Main menu

Background

Latest News

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမည့် ကိုဗစ်-၁၉ကာကွယ်ကုသရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးမည့် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတက်ရောက်အမှာစကားပြောကြား

Fri, 09/24/2021 - 12:19 -- journal_editor

နေပြည်တော်၊စက်တင်ဘာလ၂၃ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၂၃ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtualစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ‌ရောင်းချပေးမည့် နိုင်ငံခြားငွေ အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရာတွင် အသုံးပြုမည့် ဆက်စပ်ဆေးဝါး များကို တင်သွင်းဖြန့်ဖြူးမည့် အစီအစဉ်စနစ်တကျရှိစေရေးအတွက် ညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ Community Center ခန်းမတွင် ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဟောပြောဆွေးနွေးပွဲအောင်မြင်စွာကျင်းပပြီးစီး

Tue, 09/21/2021 - 12:28 -- journal_editor

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး Community Center ခန်းမတွင် (၂၀.၉.၂၀၂၁)နေ့ နံနက်(၁၀:၀၀)နာရီ မှ(၁၂:၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

(၁၅) ကြိမ်မြောက် ကုလသမဂ္ဂကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှု ညီလာခံ (UNCTAD) ၏ ဆက်စပ် အစည်းအဝေးဖြစ်သည့် LDCs ဝန်ကြီးများအဆင့် အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း တက်ရောက်

Mon, 09/20/2021 - 11:26 -- journal_editor

         ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၈:၃၀) နာရီတွင် ကျင်းပပြုလုပ်သည့် (၁၅) ကြိမ်မြောက် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့်ဖွံ့ဖြိုးမှု ညီလာခံ (United Nations Conference on Trade and Development-UNCTAD) ၏ ဆက်စပ်အစည်းအဝေးဖြစ်သော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စု (LDCs)၏ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ Online စနစ် ဖြင့်တက်ရောက်ခဲ့သည်။

(၁၈) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Online ဖြင့် တက်ရောက် အမှာစကားပြောကြား

Thu, 09/16/2021 - 14:02 -- journal_editor

              တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် (၁၈) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း Online ဖြင့် ပါဝင်တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

Covid -19 ရောဂါကာကွယ်ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်ရေးနှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင်ဖြည့်တင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကား ပြောကြား

Fri, 08/27/2021 - 15:50 -- journal_editor

                  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဦးဆောင်ပြီး Covid -19 ရောဂါကာကွယ်ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ဈေးကွက်လိုအပ်ချက်ပြည့်မီအောင်ဖြည့်တင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

COVID – 19 ရောဂါနှင့်ပက်သက်၍ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းခြင်း၊ သယ်ယူဖြန့်ဖြူးခြင်းဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းအစည်း အဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

Fri, 08/27/2021 - 15:46 -- journal_editor

          ဇူလိုင်လ ၂၇ ရက် (အင်္ဂါနေ့)၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။   

အိန္ဒိယနိုင်ငံသို့ G to G MoU အရ မတ်ပဲနှင့် ပဲစင်းငုံများ စနစ်တကျ တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးတို့ သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Fri, 08/27/2021 - 15:40 -- journal_editor

                   ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက် (တနင်္လာနေ့)၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမ၌ Virtual Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှုပူးပေါင်း ဆောင်ရွက် ရေးဆိုင်ရာနားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံများ စနစ်တကျ တင်ပို့သွား နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန

အခြေခံစားသောက်ကုန်များ ဈေးကွက် လိုအပ်ချက် ဖူလုံအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Fri, 08/27/2021 - 15:34 -- journal_editor

              ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၉ ရက် (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမ၌ Virtual Zoom Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အခြေခံစားသောက်ကုန်များ ဈေးကွက်လိုအပ်ချက်ဖူလုံအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။   

မြန်မာ Ready ငါးသေတ္တာ ( Canned Sardine in Tomato Sauce ) အား Value - added ပို့ကုန်အဖြစ် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်မှုအခြေအနေ

Fri, 08/27/2021 - 13:24 -- journal_editor

          ပြည်ပဈေးကွက်သို့ မြန်မာ့ပို့ကုန်များ ထိုးဖောက်ဝင်ရောက်၍ တိုးချဲ့တင်ပို့နိုင်ရေး နှင့် မြန်မာ့ Value-added ပို့ကုန်များအား ထိုင်းနိုင်ငံဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရေးတို့အတွက် ယခင်လများက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူးနှင့် ထိုင်း - မြန်မာ စီးပွားရေးရာကောင်စီ Thailand – Myanmar Business Counsellor ဥက္ကဋ္ဌ Mr. Kich နှင့် အဖွဲ့ဝင်များ ဆွေးနွေးညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။

အသိပေးကြေညာချက်

Thu, 08/05/2021 - 00:16 -- journal_commerce

၁။      ပြည်သူများအတွက် အရေးတကြီးလိုအပ်လျှက်ရှိသော ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ကုသရေး ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ပင်လယ်ဆိပ်ကမ်းများ၊ လေဆိပ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများဖြေလျော့ပေးခြင်း၊ သယ်ယူပို့ဆောင်‌ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီ ဆောင်ရွက်ပေးခြင်းအပြင် လိုအပ်ပါကပြည်ပနိုင်ငံများနှင့် သံတမန်လမ်းကြောင်းမှချိတ်ဆက်  ကူညီပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

Pages

Subscribe to RSS - Latest News