Main menu

Background

Latest News

ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သောင်းကိုးထောင်ကျော်တင်ပို့

Fri, 10/29/2021 - 13:56 -- journal_editor

၂၀၂၁ခုနှစ် အောက်တိုဘာ ၁ရက်မှ ၁၅ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၄ဒသမ၈၄၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၄၁၇၀ ကျော် တင်ပို့ခဲ့ရာ အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀၆၂၀ ကျော် အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၂၅၀၀ခန့်နှင့် နယူးဂီနီသို့ ဆန်တန်ချိန် ၁၀၄၀နီးပါး တင်ပို့ခဲ့ ကြောင်း သိရသည်။

အာဆီယံစီးပွားရေးအသိုက်အဝန်းအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Fri, 10/29/2021 - 10:33 -- journal_editor

 

ပြည်ပမှ စားသုံးဆီ တင်သွင်းမှု လျှော့ချရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Fri, 10/29/2021 - 10:31 -- journal_editor

နေပြည်တော်၊ အောက်တိုဘာ ၂၈     ၂၀၂၁ ခုနှစ်၊အောက်တိုဘာလ (၂၈)ရက်နေ့၊နံနက် (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌  စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း ဦးဆောင်၍ ကျန်းမာရေးအတွက် ဆီစားသုံးမှု လျော့ချရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု၏ အကျိုးဆက်များအဖြစ် စီးပွားရေးလုပ်ငန်းများတုန့်ဆိုင်းခြင်း၊ ပို့ကုန်တင်ပို့ မှုလျော့ကျခြင်း အစရှိသည့် အကြောင်းရင်းများကြောင့် နိုင်ငံခြားငွေကြေးသုံးစွဲမှုကို လျှော့ချနိုင် စေရန်အတွက် စားသုံးဆီတင်သွင်းမှုကို လျှော့ချရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို Virtual Meeting

ဝါစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပသို့ တင်ပို့မှုဆိုင်ရာအစည်းအဝေးသို့ စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Fri, 10/29/2021 - 10:30 -- journal_editor

နေပြည်တော်၊ အောက်တိုဘာ ၂၈     ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့၊ (၁၅:၃၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဝါ စိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပသို့တင်ပို့မှုဆိုင်ရာကိစ္စနှင့်စပ်လျဉ်းသည့်အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြော ကြားခဲ့သည်။

စီးပွားရေးသံမှူးသင်တန်း(၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Tue, 10/26/2021 - 10:28 -- journal_editor

နေပြည်တော်၊ အောက်တိုဘာ၂၅      ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့၊ (၀၉:၀၀)နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သော စီးပွားရေးသံမှူးသင်တန်း (၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

(၁၅-၁၀-၂၀၂၁) မှ (၂၁-၁၀-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 10/22/2021 - 15:01 -- journal_editor

      ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၁ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၈၂ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၉၅၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ၁၈၅၀၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈ

(၁၅-၁၀-၂၀၂၁)မှ (၂၁-၁၀-၂၀၂၁)အထိ သကြားပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 10/22/2021 - 14:59 -- journal_editor

           ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ(White Sugar) တစ်တန်လျှင် (၁-၉-၂၀၂၁) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၄၉၄.၆၀) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး (၁၉-၁၀-၂၀၂၁) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၉၆.၅၅) ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်။

(၁၅-၁၀-၂၀၂၁) မှ (၂၁-၁၀-၂၀၂၁) ထိ ဆန်ပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Fri, 10/22/2021 - 14:56 -- journal_editor

        ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်း များမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၃ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၈ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၃ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၄ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၇ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ

(၁၅-၁၀-၂၀၂၁) မှ (၂၁-၁၀-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Fri, 10/22/2021 - 14:53 -- journal_editor

          ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်း သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြ ထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၃) နိုင်ငံအနက် ဖိလစ်ပိုင် နိုင်ငံသည် ယခင် အပတ် စျေးနှုန်းထက် (၁၆.၀၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ပါရာဂွေး နှင့် Puerto Rico နိုင်ငံတို့တွင် (၈.၃၀ %)၊ ပါကစ္စတန် နိုင်ငံတွင် (၈.၂၀ %)နှင့် လာအိုနိုင်ငံတွင် (၈.၀၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၇၂) နိုင်ငံ ရှိကြောင်း တွေ့ရှိ

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အကြိမ် (၂၀) မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအစည်းအဝေးသို့ တက်ရောက်

Fri, 10/22/2021 - 09:56 -- journal_editor

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၈ နာရီတွင်   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့်  အကြိမ် (၂၀) မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးသို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးရုံးမှ တက်ရောက်ခဲ့ပါသည်။

Pages

Subscribe to RSS - Latest News