ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးရန်ကုန်တိုင်းဒေသကြီးအတွင်းရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကိုကြည့်ရှုအားပေးပြီးကိုဗစ်ချေးငွေအတွက်လျှောက်လွှာများလက်ခံဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေး
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည်ယနေ့နံနက်ပိုင်းတွင်တာဝန်ရှိသူများလိုက်ပါလျက်ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာစက်မှုဇုန်ရှိမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့်ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်Shwe Me Logistic Service Co., Ltd သို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များကိုကုမ္ပဏီ၏ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊လှိုင်မြစ်ရေကြောင်းလမ်းမှ သီလဝါဆိပ်ကမ်းနှင့် အခြားပြည်တွင်း ဆိပ်ကမ်းများသို့ ကွန