးလုပ်ငန်းကို မိရိုးဖလာမိသားစု လုပ်ငန်းအဖြစ် လုပ်ကိုင်လာကြရာမှ အိုးလုပ်ငန်း လုပ်ကိုင်သူ ၆၉ ဦးရှိပါတယ်။ မိသားတစ်စုမှာ တစ်နေ့ကို အိုးစိမ်း ၇၀-၁၀၀ လုံးထိ လုပ်နိုင်ပါတယ်။ အိုးစိမ်းတစ်လုံး ကုန်ကျစရိတ် ၁၁၀ ကျပ်ရှိပြီး၊ မီးဖုတ်ခကတော့ တစ်လုံးကို ၈၀- ၁၀၀ ကျပ်ကြားရှိကာ ဒေါင်ဒေါင်မြည်အိုးတစ်လုံးရရန်ကုန်ကျစရိတ်မှာ ၂၀၀-၂၅၀ ကျပ်ကြားရှိ နေပါတယ်။ မြေကိုသမအောင် နင်းနယ်သူများက အိုး ၃၅ လုံးစာအတွက် နင်းခ ၅၀၀ ကျပ်နှုန်းနဲ့ ကျွမ်းကျင်မှုလိုက်ပြီး တစ်နေ့ကို ၁၀၀၀ ကျပ် ၁၅၀၀ ကျပ် အိုးစိမ်းကျွမ်းကျင်သူအနေနဲ့ ရာသီဥတု မိုးလေဝသမှန်မှ တစ်နေ့ ၁၅၀၀-၂၅၀၀-၃၀၀၀ ကျပ်ရရှိပါတယ်။ ဈေးကွက်ကတော့ ၁၂ လရာသီပွဲ တော်ဖြစ်တဲ့ ကျောက်ရစ်၊ ပရိမ္မ၊ မြောင်စတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့သို့ တင်ပု့ိရောင်းချရပါတယ်" လို့ လုပ်ငန်းရှင် ဦးခင်မောင်ကြည်က ပြောပြပါတယ်။ ဒါကြောင့် မြစ်ညာတစ်ကြော စုန်၊ ဆန်မျောတဲ့ ဒေါင်ဒေါင်မြည် ရန္တပိုအိုးကို ဝယ်ယူလိုက ထုတ်လုပ်တဲ့နေရာမှာ အထိုင်ရောင်းဈေးတစ်လုံးကို ၃၃၀ ကျပ်နှုန်းဖြင့် လက်လီ၊ လက်ကား ဝယ်ယူ ရရှိနိုင်ပါကြောင်း။ အောင်မြိုင်
စီးကရက်နဲ့ဒီဇယ်ကားများကို အခွန်ထပ်မံ ကောက်ခံနိုင်မဲ့ စီမံကိန်းတွေကို အိန္ဒိယဘဏ္ဍာရေး ဝန်ကြီးဌာနလေ့လာနေပါတယ်။ ဒီလိုကောက်ခံနိုင် မယ်ဆိုရင် ငွေကြေးဖောင်းပွတာကို မထိန်းချုပ်ဘဲ သို့မဟုတ် စီးပွားရေးဖွံဖြိုးမှုကို မထိခိုက်စေဘဲ လိုအပ်နေတဲ့ အခွန်ဘဏ္ဍာကို တိုးတက်ရရှိနိုင် မယ်လို့ တချို့အရာရှိတွေက ရှုမြင်ပါတယ်။ ဒီစီမံကိန်းအရ ဝန်ဆောင်မှုခွန်ကိုလည်း တိုးမြှင့်ဖို့ အစီ အစဉ်ရှိပါတယ်။ ဒီစီမံကိန်းရဲ့ ရည်ရွယ်ချက်က ဘတ်ဂျက်သုံးငွေ ကျဆင်းနေချိန်မှာ ငွေကြေး အကျပ်အတည်း တွေ့နေတဲ့အစိုးရကို အကူအညီ ပေးဖို့ဖြစ်တယ်လို့ ဒီအဆိုပြုချက်နဲ့ နီးစပ်တဲ့ အရာရှိနှစ်ဦးက ပြောပါတယ်။ ဒီဇယ်ကားတွေနဲ့ စီးကရက်တွေကို အခွန် တိုးကောက်တာ အပါအဝင်အစီအစဉ်အမျိုးမျိုးကို စီစဉ်ဆောင်ရွက်နေပါတယ်လို့ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောပါတယ်။ အောက်တိုဘာလအတွက် သွယ်ဝိုက်ခွန် ကောက်ခံမှုစာရင်းဇယားများကို လေ့လာသုံးသပ်ပြီးရင် ဒီအကောက်အခွန်တွေနဲ့ ပတ်သက်တဲ့ ဆုံး ဖြတ်ချက်ကို ဘဏ္ဍာရေးဝန်ကြီး ပရာနပ်မူကာဂျီ က ချမှတ်မှာဖြစ်ပါတယ်။ ယစ်မျိုးနဲ့ဝန်ဆောင်မှု ခွန်တိုးမြှင့်ရေး ကိစ္စကို အောက်တိုဘာ ၁၅ ရက်က ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနဲ့ စီးပွားရေးပညာရှင်တွေ တွေ့ဆုံစဉ်က ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ယစ်မျိုးခွန်က စက်တင်ဘာမှာ ၁၆ လအတွင်း ပထမဆုံးအကြိမ်အဖြစ်ကျဆင်းခဲ့သလို အကောက်ခွန်ရငွေ တိုးတက်မှု မရှိတဲ့အတွက် အစိုးရက လျာထားတဲ့ သွယ်ဝိုက်ခွန် ရူပီးကုဋေ ၄ ဒသမ ၄သိန်း ရရှိရေးအတွက် စိုးရိမ်စရာဖြစ်စေခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်အောင် ဒီဇယ်ဈေးနှုန်းတွေတိုးမြှင့်ဖို့ အစိုးရကဝန်လေးနေပါတယ်။ ဓာတ်ဆီဈေးနှုန်းတွေ တက်နေတဲ့အတွက် ဒီဇယ်ကားတွေကို အခွန်တိုးကောက်တဲ့ ကိစ္စကို ၂ လ ၃ လ စောင့်ကြည့်ဦးမှာ ဖြစ်ပါတယ်။ ဒီဇယ် ဈေးနှုန်းတွေကို တိုးမြှင့်လို့မရတဲ့အတွက် အစိုးရက ဒီဇယ်ကားတွေအပေါ် အခွန်တိုးကောက်ဖို့ စဉ်းစား ခဲ့တာဖြစ်ပါတယ်။ ဉာဏ်တင်၊Source. economictimes.indiatimes.com
မြင်းကုန်းနှီးနဲ့ မြင်းတန်ဆာဆင် ပစ္စည်းများကို နိုင်ငံတကာအဆင့်မီ၊ အရည်အသွေးမီထုတ်လုပ်ပြီး၊ နိုဝင်ဘာ ၁ ရက်မှစ၍ ပြည်တွင်းတွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။ မြင်းကုန်းနှီးနဲ့ မြင်းတန်ဆာဆင်ပစ္စည်းများကို သြစတြေးလျနိုင်ငံ Windec တံဆိပ်ပြိုင်ပွဲဝင်ကုန်း (Race Saddle) နည်းပညာကို အခြေခံပြီး ရန်ကုန်မြို့မှာ ထုတ်လုပ်ထားကြောင်း သိရပါတယ်။ ထုတ်လုပ်ထားတဲ့ ပစ္စည်း များမှာ ဒုန်းစီးကုန်းနှီး၊ တန်းခုန်ကုန်းနှီး၊ အလှစီးကုန်းနှီး၊ အထွေထွေသုံးကုန်းနှီး၊ ကုန်းခံ၊ အုတ်ခွက်၊ ဇက်ကြိုး၊ ဝမ်းပတ်ကြိုး၊ ခြေနင်းကြိုး၊ ရင်သိုင်းကြိုး၊ ခြေနင်းကွင်း၊ ခြေပတ်၊ အာဒေါက်များ ကို နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း ထုတ်ထားကြောင်း သိရပါတယ်။ မြင်းတန်ဆာပစ္စည်းများ တီထွင် ထုတ်လုပ်သူ ဦးဝင်းအောင်က " မြင်း တန်ဆာပစ္စည်းတွေ ကိုလိုချင်ရင် နိုင်ငံခြားထိ လှမ်းမှာရတယ်။ ဒါတောင် ကိုယ်လိုချင်တဲ့ပစ္စည်း အဆင်သင့်ရှိမှ ရမှာ။ ပစ္စည်းလိုချင်တဲ့အချိန် အခက် အခဲဖြစ်တယ်။ ဈေးလည်း များတယ်။ ဒါကြောင့် ဈေးသက်သက်သာသာနဲ့ လိုချင်တဲ့အချိန်မှာ ဝယ်ယူလို့ရအောင် ထုတ်လုပ်ရခြင်းဖြစ်တယ်။ လောလောဆယ် ပြည်တွင်းမှ မြင်းစီးကလပ်တွေ က အမှာရထားတယ်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံအထိ ရောင်းဖို့ ရည်ရွယ်ထားတယ်။ ခုမှစ အခြေတည် လို့ အဆင်သင့်မဖြစ်သေးဘူး။ ဒီနှစ် ကုန်မှာ Website တင်ပြီးရောင်းမယ်။ သူတို့နိုင်ငံတွေကလည်း စင်ကာပူနိုင်ငံ ထိသွားဝယ်ရတာဆိုတော့ လိုချင်တဲ့ ပစ္စည်းမရဘူး" လို့ ပြောပါတယ်။ မြင်းကုန်းနှီးနဲ့ မြင်းတန်ဆာဆင် ပစ္စည်းများကို မြင်းစီးသမားများ လုံခြုံ မှုရှိစေရန်နဲ့ မြင်းသက်သောင့်သက်သာ ဖြင့် သွားလာနိုင်ရန် ဦးစားပေးထုတ် လုပ်ထားကြောင်း သိရပါတယ်။ နိုင်ငံ ခြားမှဝယ်ယူရသည့် တန်ဖိုးထက် ထက် ဝက်ဈေးသက်သာပြီး၊ အရည်အသွေးမီ အောင် ထုတ်လုပ်ထားပါတယ်။ ပစ္စည်း မှာယူလိုပါက အမှတ် ၄၉၈၊ အောင်မာဃလမ်း၊ ၂၉ ရပ်ကွက်၊ မြောက်ဒဂုံနဲ့ အမှတ် (၁၀၀/၁၀၂)၊ ၅ လွှာ၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၉၁၇၄၇၊ ၀၁ - ၂၄၀၅၃၅ တို့နဲ့ မန္တလေးမြို့၊ ရန်ကင်းတောင်နဲ့ ဆည်မြောင်းချောင်းဝင်း အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်ရှိ Nature's Life မြင်းစီးကလပ် ဖုန်း၊ ၀၉ ၉၁၀၀၆၃၇၁ တို့တွင် ဆက်သွယ်မှာယူနိုင်ကြောင်း သိရပါတယ်။ ဇူးဇူး
အဆက်မပြတ်ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းနဲ့ တိုက်ဖုန်းမုန်တိုင်းတွေကြောင့် မိုးသည်းထန်ပြီး မဲခေါင်မြစ်မှာ ရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန် ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ ရေလွှမ်းမိုးနေပါသေးတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အိမ်ထောင်ချီပျက်စီးပြီး လူခုနှစ်သိန်းခန့်ထိခိုက်ကာ သေဆုံးသူ ၄၉ ဦးရှိခဲ့ရာ အများစုဖြစ်တဲ့ ၄၃ ဦးမှာ ကလေးတွေဖြစ်ပါတယ်။ အဆိုးဝါးဆုံးခံစားရတဲ့ ပြည်နယ်က အန်ဂျန်းပြည်နယ်ဖြစ်ပါတယ်။ အိမ် ၁၉၀၀၀ ခန့် ရေနစ်မြုပ်ခဲ့ပါတယ်။ ကျောင်းပေါင်း ၅၄ ကျောင်းရေမြုပ်လို့ ကလေး ၁၃၀၀လောက်စာသင်ပျက်ခဲ့ရပါတယ်။ မဲခေါင်ရေလွှမ်းမိုးမှုအတွင်း ကလေးငယ်သေဆုံးမှု အဆမတန်များပြားလျက်ရှိပြီး အများစုက ရေနစ် သေဆုံး ကြတာဖြစ်ပါတယ်။ ကလေးတွေရင်ဆိုင်နေတဲ့ အခြားအန္တရာယ် တွေကတော့ ရေကြီးလို့သန့်ရှင်းရေးမဆောင်ရွက်နိုင်လို့ဖြစ်တဲ့ ရောဂါတွေဖြစ်ပါတယ်။ကလေး ငယ်တွေ ကျောင်းတွေကို အမြန်ဆုံးပြန်မတက်နိုင်ရင် ရေရှည်မှာတွေ့ကြုံရမဲ့အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဉာဏ်တင်၊ Source.unicef.org ်
မလေးရှားနိုင်ငံက ၂၀၁၂ ခုနှစ်မှ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုးကို ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း ထိရရှိဖို့ ရည်မှန်းချက်ထားပါတယ်။ ဒီရည်မှန်းချက်အောင်မြင်ဖို့အတွက် မလေးရှား နိုင်ငံကအာရှနဲ့ ကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက် ရမယ်လို့ပါမောက္ခ ဒါတွတ်နော်မာမန်ဆာက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေချိန်မှာ အာရှ နိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးမြှင့်ဖို့က အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ မလေးရှားစီးပွားရေးအသင်း ဒုတိယဥက္ကဌဖြစ်သူ ပါမောက္ခက ပြောပါတယ်။ စီးပွားရေးလုပ်ငန်းလည်ပတ်ရေးမှာ ကြည့်ရမဲ့ အဓိကအကြောင်းတရားတွေ အများအပြားရှိ ကြောင်းနဲ့ ဒီအထဲမှာပြည်တွင်းစားသုံးမှုနဲ့ ကုန် သွယ်မှုလည်း ပါဝင်တယ်လို့ သူမကပြောပါတယ်။ ပြည်တွင်းစားသုံးမှုကို အလေးထား ဆောင်ရွက်ရုံ မျှမက စီးပွားရေးကို ဆောင်ရွက်ဖို့အတွက် ကုန်သွယ်မှုကလည်းလိုအပ်တယ်လို့ အသင်းရဲ့ အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်စဉ် အောက်တိုဘာ ၁၀ ရက်က ပြောခဲ့တာဖြစ်ပါတယ်။ ကုန်သွယ်မှုကိုဆောင်ရွက်ရာမှာ လောလောဆယ် မရေမရာဖြစ်တဲ့ အနောက်နိုင်ငံတွေ အပေါ် အကြီးအကျယ် မှီခိုနေမဲ့အစား အာရှနိုင်ငံ တွေနဲ့ ကုန်သွယ်မှုကို ပိုမိုမြှင့်တင်သွားရင် မလေး ရှား စီးပွားရေးက ပိုမိုခိုင်မာတည်တံ့နိုင်မယ်လို့သူမက ပြောပါတယ်။ လောလောဆယ်မှာ အမေရိကန်ပြည် ထောင်စုနဲ့ ဥရောပက မလေးရှားပြည်ပကုန်သွယ် မှုရဲ့ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ မလေးရှား က အထူးသဖြင့် စားအုန်းဆီလို အရေးပါတဲ့ ကုန် ပစ္စည်းတွေကို ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်နေတဲ့အတွက် အာရှနဲ့ ကုန်သွယ်မှုအတွက် အကောင်းဆုံးအခွင့် အလမ်းကို ရရှိထားတဲ့နိုင်ငံဖြစ်တယ်လို့ နော်မာ က ပြောပါတယ်။ Source.berreama.com
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် ( CLMV ) နိုင်ငံတို့မှ စီးပွားရေးပညာရှင်များနဲ့ ကျွမ်းကျင်သူတွေက အောက်တိုဘာ ၁၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာတွေ့ဆုံပြီး ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေး အသိုက်အဝန်းဖွဲ့စည်းပြီးနောက်ပိုင်း ( CLMV ) နိုင်ငံတို့ကြုံတွေ့မဲ့ ပြဿနာတွေနဲ့ အလားအလာ တွေကို ဆွေးနွေးကြပါတယ်။ လွန်ခဲ့သောနှစ်များအတွင်း ( CLMV ) နိုင်ငံများရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အတာ်အတန်တိုးတက်ခဲ့ပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ပြီး စီးပွားရေး စွမ်း ဆောင်ရည် မြင့်တက် နေဦးမှာဖြစ်ကြောင်း၊ သို့သော် ထိုနိုင်ငံများသည် ဒေသတွင်းရှိ အခြားသော နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အလွန်နိမ့်ကျ နေသေးကြောင်း ကမ္ဘောဒီးယားနိုင်ငံဘုရင့် အတိုင်ပင်ခံအဖွဲ့ဝင် မင်းသား နိုဂိုဒွန်ရှီရီဗတ်က ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။ "ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်က ကျွန်တော်တို့ ဒေသတွင်းစီးပွားရေးပေါင်းစပ်မှုအတွက် ကြီးမားတဲ့ အဟန့် အတားဖြစ်နေပါသေးတယ်။ ဒါကြောင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်းအောင်ဆောင်ရွက်ရာမှာ ( CLMV ) နိုင်ငံတွေကို ဒေသတွင်းမှာရှိတဲ့ ပိုမိုဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံတွေ အထူးသဖြင့် အာဆီယံဆွေးနွေးဘက်နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တရုတ်၊ ကိုရီးယားက ကူညီဖို့လိုအပ်ပါတယ်" လို့ သူကပြောပါတယ်။ ( CLMV ) နိုင်ငံတွေဟာ စီးပွားရေးအခြေခံအဆောက်အဦကို တည်ဆောက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးနဲ့ စွမ်းဆောင်ရည် တည်ဆောက်ရေးလုပ်ငန်းတွေအတွက် အကူအညီတွေ လိုနေတယ်လို့ သူကပြောပါတယ်။ ဆွေးနွေးပွဲမှာ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ဗန်ကောက်သုတေသနစင်တာတို့မှ စီးပွားရေးပညာရှင် တို့က ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်နိုင်ရေးအတွက် အာဆီယံနိုင်ငံများ အကြား ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ဆောင်မှုတို့အတွက် ပူးပေါင်း ဆောင် ရွက်ရေးကိစ္စတွေကို တင်ပြကြပါတယ်။ Source.xinhua