မန္တလေးမြို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှု သီးသန့်အလုပ်အကိုင်ပြပွဲကြီး ကျင်းပမည်
မန္တလေးမြို့အတွက်ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာ သီးသန့်အလုပ် အကိုင်ပြပွဲကြီးကို လာမည့်မေ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းအလုပ်အကိုင်ပြပွဲကို ဦး ဆောင်ကျင်းပမည့် work.com.mm ၏ သတင်းထုတ်ပြန် ချက်များအရသိရသည်။အဆိုပါ အလုပ်အကိုင်ပြပွဲကြီးကို work.com.mm နှင့်မြန်မာနိုင်ငံ၏ အကြီးဆုံးဆက်သွယ်ရေးကွန်ရက် ကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့် Ooredoo တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး Ooredoo Contact Center Mandalay Recruitment Day ဟုအမည်ပေးထားကြောင်း သိရသည်။