Main menu

Background

Latest News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ခုနှစ်သောင်းခန့်တင်ပို့

Wed, 11/03/2021 - 14:15 -- journal_editor

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၆ရက် မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း မှ အမေရိကန်ဒေါ်လာ ၇ဒသမ၁၂၇သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၁၀၉၀ ခန့် တင်ပို့ခဲ့ရာ အာရှ နိုင်ငံများသို့ဆန်တန်ချိန် ၁၅၃၈၀ခန့်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၅၄၅၀ခန့် နှင့် နယူးဂီနီနိုင်ငံသို့ ဆန်တန်ချိန် ၂၆၀နီးပါး တင်ပို့ခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး သွားရောက်ကြည့်ရှုအားပေး

Mon, 11/01/2021 - 13:30 -- journal_editor

         ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘုရားကျောင်းကျေးရွာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ငါးမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ အေးခဲခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် Global Earth Agro & Aqua Industry Public Company Limited(GEAA)၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

(၂၂-၁၀-၂၀၂၁) မှ (၂၈-၁၀-၂၀၂၁) အထိရွှေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်း ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Mon, 11/01/2021 - 11:34 -- journal_editor

         ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် Covid-19 ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေ များကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၈၈ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၉၀ ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ပြည်တွင်း ရွှေဈေးသည်လည်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈၅၀၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၇၈၅၀၀၀ ကျပ်သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွ

(၂၂-၁၀-၂၀၂၁)မှ (၂၈-၁၀-၂၀၂၁)အထိ သကြားပြည်တွင်း စျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 11/01/2021 - 11:31 -- journal_editor

        ယခုတစ်ပတ်အတွင်း ကမ္ဘာ့သကြားစျေးနှုန်းများအနေဖြင့် International Sugar Organization (ISO) ၏ website ဖြစ်သော www.isosugar.org တွင် ဖော်ပြချက်များအရ နေ့စဉ်ဖြစ်ပေါ်နေသည့် ကမ္ဘာ့သကြားစျေးနှုန်းများကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ website တွင် ဖော်ပြချက်များအရ သကြားဖြူ(White Sugar) တစ်တန်လျှင် (၈-၉-၂၀၂၁) ရက်နေ့တွင် အမေရိကန်ဒေါ်လာ (၄၉၂.၁၅) ဒေါ်လာပေါက်စျေးရှိခဲ့ရာမှ အတက်အကျအပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး (၂၆-၁၀-၂၀၂၁) ရက်နေ့တွင် သကြားဖြူ (White Sugar) တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၅၀၇.၉၅) ဒေါ်လာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။

(၂၂-၁၀-၂၀၂၁) မှ (၂၈-၁၀-၂၀၂၁) ထိ ဆန်ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ လေ့လာသုံးသပ်တင်ပြခြင်း

Mon, 11/01/2021 - 11:26 -- journal_editor

         ပြည်ပဆန်စျေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက် နေ့တွင် International Rice Market Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်စျေးနှုန်း များမှာ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၀ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရပါသည်။ ထိုင်း ဆန်စျေးနှုန်းများမှာ (၁၀၀ %) ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၁၁ ဖြင့် လည်းကောင်း၊ ဧည့်မထ (၅ %) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၂ ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၇ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လ

(၂၂-၁၀-၂၀၂၁) မှ (၂၈-၁၀-၂၀၂၁ ) ထိ စက်သုံးဆီ ( ဓာတ်ဆီ၊ ဒီဇယ်ဆီ ) ပြည်တွင်းစျေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Mon, 11/01/2021 - 11:19 -- journal_editor

        ကမ္ဘာ့လောင်စာဆီ စျေးကွက်အခြေအနေအား လေ့လာကြည့်ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့ Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း (၁၂၃) နိုင်ငံအနက် လက်ဘနွန်နိုင်ငံသည် ယခင်အပတ် စျေးနှုန်းထက် (၂၄.၇၀ %) ဖြင့် ဈေးနှုန်း မြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး ဗီယက်နမ် နိုင်ငံတို့တွင် (၆.၄၀ %)၊ Uzbekistan နိုင်ငံတွင် (၅.၈၀ %)နှင့် သြစတြေးလျနိုင်ငံတွင် (၅.၅၀ %) ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စျေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း (၅၄) နိုင်ငံ ရှိကြောင်း တွေ့ရှိရပါသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ ဆွေးနွေး

Mon, 11/01/2021 - 10:01 -- journal_editor

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ (၁) Mr. Anatoly Bulochniov ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော် ရုံးအမှတ်(၁) အစည်းအဝေးခန်းမ၌  လက်ခံတွေ့ဆုံသည်။

မိုးစပါးများရိတ်သိမ်းချိန်တွင် တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး တက်ရောက်အမှာစကားပြောကြား

Mon, 11/01/2021 - 09:34 -- journal_editor

နေပြည်တော်၊ အောက်တိုဘာ ၂၉     ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့၊ နံနက် (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် မိုးစပါးများရိတ်သိမ်းချိန်တွင် တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက် ရောက်အမှာစကားပြောကြားခဲ့သည်။

ရော်ဘာတန်ချိန်နှစ်ထောင်ခုနှစ်ရာကျော်တင်ပို့

Fri, 10/29/2021 - 13:57 -- journal_editor

၂၀၂၁ ခုနှစ်အောက်တိုဘာလဆန်းမှ ၁၅ရက်ထိကာလတွင်း မြန်မာ-ထိုင်းနယ်စပ်မှ သဘာဝရော်ဘာတန် ၃၀ခန့် နှင့် မြန်မာ-တရုတ်နယ်စပ်မှ သဘာဝရော်ဘာတန် ၂၀ ကျော် စုစုပေါင်းတန်ချိန် ၅၀ ကျော် တန်ဖိုးအမေရိကန်ဒေါ်လာ သုညဒဿမ ၀၇၄ သန်းဖိုးတင်ပို့ကြောင်း သိရှိရသည်။

နယ်စပ်နှင့်ပင်လယ်ရေကြောင်းမှပြောင်းတန်ချိန်တစ်သောင်းခန့်တင်ပို့

Fri, 10/29/2021 - 13:56 -- journal_editor

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ရက်မှ ၁၅ရက်ထိ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်မှ အမေရိကန်ဒေါ်လာ သုညဒဿမ ၁၆၀သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် တစ်ထောင် ခန့် တင်ပို့ခဲ့ကြောင်းသိရှိရသည်။

အောက်တိုဘာလ ၁ရက်မှ ၁၅ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှု အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၅၀၀ ခန့်နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်း တန်ချိန် ၈၃၈၀ကျော် စုစုပေါင်း တန်ချိန် ၈၈၈၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂ဒဿမ ၁၀၅ သန်း ဖိုးတင်ပို့ခဲ့ရာ နယ်စပ်နှင့် ပင်လယ်ရေကြောင်း မှ ပြောင်း တန်ချိန် တစ်သောင်းခန့် တင်ပို့ခဲ့ကြောင်း သိရှိရသည်။

Pages

Subscribe to RSS - Latest News