ရိဒ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပိုမို
မြန်မာ- အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းက ၂၀၁၆ ခုနှစ် ဧပြီလအတွင်း ပို့ကုန်ကန်ဒေါ်လာ ၁ ဒသမ ၁၈၀ သန်း၊ သွင်းကုန် ကန် ဒေါ်လာ သုည ဒသမ ၇၈၁ သန်းဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၉၆၁ သန်းရရှိခဲ့ပါတယ်။ ယမန်နှစ်ကာလတူဖြစ်တဲ့ ဧပြီနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၄၁၅ သန်း၊ သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၂၇၄ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ် လာ သုည ဒသမ ၆၈၉ သန်းပိုမိုခဲ့ပါတယ်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၆၃၂ သန်းလျော့နည်းပြီး၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်း ပိုမိုခဲ့ပါတယ်။ယမန်နှစ် ကာလတူထက် ကုန်သွယ်မှုပမာဏပိုမိုရခြင်းမှ