ကိုရီးယားဈေးကွက်သို့ လျှောက်လှမ်းတော့မည့် ဘိုင်းဒါးဂေါ်ဖီထုပ်
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဘိုင်းဒါးဒေသနှင့် သဲကုန်းမြို့နယ်၊ ပုတီးကုန်း၊ ဝက်ပုတ်ဒေသများ၌ ဖရဲသီးအပါအဝင် ပန်းဂေါ်ဖီ၊ ဂေါ်ဖီနှင့် ဟင်းသီးဟင်းရွက် အမြောက်အမြား စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပဲခူး၊ ရန်ကုန် တောင်ငူ၊ ဘားအံနှင့် ကျိုက်ထိုဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယခုအခါ Win Organic Farm Myanmar Co., Ltd မှ မြန်မာနိုင်ငံ Organic ဟင်းသီးဟင်းရွက်ထွက်ကုန်များအား အခြောက်ခံ၍ ကိုရီးယားနိုင်ငံသို့ တင်ပို့လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဘိုင်းဒါးဒေသမှဂေါ်ဖီထုပ်များကို Organic ထုတ်ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်၍ ကိုရီးယားနိုင်ငံဈေးကွက်သို့ ဝယ်ယူတင်ပို့နိုင်ရန် အောက်တိုဘာ ၁










