Main menu

Background

Latest News

သွင်းကုန်လိုင်စင်ကြေးအား ယခင်အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၉) ပါ မူလနှုန်းထားအတိုင်း ကောက်ခံမည့်ကိစ္စ

Fri, 05/28/2021 - 16:38 -- journal_commerce

အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၁) ပါ သွင်းကုန်လိုင်စင်တစ်စောင်လျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ကာလတိုးမြှင့်သတ်မှတ်ကောက်ခံခဲ့မှုမှာ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အဆိုပါသွင်းကုန်လိုင်စင်ကြေးအား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစ၍ ယခင်အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၉) ပါ သတ်မှတ်နှုန်းထားများအတိုင်း ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ရုံးလုပ်ငန်းသုံး ကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲ

Fri, 05/28/2021 - 12:13 -- journal_editor

        ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်သွယ်ရေး ဦးစီးဌာန၏ ရုံးလုပ်ငန်းသုံး ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

စားသုံးဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ ပိုမိုစနစ်တကျဖြစ်စေရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 05/26/2021 - 11:35 -- journal_editor

         စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေးအတွက် စားသုံးဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း များပိုမိုစနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက်  (၁၀:၀၀) နာရီတွင် ရန်ကုန်မြို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင် အခကြေးငွေဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Wed, 05/26/2021 - 11:30 -- journal_editor

            ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ (၁)၌ ကျင်းပ ပြုလုပ်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင် အခကြေး ငွေဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာ စကားပြောကြား ခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Wed, 05/19/2021 - 13:01 -- journal_editor

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပ ပြုလုပ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စ ရပ်များ၊ မူပိုင်ခွင့်ဥပဒေဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်တွင်း ကုန်စည် စီးဆင်းမှုအခြေအနေများနှင့်ပတ်သက်၍ အပတ်စဉ်ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာနတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအား ကွင်းဆင်းကြည့်ရှု့

Mon, 05/17/2021 - 11:55 -- journal_editor

     ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည်  ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၁) သို့ တက်ရောက်အမှာစကားပြောကြား

Fri, 05/14/2021 - 18:53 -- journal_editor

၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ Video Conferencing စနစ်ဖြင့်ကျင်းပပြု လုပ်သည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်(၁/၂၀၂၁)သို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နေသည့်စက်ရုံများသို့ ကြည့်ရှုအားပေး

Fri, 05/14/2021 - 18:50 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးတို့သည်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မေလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိစက်မှုဇုန်၊ မဉ္ဇူသကလမ်းရှိ MYANMAR GOLDEN PRODUCE CO., LTD ၏ သစ်သီးဝလံ တန်ဖိုးမြှင့် ထုတ်လုပ်သည့် စက်ရုံသို့ ကြည့်ရှုစစ်ဆေးရာ MYANMAR GOLDEN PRODUCE CO.,LTD မှ ဒေါ်လဲ့လဲ့ဦးနှင့် တာဝန်ခံတို့မှ မြန်မာ့စိန်တစ်လုံးသရက်သီးအပါအဝင် သစ်သီးဝလံများအား တန်ဖိုးမြှင့် ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်သို့ တင်ပို

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

Thu, 05/13/2021 - 10:26 -- journal_editor

                COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၁/၂၀၂၁) ကြိမ်မြောက် ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Tue, 05/11/2021 - 11:40 -- journal_editor

                   နိုင်ငံ့စီးပွားရေးကို ဦးမော့လာစေရေး အလေးထားကြိုးပမ်းဆောင်ရွက်ရာတွင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို ထိထိရောက်ရောက် တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲချမှတ် အကောင်အထည်ဖော် လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လွယ်ကူလျင်မြန် ချောမွေ့စေရေးတို့အတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးနိုင်ရေး၊ ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ ချ

Pages

Subscribe to RSS - Latest News