မောတောင် ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံး ကာလထက်ရောယမန်နှစ် ကာလတူထက်ပါ ကုန်သွယ်မှုပိုမို
မြန်မာ-ထိုင်းနယ်စပ်ရှိ မော တောင်ကုန်သွယ်ရေးစခန်းမှာ ၂၀၁၆ ခုနှစ်မေလအတွင်း ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်း၊ သွင်းကုန်ကန် ဒေါ်လာ သုည ဒသမ ၀၄၀ သန်း ဆောင်ရွက်နိုင်သဖြင့် ကုန်သွယ် မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်း ရရှိခဲ့ပါတယ်။ အနီးစပ်ဆုံး ကာလထက် ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၀၀၉ သန်း၊သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၀၂၁ သန်း၊ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်းပိုမိုခဲ့ပါတယ်။ ယမန်နှစ် ကာလတူထက် ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ၁၀၃ သန်း၊ သွင်းကုန်ကန် ဒေါ်လာ သုည ဒသမ ၀၂၈ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၁၃၁ သန်းပိုမိုခဲ့ပါတယ်။