Main menu

Background

စီးပွားရေးသတင်း

သီးနှံဖျက်ပိုးမွှား အန္တရာယ်ဇီဝနည်းဖြင့် ကာကွယ်

Thu, 07/11/2019 - 13:57 -- journal_editor

      ယခုအခါတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့် ရေးအတွက် သီးနှံများကို အရှိန်အဟုန်မြင့်တိုးမြှင့်ဆောင်ရွက်နေကြရသည်။ အထွက်ကောင်းသော သီးနှံများမျိုးများရွေးချယ် စိုက်ပျိုးလာကြသည်။ သီးထပ်သီး ညှပ်သီးနှံပုံစံများ စိုက်ပျိုးလာကြသည်။ ဤသို့ စိုက်ပျိုးလာသည်နှင့်အမျှ သီးနှံများနှင့် ယှဉ်တွဲပါလာသည့် ဖွားဖက်တော်များမှာ သီးနှံများကို ဖျက်ဆီးမည့် ပိုးမွှားရောဂါများပင် ဖြစ်သည်။သီးနှံထုတ်လုပ်သူများကလည်း စပါး၊ ပဲ မျိုးစုံ၊ ဆီထွက်သီးနှံ ဟင်းသီးဟင်းရွက်သစ်သီးဝလံ၊ စားဖိုဆောင်သီးနှံစသည့် လူသားတို့ အတွက် အဓိကရိက္ခာများကို ထုတ်လုပ်ကြသည်။ ဤသို့ထုတ်လုပ်ကြရင်းပင် မိမိတို့၏သီးနှံများ အရောင်းအသွေးလ

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သောသတင်းလွှာ (၄/၂၀၁၉)

Thu, 07/11/2019 - 11:26 -- journal_editor

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အား Update ပြုလုပ်ရန် အသိပေးကြေညာခြင်း

သတင်းလွှာ (၄/၂၀၁၉

မုတ်သုံမိုး အားနည်းမှုကြောင့် သီးနှံစိုက်ပျိုးမှုအတွက် အိန္ဒိယစိုးရိမ်

Wed, 07/03/2019 - 13:23 -- journal_editor

      အိန္ဒိယနိုင်ငံ၏  မုတ်သုံမိုးရွာသွန်းမှုသည်  ပျမ်းမျှရွာသွန်းမှုအောက်သို့ သီတင်းလေးပတ်ဆက်တိုက် ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဇွန်၂၆ ရက်တွင် ကုန်ဆုံးခဲ့သောသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသတို့တွင် မိုးအနည်းငယ်သာ ရွာသွန်းခဲ့သည့်အတွက် အဓိသီးနှံ များစိုက်ပျိုးထုတ်လုပ်မှုနှင့် အိန္ဒိယစီးပွားရေးတစ်ခုလုံးအတွက်  စိုးရိမ်မှုများမြင့် တက်လျက်ရှိသည်။ မုတ်သုံမိုးသည် အိန္ဒိယနိုင် ငံလယ်ယာကဏ္ဍ ထုတ်လုပ်မှုနှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်  အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ အိန္ဒိယ နိုင်ငံ စိုက်ပျိုးနိုင်သောမြေ၏ ၅၅ ရာခိုင်နှုန်းသည် မိုးရေသော

စင်ကာပူတွင် ဒစ်ဂျစ်တယ်ဘဏ်ငါးခုကို လိုင်စင်ချပေးမည်

Wed, 07/03/2019 - 13:23 -- journal_editor

        ဘဏ်လုပ်ငန်းမဟုတ်သူများပါ ပါဝင် လုပ်ကိုနိုင်ရန်အတွက်  ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းလိုင်စင်ငါးခုကို ချထားပေးမည်ဟု စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ Mon- etary Authority of Singapore (MAS) က ဇွန် ၂၈ ရက်တွင်ပြောကြောင်းချန်နယ်နယူး အေးရှသတင်းတွင် ဖော်ပြသည်။ စင်ကာပူ နိုင်ငံသည် အင်တာနက်ဘဏ်လုပ်ငန်း မူဘောင်ကို ၂၀၀၀ ပြည့်နှစ်တွင် ချမှတ်ခဲ့သည်။  ထိုမူဘောင်အရ ဆောင်ရွက်နေ သော စင်ကာပူဘဏ် လုပ်ငန်း အုပ်စုများက ထူထောင်ထားသော ဘဏ်များကို  ချပေးခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့်အာဆီယံတို့ သိပ္ပံပညာပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနဖွင့်မည်

Wed, 07/03/2019 - 13:17 -- journal_editor

        ပညာရပ်ဖလှယ်ရန်နှင့် မူဝါဒမျှဝေရန်အတွက် သိပ္ပံပညာနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနတစ်ခုတည် ထောင်ရန် တောင်ကိုရီးယားနှင့် အာဆီယံအဖွဲ့တို့ သဘောတူညီခဲ့ကြသည်ဟု  တောင်ကိုရီးယား သိပ္ပံပညာနှင့် အိုင်စီတီဝန်ကြီး ဌာနက ဇွန် ၂၈ ရက်ကပြောကြောင်း ကိုရီးယားဟာရယ်သတင်းတွင်ဖော်ပြသည်။ အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသော ကိုရီးယားအာဆီယံ သိပ္ပံနှင့် နည်းပညာပူးတွဲကော်မတီ၏ လေးကြိမ်းမြောက် အစည်း အဝေးတွင် သဘောတူညီချက်ကိုရရှိခဲ့ခြင်းဖြစ်သည်။ နှစ်နှစ်တစ်ကြိမ်ကျင်းပသော ဤအခမ်းအနားသို့  အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ သိပ္ပံနှင့်နည်းပညာမူဝါဒရေးရာကို ဦးဆောင်သူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့သည်။

ဗီယက်နမ် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပြင်းထန်သော ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိ

Wed, 07/03/2019 - 13:12 -- journal_editor

      စတင်  အကောင်အထည်ဖော် တော့မည့် နှစ်နိုင်ငံသဘောတူစာချုပ်အရဥရောပသမဂ္ဂ(အီးယူ) မှ သွင်းကုန်များ၏  ပြင်းထန်သော ယှဉ်ပြိုင်မှုနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရင် ဆိုင်ရဖွယ်ရှိကြောင်း ဗီယက်နမ်နယူး အေဂျင်စီသတင်းတွင်ဖော်ပြသည်။ အီးယူ-ဗီယက်နမ် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ် (EVFTA) နှင့် အီးယူ-ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်  (EVIPA) များကို ဇွန် ၃၀ ရက်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။နှစ်နိုင်ငံ သဘောတူစာချုပ်များက  ဗီယက်နမ်လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပေါ်သို့ ဂယက်ရိုက်ခတ်လာမည်ကို လေ့လာနိုင်ရန် ကွန်ဖရင့်တစ် ရပ်ကို  ဇွန် ၂၆ ရက်က ဟနွိုင်းမြို့တွင် ကျင်းခဲ့ရာ  ထိုကွန်ဖရင့် ၌

CB Bank နှင့် Shop.com.mm တို့ ပူးပေါင်း၍ အတိုးမဲ့အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်

Wed, 07/03/2019 - 11:30 -- journal_editor

     CB ဘဏ်၏ Credit Card ကိုင်ဆောင်သူများသည် ဇွန်လမှစတင်ကာ နိုဝင်ဘာလကုန်အထိ အတိုးမဲ့အရစ်ကျ ဈေးဝယ်ခြင်းအစီအစဉ် (သုည ရာခိုင် နှုန်း IPP)ဖြင့် Shop. com.

အီးဗီဇာ လျှောက်ထားမှုအတွက် ဝက်ဘ်ဆိုဒ်များမှ လျှောက်ထားခြင်းကို ခွင့်မပြုတော့

Wed, 07/03/2019 - 10:45 -- journal_editor

      ပြည်တွင်းသို့ ပြည်ဝင်ခွင့်ရရှိရန်အတွက် အီးဗီဇာလျှောက်ထားရာတွင် ကြားခံဝန်ဆောင်မှုပေးသည့် ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် လျှောက်ထားခြင်းကို ခွင့်မပြုတော့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။ ပြည် ဝင်ခွင့်အတွက် အီးဗီဇာ လျှောက်ထားရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အီးဗီဇာကို ဝန်ဆောင်ခ နှုန်းထား ကြီးမြင့်စွာကောက်ခံနေပြီး တစ်ဆင့်ခံဆောင်ရွက် မှုများရှိနေသည့်အတွက် www.ivisa.com မှ  တစ်ဆင့် လျှောက်ထားမှုများကို ငြင်းပယ်သွားမည်ဖြစ်သလို ဝက်ဘ်ဆိုဒ် အီးမေးလ်ဒိုမိန်းဖြစ်သည့် govereply.visa.com ဖြင့် အီးဗီဇာ လျှောက်ထားမှုများကိုလည်း ငြင်းပယ်သွားမည်ဖြစ် ကြောင်

အာရှတစ်ဝန်းတွင် ဝက်တုပ်ကွေးရောဂါ ပျံ့နှံ့နေသည့်အတွက် တရုတ်နှင့် ဗီယက်နမ်၌ ဝက်သန်းချီသုတ်သင်

Wed, 06/26/2019 - 13:20 -- journal_editor

      အာဖရိက ဝက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရန် အာရှနိုင်ငံများအား ကုလသမဂ္ဂအစားအစာအေဂျင်စီက တိုက် တွန်းထားသည့်အတွက် တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဝက်သန်း  ပေါင်းများစွာကို သုတ်သင်ခဲ့ရကြောင်း အေပီသတင်းတွင်ဖော်ပြသည်။ ကူးစက်ရောဂါသည် လာအို နိုင်ငံအထိ  ပြန့်ပွားနေကြောင်း ကုလသမဂ္ဂအစားအစာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ကြေညာချက် နှင့်အတူ     ယခုရောဂါပြန့်ပွားမှုမှာ သမိုင်းတွင်  အဆိုးရွားဆုံး  တိရစ္ဆာန် ရောဂါပြန့်ပွားမှုဖြစ်ကြောင်း ကျွမ်းကျင် သူတို့ကပြောသည်။

European Chamber of Commerce of Myanmar (EuroCham)

Wed, 06/26/2019 - 12:10 -- journal_editor

      မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) နှင့် European Chamber of Commerce of Myanmar(EuroCham) တို့သည် မြန်မာ-ဥရောပ ဆောက် လုပ်ရေးနှင့်အခြေခံအဆောက်အအုံ ရေ ရှည် တည်တံ့ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို MCEF ခန်းမတွင် ဇွန် ၁၈ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ ယခုနားလည်မှုစာချွန်လွှာအရ  အပြန်အလှန် လုပ် ဆောင်ချက်ရှစ်ရပ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချုပ်(MCEF)က တင်ပြသော ပူးပေါင်းဆောင်ရွက်ချက်လေးရပ်မှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက် ၍ အသိ ပညာနှင့်

Pages

Subscribe to RSS - စီးပွားရေးသတင်း