Background
စီးပွားရေးသတင်း
အမေရိကန် စက်အစိတ်အပိုင်းများ မပါဘဲ ဟွာဝေးက 5G အခြေခံစခန်းများတည်ဆောက်မည်
အမေရိကန်စက်အစိတ်အပိုင်းများမပါဘဲ 5G အခြေခံစခန်းများကို တည်ဆောက်သွားရန် အသင့်ဖြစ်နေကြောင်းနှင့် လာမည့်နှစ်တွင် ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်သွားမှာဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီတည်ထောင်သူနှင့် စီအီးအို ရန်ဇန်ဖေးက စက်တင်ဘာ ၂၇ ရက်တွင်ပြောသည်။ အောက်တိုဘာလမှစ၍ ဟွာဝေးသည် တစ်လကို 5G ဆက်သွယ်ရေးအခြေခံစခန်း ၅၀၀၀ တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် အခြေစိုက်စခန်း ၁ ဒသမ ၅ သန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်က ဖိုရမ်တစ်ခုတွင်ပြောသည်။
တမူးနယ်စပ်မှ အိန္ဒိယသို့ တစ်ပတ်အတွင်း တင်ပို့လျက်ရှိသည့် ကုန်ပစ္စည်းတန်ဖိုး
စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း တမူးနယ်စပ်မှ အိန္ဒိယသို့ တင်ပို့လျက်ရှိသည့် ကုန်ပစ္စည်းအမျိုးအစားများမှာ လယ်ယာထွက် ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ စက်မှုကုန်ကြမ်း ပစ္စည်းများနှင့် အခြား ပစ္စည်းများ တင် ပို့ကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သော ကွမ်းသီး၊ စားတော်ပဲနှင့် ကြက်သွန်ဖြူတို့၏ ပို့ကုန်တန်ဖိုးမှာ အမေ ရိကန် ဒေါ်လာသန်းပေါင်း သုည ဒသမ ၈၃၇၊ ရေထွက်ပစ္စည်းများမှာ ငါးတန်၊ ငါးမြစ်ချင်း၊ ငါးမုတ် စသည်တို့၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာသန်းပေါင်း သုည ဒသမ ၀၂၉၊ စက်မှုကုန်ကြမ်းပစ္စည်းများမှာ သကြားဖြူ၊ စီးကရက်၊ ဘိလပ်ဖျော်စက်စသည်တို့၏ တန်ဖိုးမှာ အမေ ရိကန်ဒေါ် လာသန်းပေါင်
ယခုတစ်ပတ် ရေလမ်းမှ ဘိလပ်မြေ ပြန်လည်တင်သွင်း
စက်တင်ဘာ ၁၅ ရက် မှ ၂၁ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၃၂၄၃၈ တန်ဖိုးရှိ ဘိလပ်မြေ ၁၇၆ ဒသမ ၂၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ထိုင်းနိုင်ငံမှ ၁၂၅ တန်နှင့် မလေးရှားနိုင်ငံမှ ၅၁ ဒသမ ၂၀ တန် တင်သွင်းခဲ့သည်။ နှစ်ပတ် ဆက်တိုက်တင်သွင်းမှု ပျောက်နေသောဘိလပ်မြေက ယခုတစ်ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်မှ ၂၀ ရက်အတွင်း နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၇၃၈၀ ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၆၃၀၀ ကျော်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်မှာတန်ချိန် ၁၀၈၀ ကျော်အဝင်ပိုခဲ့သည်။ ယခုတစ်ပတ် ရေလမ်းမှ ဘိလပ်မြေတန်ချိန် ၁၇၀ ကျော်နှင့် နယ
ဧရာဝတီတိုင်းဒေသကြီး၌ စပါးဈေးနှုန်းများ ကျဆင်း
ဧရာဝတီတိုင်းဒေသကြီး ဆန်၊ စပါးဈေးကွက်၌ စက်တင်ဘာလအတွင်း ဈေးနှုန်းကျဆင်းကာ အရောင်းအဝယ် အေးလျက်ရှိပြီး ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် ပေါ်ဆန်းစပါးဈေးနှင့် ဧည့်မထ မိုးစပါး ဈေးများ ကျဆင်းလျက်ရှိသည်။ ပုသိမ်ခရိုင်တွင် ပေါ်ဆန်းစပါး ၄၆ပေါင်တင်း ၁၀၀ ကို ကျပ်ကိုးသိန်းခွဲ၊ ၁၀ သိန်းဝန်းကျင်မှ ယခုကျပ် ရှစ်သိန်းခွဲ၊ကျပ်ကိုးသိန်း မိုးဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၅၅၀၀၀၀၊ ကျပ် ၅၉၀၀၀၀ မှ ယခု ကျပ် ၅၃၀၀၀၀၊ ကျပ် ၅၄၀၀၀၀ ခန့်ဈေး၊ မြောင်းမြခရိုင် ပေါ်ဆန်းစပါး ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၈၈၀၀၀၀-၉၃၅၀၀၀ မှ ယခု ကျပ် ၈၃၀၀၀၀- ၈၅၀၀၀၀ နှင့် မအူပင်ခရိုင်တွင် ပေါ်ဆန်း စပါ
လစဉ် ကျပ်တစ်သိန်းငါးသောင်းကျော်ပေးသွင်းရုံဖြင့် ကိုယ်ပိုင်အိမ်ဆောက်လုပ်နိုင်မည့် ဝန်ဆောင်မှု မိတ်ဆက်
အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ် ဆိုက် iMyanmarHouse.com နှင့် Myanmar Art Construction & Development Co.,Ltd.
ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန် ငါးမျိုးသစ်များ ဖော်ထုတ်မျိုးပွားနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်နေ
ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ် ငါးမျိုး သစ်များ ဖော်ထုတ်မျိုးပွားနိုင်ရေးအတွက် သုတေသနပြုမှုများ အရှိန်မြှင့်ဆောင် ရွက်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် သုတေ သန လုပ်ငန်းများအတွက် ရေချိုငါးများ သားဖောက် ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ဒေသတွင်း ငါး၊ ပုစွန်ကျန်းမာမှုအတွက် အထောက်အကူ ပြုစေမည့် ငါးလုပ်ငန်း စခန်းအတွင်းရှိ ငါး၊ ပုစွန်ကျန်းမာမှုနှင့် ရောဂါထိန်းချုပ်ရေး ဓာတ်ခွဲခန်းကို လည်းကောင်း ဆောင်ရွက်လျက်ရှိ ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။
မိုးရွာသွန်းမှုအခြေအနေ ကောင်းမွန်လာသဖြင့် အိန္ဒိပဲမျိုးစုံ အထွက်ကောင်းနိုင်
အိန္ဒိယနိုင်ငံ၏ နွေသီးနှံသည် တာထွက်ညံ့ခဲ့သော်လည်း ယခုအခါ အခြေ အနေမှာ ပြန်လည်နာလန်ထူလာပြီဖြစ်ကြောင်းနှင့် အကောင်းဘက်သို့ ဦးတည်လာ နေပြီဖြစ်ကြောင်း လေ့လာဆန်းစစ်သူတို့၏ ပြောကြားချက်ကို ကိုးကား၍ Producer.com ဝက်ဘ်ဆိုက်သတင်းတွင် ဖော်ပြသည်။ မုတ်သုံမိုးရွာသွန်းမှုသည် ဇွန် ၁ ရက်မှဇူလိုင် ၁၉ ရက်အထိ ကာလအတွင်း ပုံမှန်ရွာသွန်းမြဲအောက် ၁၈ ရာခိုင်နှုန်း ကျဆင်ခဲ့သော်လည်း ဇွန် ၁ ရက်မှ စက် တင်ဘာ ၁၁ ရက်အထိကာလကို ကြည့်ပါက ပျမ်းမျှရွာသွန်းမှုအထက် ၁၉ ရာခိုင် နှုန်း မြင့်မားခဲ့သည်။ ဇူလိုင် ၁၉ ရက်အထိ ပဲသီးနှံစိုက်ပျိုးမှု အခြေအနေမှာ ယခင်နှစ် ကထက် ဧကခုနစ်သန်းကျော်ပိုမိုခဲ့ပြီး စက်တင်ဘာ ၁၃ ရက်အထိ အခြေအနေမှာ တ
စင်ကာပူတွင် မော်ဒယ်သစ် အိုင်ဖုန်းများ စတင်ရောင်းချ
အက်ပဲအိုင်ဖုန်းသုံးမျိုးဖြစ်သော iPhone 11, iPhone 11 Pro eJY iPhone 11 Pro Max တို့ကို စင်ကာပူတွင် စက် တင်ဘာ ၂၀ ရက်က စတင်ရောင်းချခဲ့ကြောင်း channelnewsasia သတင်းတွင် ဖော်ပြသည်။ အိုင်ဖုန်းများ ကို ရောင်းချရန် မူလသတ်မှတ်ထားသောရက်ထက် တစ်ရက်စော၍ ရောင်းချခြင်းဖြစ်ပြီး အောချတ်လမ်းရှိ အက်ပဲစတိုးဆိုင် အပြင်ဘက်တွင် လူအများအပြား တန်းစီစောင့်ဆိုင်းနေကြသည်။ မိုဒယ်အမျိုးအစား သုံးခုစလုံးကို စင်ကာပူတွင် စက်တင်ဘာ ၁၃ ရက်ကတည်းက ကြိုတင်မှာယူထား ခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ရော်ဘာတန်ချိန် ၂၀၀၀ နီးပါးတင်ပို့
စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်အထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ် နှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာသုညဒသမ ၄၃၀ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။ ယခု တစ်ပတ် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတန်ချိန် ၂၀၀ နှင့် မြဝတီကုန်သွယ် ရေးစခန်းမှ Rubber Latex 60% DRC အမျိုးအစားတန်ချိန်၂၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်း ယှဉ်ပါက တန်ချိန်၃၀၀ ကျော် ပိုမို တင်ပို့ နိုင်သည်။