သြဂုတ်လဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်တွင် လက်ကျန်ပဲနည်းလာလို့ ကုလားပဲဈေးဆက်မာ
သြဂုတ်လဒုတိယပတ်တွင် မုံရွာကုန်စည်ဒိုင်ရဲ့ ပဲမျိုးစုံဈေးကွက်မှာ ပြည်ပဝယ်လိုအားနည်းသွားပေမယ့် ပြည်တွင်း သုံးဝယ်လိုအားမြင့်နေဆဲမို့ ဈေးဆက်လက်မာခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ် ကုလားပဲဖြူလုံးကြီး တ စ်တင်းလျှင် ကျပ် ၄၂၅၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၄၀၀၀၀၊ ၉၂၉ တစ် တင်းလျှင်ကျပ်၄၀၅၀၀အထိ ဈေးအသီးအသီးမာနေပြီးဒေသတွင်းနှင့် မန်းဝယ်လက်အဆွဲရှိတာကြောင့် တစ်ရက်အိတ် ၈၀၀မှ၇၀၀ကြား အရောင်းအ ဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ငုံနီတစ်တင်းလျှင် အမြင့်ဆုံးဈေး ၁၇၇၀၀ကျပ်ဝန်းကျင်ရှိပြီး ကျဈေးဖြင့် ဈေးအေးနေကာ တစ်ရက်အိတ် ၈၀၀-၁၀၀၀-၂၀၀၀ ဖြင့် ပုံမှန်မဟုတ်ဘဲအရောင်း အဝယ်မငြိမ်ဖြစ်နေတယ် လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်