Main menu

Background

Latest News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး လယ်ယာထုတ်ကုန်စီမံခန့်ခွဲ့ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Wed, 10/14/2020 - 13:05 -- journal_editor

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက် (၁၄:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်း အဝေးသို့ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုအခြေအနေသုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးသို့ တက်ရောက်

Wed, 10/14/2020 - 12:11 -- journal_editor

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက် (၁၀:၀၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော ပို့ကုန်မြှင့်တင်ရေးနှင့် ကုန်သွယ်မှုအခြေအနေ သုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Wang Shouwen တရုတ် (ပေကျင်း) လွတ်လပ်သော ကုန်သွယ်မှု ဒေသ (Beijing Pilot Free Trade Zone) ဆိုင်ရာ တိုက်တွန်းနှိုးဆော်ခြင်းနှင့် ဖြန့်ကျက်ခြင်းဆိုင်ရာ အစည်းအဝေးတွင် အမှာစကားပြောကြား

Tue, 10/13/2020 - 15:07 -- journal_editor

ဝန်ဆောင်မှုကုန်သွယ်ရေးအစည်းအဝေးမှ သမ္မတကြီးရှီကျင့်ဖျင်၏ မိန့်ခွန်းအရ အမျိုးသား၀န်ဆောင်မှုလုပ်ငန်းတိုးချဲ့ရန်နှင့် ဖွင့်လှစ်ရန်အတွက်ပြည့်စုံသောသရုပ်ပြမှုဆိုင်ရာ စိတ်ဓာတ်နှင့်ဖန်တီးမှုများအပေါ် ဘေကျင်းမြို့ရှိ အကောင်အထည်ဖော်ဆောင်နေမှုများနှင့် တရုတ် (ပေကျင်း) လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ တိုက်တွန်းနှိုးဆော်ခြင်းနှင့် ဖြန့် ကျက်ခြင်းဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာလ ၉ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးညှိနှိုင်း မှု၏ ဒုတိယကိုယ်စားလှယ် Wang Shouwen က အမှာစကား ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအစိုးရမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲ တန်ချိန် (၁ ဒသမ ၅)သိန်း ထပ်မံ တင်သွင်းခွင့်ပြု

Fri, 10/09/2020 - 12:28 -- journal_editor

အိန္ဒိယနိုင်ငံ၏ ၂၀၁၅ - ၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ၂၀၁၇ ခုနှစ်မှ စတင်၍ ပဲတင်သွင်းမှုကို ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်လာခဲ့ပြီးနောက်ပိုင်း မိမိတို့ ပဲစိုက် တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ အကျိုးထိခိုက်မှုမရှိ စေရေးအတွက် အိန္ဒိယနိုင်ငံသို့ နှစ်စဉ် ပဲကိုတာ ရရှိတင်ပို့နိုင်ရေး အိန္ဒိယနိုင်ငံအစိုးရနှင့် ညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်လျက် ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးနှင့် ကုန်စည်စီးဆင်းမှုချောမွေ့စေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Tue, 10/06/2020 - 13:02 -- journal_editor

ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးနှင့် ကုန်စည် ဝင်/ထွက်မှု အခြေအနေ၊ ကုန်ဈေးနှုန်းများဖြစ်ပေါ်မှု အခြေအနေများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၅ ရက်နေ့ နံနက် (၁၀:၀၀)  နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်း အဖွဲ့များမှ တာဝန်ရှိသူများသည် Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Mon, 10/05/2020 - 14:12 -- journal_editor

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ (၁၃:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  Zoom Application ဖြင့် ကျင်းပပြုလုပ် ခဲ့ရာ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများအား e-mail ဖြင့် လက်ခံဆောင်ရွက်ခြင်း၊ ငွေပေးသွင်းမှုအား Quick pay ဖြင့် ပေးသွင်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း

Wed, 09/30/2020 - 17:34 -- journal_commerce

စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် ထုတ်ပေးခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များအား COVID-19 အရေးပေါ်ကာလအတွင်း လူချင်းထိတွေ့မှုလျှော့ချ၍ လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် လျှောက်ထားခြင်း၊ ငွေပေးသွင်းခြင်း၊ ပြန်လည်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များတွင် အခက်အလက်များပေးပို့ချိတ်ဆက်ခြင်းအတွက် e-mail အသုံးပြု၍ လည်းကောင်း၊ Online မှ ငွေပေးချေခြင်းအတွက် Quick pay ဖြင့် လည်းကောင်း (၁-၁၀-၂၀၂၀) ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာသည့် သတင်းလွှာ

ပြခန်းခင်းကျင်းခြင်းကျွမ်းကျင်မှုဆိုင်ရာအတတ်ပညာ

Wed, 09/30/2020 - 13:24 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည်မြန်မာ့ထွက်ကုန်များပြည်ပနိုင်ငံများသို့ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျှက်ရှိရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ စီးပွားရေးအချက်အချာကျသောမြို့ကြီးများတွင်ပြည်ပတင်ပို့ရန် အလားအလာရှိသော ဒေသထွက်ကုန်များပြသနိုင်ရန်နှင့် စီးပွားရေးတွေ့ဆုံဆွေးနွေးမှုများချိတ်ဆက်လုပ်ကိုင်နိုင်ရန် ကုန်သွယ်မှုဗဟိုဌာန(Trade Center)စုစုပေါင်း ၁၂ခုကို ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲ တက်ရောက် အမှာစကားပြောကြား

Mon, 09/28/2020 - 09:50 -- journal_editor

နေပြည်တော်၊ စက်တင်ဘာ ၂၄    ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၌ Virtual   စနစ်ဖြင့် ကျင်းပပြုလုပ်သော ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း သည့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မတ်ပဲ(Vigna Mungo )တင်သွင်းမှု၏ အပင်ရောဂါဆိုင်ရာအမိန့် (၂၀၀၃) ချိုးဖောက်ခြင်းအပေါ် ဖြေလျော့မှုအတည်ပြုခြင်း

Fri, 09/25/2020 - 16:39 -- journal_editor

 

 

အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်သမားလူမှုဖူလုံရေးဦးစီးဌာန၊ အာဏာ ပိုင် မတ်ပဲ(Vigna mungo) တင်သွင်းမှု၏ အပင်ရောဂါဆိုင်ရာအမိန့် (၂၀၀၃) ချိုးဖောက်ခြင်းအပေါ် ဖြေလျှော့မှုအတည်ပြုခြင်းဆိုင်ရာ အချက်အလက်များ

 

-        ကုန်ပစ္စည်းတင်သွင်းသူအားလုံးသည် အပင်ရောဂါဆိုင်ရာအမိန့်၏ ပြဋ္ဌာန်းချက်များ ကို အနာဂတ်တွင် ချိုးဖောက်လိမ့်မည်မဟုတ်သည့်အပြင် ဖြေလျှော့မှု အပိုဒ်ခွဲအရ ထပ်ဆောင်းအခကြေးငွေ(၄)ဆ ထပ်မံပေးဆောင်ပါမည့်အကြောင်း ကျမ်းကျိမ်လွှာ တစ်ခု တင်သွင်းရန် လိုအပ်ပါကြောင်း၊

Pages

Subscribe to RSS - Latest News