မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်
ယွမ်ငွေကြေးတန်ဖိုး ချတဲ့အတွက် ဖြစ်ပေါ်ရတဲ့ ဈေးကွက်ကသောင်းကနင်းဖြစ်မှုက စတော့ဈေးကွက်တွေရဲ့ ရက်သတ္တပတ်အလိုက်ကျဆင်းမှုကို နှစ် နှစ်အတွင်းအဆိုးဆုံးသို့ ရောက်ရှိစေခဲ့ပါတယ်။ ထို့အတူ ငွေကြေးတန် ဖိုး တွေကလည်း ယခုရာစုနှစ်အတွင်း ကျဆင်းမှု ကာလအရှည်ကြာဆုံးဖြစ်ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စတော့ဈေးကွက်တွေရဲ့ အတက်အကျမတည်ငြိမ်မှု ကနှစ်နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုး ရိမ်မှုတွေမြင့်တက်နေချိန်မှာ အမေရိကန် ပြည်ထောင်စုက စက်တင်ဘာလမှာ အတိုးနှုန်းကို မြှင့်တင်ပေးမယ်ဆိုတဲ့ သတင်းကြောင့် ဒေါ်လာနဲ့ထားရှိတဲ့ အက်ဆက်တွေကို ဝယ်ယူဖို့ပြောင်းလဲ ကြိုးပမ်းလာတာကို တွေ့ရပါတ ယ်။
