စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၄၀ဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့
ဇူလိုင် ၂၈ ရက်မှသြဂုတ် ၉ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၄၀ဝ ကျော်ရှိခဲ့ကြောင်း ရန်ကုန် စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ် ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၁၆၇၄၉၆ စောင် ရှိပြီး တန်ဖိုးအား ဖြင့် ကျပ် ၄၁၀ ဒသမ ဝ၉ သန်း ရှိခဲ့ခြင်းဖြစ်သည်။