ငွေကြေး ရက်သတ္တပတ်
အမေရိကန်ပြည်ထောင်စုဗဟို ဘဏ်ရဲ့ မူဝါဒအစည်းအဝေးကျင်းပ တော့မယ့်အချိန်နဲ့ ဗြိတိန်နိုင်ငံမှာလည်း ဥရောပမှဗြိတိန်နိုင်ငံနုတ်ထွက်ရေး အတွက် မဲပေးဆုံးဖြတ်တော့မယ့် အချိန်နီးကပ်လာတဲ့အတွက် ရင်းနှီး မြှုပ်နှံ သူတွေက သတိထားပြီး အလုပ်လုပ်နေကြပါတယ်။ ဒါကြောင့် ရက် သတ္တပတ်အလိုက် နှိုင်းယှဉ်ရင်တန်ဖိုး မြင့်တက်ခဲ့တဲ့ အာရှငွေကြေးအချို့ တန်ဖိုးကျဆင်းခဲ့တဲ့အတွက် ဇွန် ၁၀ ရက်က အာရှငွေကြေးအများစုရဲ့ တန်ဖိုးများ ကျဆင်းခဲ့တာကို တွေ့ရပါ တယ်။ ဇွန် ၂၃ ရက်မှာ ကျင်းပမယ့် ဗြိတိန်နိုင်ငံရဲ့ ဆန္ဒခံယူပွဲအတွက်စိုးရိမ် မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စွန့်စားမှုအန္တရာယ်များတဲ့ သက်သေခံ ငွေချေးစာရွက်စာတမ်းများ ဝ






