မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ငါးခူ (Siluriformes) ငါးမျိုးစိတ် တင်ပို့ခွင့်ရရှိမည်
၂၀၁၅ခုနှစ် နိုဝင်ဘာအတွင်း အမေရိကန်နိုင်ငံ အစားအစာ ဘေး အန္တရာယ် ကင်းရှင်းရေးနှင့်စစ်ဆေး ရေးလုပ်ငန်းမှ ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံသို့ ငါးခူ အပါအဝင် ငါးခူမျိုးစိတ်များတင်သွင်းမှုနှင့် စပ်လျဉ်းသည့် စည်းမျဉ်း သတ်မှတ်ချက်များသည် ၂၀၁၆ခုနှစ် မတ်လတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အဆိုပါနေ့ရက်မှစ၍ အသွင်ကူးပြောင်းရေး ကာလစတင်မည်ဖြစ်ကာ အချိန်၁၈ လရရှိမည် ဖြစ်ပါသည်။ အဆိုပါ နေ့ရက်မှစ၍ catfish အပါအဝင် ငါးခူ (Siluriformes) ငါးမျိုးစိတ်ဝင်ဆိုင်ရာ စစ်ဆေးမှုကို အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဌာန(FDA)မှ ဆောင်ရွက်ခြင်းပြုတော့မည် မဟုတ်ဘဲ၊ အမေရိကန်နိုင်ငံ အစားအစာ ဘေး အန္တရာယ်ကင်း