ရက်သတ္တပတ်အတွင်း ဆန်တန်ချိန် တစ်သောင်းရှစ်ထောင်ကျော် တင်ပို့
မေ ၁၅ ရက်မှ ၂၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၀၂၂ တန်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ယူအေအီးနဲ့ အီးယူနိုင်ငံ များကိုသာ တင်ပို့မှုရှိခဲ့ ပါတယ်။ ယူအေအီးနိုင်ငံများသို့ ဧည့်မထဆန် တန် ၅၀ တင်ပို့ပြီး အီးယူနိုင်ငံများဖြစ်တဲ့ ယူနိုက်တက်ကင်းဒမ်းသို့ ဧည့်မထ ဆန် တန် ၆၅၀ ၊ အီတလီနိုင်ငံသို့ ဧည့်မထ ၇၂ တန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံ သို့ ဧည့်မထဆန် တန် ၂၅၀ တင်ပို့ခဲ့တာဖြစ် ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် ၇၉၃ တန်ခန့် လျော့နည်းခဲ့ပါတယ်။ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ ယခု တစ်ပတ်ဆန်ကွဲ တင်ပို့မှု မရှိခဲ့ပါဘူး။









