မြန်မာ့ကုန်သွယ်ဖက် နိုင်ငံများရဲ့ ငွေကြေး ရက်သတ္တပတ်
အာရှဒေသရှိ ထွန်းသစ်စ ငွေကြေးများမှာ အောက်တိုဘာ ၂၁ ရက်တွင် တန်ဖိုးကျဆင်းခဲ့သည်။ အဆမတန် ဖြေလျော့ထားသော ငွေကြေးမူဝါဒကို ဆက်လက်ကျင့်သုံးရန် ဥရောပ ဗဟိုဘဏ် (အီးစီဘီ)က ဆုံးဖြတ်ချက်ချ ပြီး နောက်ပိုင်း ယူရိုတန်ဖိုးကျဆင်းကာ အမေရိကန် ဒေါ်လာ တန်ဖိုးမြင့်တက်မှု ကြောင့်လည်းကောင်း၊ ရေနံဈေးနှုန်းများ ကျဆင်းမှုကြောင့် လည်းကောင်း ယခုကဲ့သို့ အာရှငွေကြေးများ တန်ဖိုးကျဆင်းခဲ့ခြင်း ဖြစ်သည်။ တရုတ် ယွမ် ငွေကြေးတန်ဖိုးက ခြောက်နှစ်အတွင်း အနိမ့်ဆုံးကျဆင်းခဲ့ပြီးနောက် ဒေသတွင်း ငွေကြေးများ အပေါ် ဖိအားပေးမှုများ ကျရောက်ခဲ့ပြီး စင်ကာပူ ဒေါ်လာတန်ဖိုးက မတ်လ နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ သည်။ အီးစီ ဘီ၏ မူဝါ