ပင်လယ်ရေကြောင်းမှ ဆန်ပိုမိုတင်ပို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အများဆုံးဝယ်ယူ
မြန်မာ-တရုတ် နယ်စပ်ရှိကုန် သွယ်ရေးစခန်းများနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများမှ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၀၁၂ သန်း တန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၂၅၀၇၇ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် မှ ငစိန်ဆန် ၁၁၈၈၁ တန်နဲ့ ဧည့်မထ ဆန် ၇၉၇၈ တန်၊ ကောက်ညှင်းဆန် ၂၇၈ တန်၊ ချင်းရွှေဟော် ကု န်သွယ် ရေးစခန်းမှ ငစိန်ဆန် ၂၂၆ တန် ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၄၁၅၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်း မှ ဧည့်မထဆန် ၄၂ တန်၊ မောင်တော ကုန်သွယ်