Main menu

Background

Latest News

(၁၉) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး(အွန်လိုင်း) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Tue, 12/15/2020 - 11:05 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော (၁၉) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး (အွန်လိုင်း)ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်း အနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ အွန်လိုင်းမှ တက်ရောက်အမှာစကားပြောကြား

Sat, 12/12/2020 - 12:59 -- journal_editor

  ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သော တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) ဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး သည် ဝန်ကြီးဌာန အစည်းအဝေးခန်းမှ Online  ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဝန်ကြီးချုပ် လီခချန် “ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်-RCEP” အကောင်အထည်ဖော်ဆောင်ရွက်မှု အရှိန်အဟုန်မြှင့်ဆောင် ရွက်နိုင်ရန်အတွက် နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင်အစည်းအဝေးတစ်ရပ် ဦးဆောင်ကျင်းပ

Tue, 12/08/2020 - 10:32 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခချန် ဦးဆောင်၍ “ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်-RCEP” အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ လွတ်လပ်သောကုန်သွယ်မှုကို ထိန်းသိမ်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် win-win နယ်ပယ်သစ်များချဲ့ထွင်ခြင်းများနှင့်စပ်လျဉ်း၍ ပိုမိုအရှိန် အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ကြောင်း သိရှိရသည်။

Myanmar Tradenet 2.0 ဖြင့် Online စနစ်အသုံးပြု၍ ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်သတ်မှတ်ချက်များ အသိပေး ထုတ်ပြန်ခြင်း

Mon, 12/07/2020 - 11:09 -- journal_commerce

Myanmar Tradenet 2.0 ဖြင့် Online စနစ်အသုံးပြု၍ ပို့ကုန် သွင်းကုန်လိုင်စင်လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်သတ်မှတ်ချက်များ အသိပေးထုတ်ပြန်ခြင်း

ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သောသတင်းလွှာ (၂၀/၂၀၂၀)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် 6th India- CLMV Business Conclave 2020 သို့ တက်ရောက်အမှာစကားပြောကြား

Fri, 12/04/2020 - 11:14 -- journal_editor

အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် Confederation of Indian Industry (CII) တို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်မှ ၄ ရက်နေ့အထိ ကျင်းပသည့် 6th India- CLMV Business Conclave 2020 ၏ ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

သစ်သီးဝလံထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့်တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ တတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) အစည်းအဝေး

Thu, 12/03/2020 - 11:23 -- journal_editor

     ဆွစ်ဇာလန်နိုင်ငံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့အစည်းများ၏ နည်းပညာအကူအညီနှင့်  ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင် အကောင်အထည် ဖော်လျှက်ရှိသော သစ်သီးဝလံထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသောခရီးသွားလုပ်ငန်း တို့အကြား ချိတ်ဆက်လုပ်ကိုင်မှုဖွံ့ဖြိုးရေးစီမံကိန်း၏ တတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၂  နာရီအချိန်၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

မြန်မာ- တရုတ်သံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ- တရုတ်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၂၀

Sat, 11/28/2020 - 19:27 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ နေ့မှ ၃၀ နေ့အထိ ကျင်းပ ပြုလုပ်သည့် ၁၇ ကြိမ်မြောက် အာဆီယံ-တရုတ်ကုန်စည်ပြပွဲကာလအတွင်း ဆက်စပ်ကျင်းပသည့် မြန်မာ-တရုတ်နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ်ကုန်သွယ် ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၂၀ တို့ကို နိုဝင်ဘာလ ၂၇ နေ့ တရုတ်စံတော်ချိန် (၁၄:၀၀) နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ Nanning International Convention & Exhibition Center ၌ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဗီဒီယိုမိန့်ခွန်းပေးပို့ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (၁၀) နှစ်ပြည့် ဖိုရမ် အခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်းပြောကြား

Sat, 11/28/2020 - 19:22 -- journal_editor

  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၇ နေ့မှ ၃၀ နေ့အထိ ကျင်းပပြုလုပ်သည့် ၁၇ ကြိမ်မြောက် အာဆီယံ-တရုတ်ကုန်စည်ပြပွဲကာလအတွင်း ဆက်စပ်ကျင်းပသည့် အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသ (၁၀)နှစ်ပြည့်အခမ်း အနား (China-ASEAN Free Trade Area 10th Anniversary Forum)ကို  နိုဝင်ဘာလ၂၈နေ့ တရုတ်စံတော်ချိန် (၀၉:၀၀) နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နန်နင်းမြို့ရှိ Nanning International Convention & Exhibition Center ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့် ဗီဒီယိုမိန့်ခွန်း ပေးပို့ပြောကြားသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Wed, 11/25/2020 - 17:56 -- journal_editor

            ၂၀၂၀ ပြည်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သတ္တမအကြိမ် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးသို့ တက်ရောက်

Wed, 11/25/2020 - 11:44 -- journal_editor

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် သတ္တမအကြိမ် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကို စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်နှင့် အိန္ဒိယနိုင်ငံ Ministry of Commerce and Industry, Railways, Consumer Affairs, Food and Public Distribution ဝန်ကြီး H.E. Mr. Piyush Goyal တို့မှ  ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

Pages

Subscribe to RSS - Latest News