Myanmar International Gems, Jewellery & Watch Expo 2016 ကုန်စည်ပြပွဲကျင်းပ
Myanmar International Gems, Jewellery & Watch Expo 2016 ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနား ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ ( Gems Trade Center) တွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန် မာနိုင်ငံ ကျောက်မျက်ရတနာရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးယုံမူ၊ အတွင်းရေးမှူး ဦးထွန်းလှအောင်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေ ဆိုင်)၊Asia Concent Co.,Ltd နှင့် ဖိတ်ြ ကားထား သော ဧည့်သည်များတက်ရောက်ကြပါသည်။




