Main menu

Background

စီးပွားရေးသတင်း

ပင်လယ်ရေကြောင်းမှ မန်ကျည်း ပြန်လည်တင်ပို့

Wed, 08/09/2017 - 13:07 -- journal_editor

       ဇူလိုင်လ ၂၃ ရက်မှ  ၂၉ ရက် အထိ သီတင်းပတ်အတွင်း မန်ကျည်း ၂၂၄တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ် ထိုင်းနိုင်ငံသို့ တန် ၅၀၊ ပါကစ္စတန် နိုင်ငံသို့ တန် ၅၀၊ ဘင်္ဂလားဒေ့ရှ်နို င်ငံသို့ တန်ချိန် ၁၀၀နဲ့  ဗီယက်နမ်နိုင်ငံသို့ ၂၄ တန်တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်က တင်ပို့မှု ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှ ပြန်လည်  တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။မန်ကျည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၉၇၀၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ် ဆိုရင် ဇူလိုင်လအတွင်း  မန်ကျည်း တန်ချိန် ၄၄၀တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၃၀၉၂၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲနေလို့ ရှမ်းချင်းကို ပြည်တွင်းဝယ်လက်များကသာဝယ်ယူ

Wed, 08/09/2017 - 13:04 -- journal_editor

       ရှမ်းချင်းကတော့ အရောင်းအဝယ်ဖြစ်နေတယ်လို့ဆိုရုံပါပဲ။ အောင်ပန်း ဈေး ကွက်မှာတော့ ဥမတွေကို ထိုးချင်းအတွက်ဝယ်ယူနေပြီး၊ ပြည်တွင်းဝယ်လက်တွေ သာ အဝယ်ရှိနေပါတယ်။ မိုးရာသီဖြစ်တာကြောင့် လမ်းပန်း ဆက်သွယ်ရေး အနည်း ငယ် အခက်အခဲရှိနေတာကြောင့် ဝယ်လက်တွေက ဝယ်ယူဖို့ အမှာစာပို့ထားပြီး၊ ကားတစ်စီးစာရမှ သယ်ယူကြပါတယ်။ စစ်တွေ၊ တောင်ကုတ် ဝယ်လက်တွေကလည်း ဒီအတိုင်းပဲ သယ်ယူနေတယ်လို့ သိရပါတယ်။ အလုံးအရင်းအလိုက် မရောင်းရပေမယ့် နည်းနည်းချင်းစီတော့ ရောင်းနေရတယ်လို့လည်း သိရပါတယ်။ အောင်ပန်းဈေး ကွက်မှာတော့ ချင်းအဝင်ကလည်းနည်းနေပါပြီ။ ငါးရက်တစ်ဈေးမှာ ပိဿာချိန် ရာဂဏန်းခန့် သာ အဝင်ရှိတော့တယ်လို့လည်း ချင်းပွဲရုံတွေထံမှသိရပါတယ်

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ နှမ်းထုတ်လုပ်ခြင်းဆိုင်ရာ လူထုအစည်းအဝေးပွဲပြုလုပ်

Tue, 08/08/2017 - 14:34 -- journal_editor

        ပခုက္ကူကုန်စည်ဒိုင်မှ ကြီးမှူး၍ "ပဲမျိုးစုံနှင့် နှမ်းထုတ်လုပ်ခြင်း စီမံကိန်းအဖွဲ့ခွဲ ဆောင်ရွက်ခြင်းအတွက် ဖြစ်ပေါ်လာနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်နိုင်မှုများနှင့် သင့်လျော်သော လျှော့ချနိုင်ရေး ဆောင်ရွက်ချက်များ (CFAVC , PPTA 8897 ,MYA )"ဟူသည့် လူထုအစည်းအဝေးတစ်ရပ်ကို ပခုက္ကူ ကုန်သည်ပွဲစားများအသင်းမှာ သြဂုတ် ၂ ရက်က ကျင်းပခဲ့ပါတယ်။ အဆိုပါလူထုအစည်းအဝေးသို့ Pakokku Dragon Trading Co;Ltd နှင့် ADB မှ တာဝန်ရှိသူများ၊ စီမံကိန်းနှင့်သက်ဆိုင်သော ပြည်တွင်း/ပြည်ပမှပညာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ်။

ဝါ၊ ကြံ၊ သကြား ပြည်ပပို့ကုန် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Tue, 08/08/2017 - 14:27 -- journal_editor

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍နှုၤ အစီအစဉ်ဖြင့်ဝါ၊ ကြံ၊ သကြား ပြည်ပပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား မန္တလေးတိုင်းဒေသကြီး၊  မန္တေ လးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း  (ြျွဃဃှု) အစည်းအဝေး ခန်းမ၌ သြဂုတ်လ ၄  ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊  စိုက်ပျိုးရေးနှင့်မွေးမြူ ရေး၊ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနှင့် မြန်မာနိုင်ငံကြံနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ

ပြည်ဈေးကွက်အတွင်း ကြက်သွန်နီသီးနှံဈေးနှုန်းများ ပိုမိုမြင့်တက်လာသဖြင့် ဝယ်လိုအား သိသိသာသာလျော့နည်း

Tue, 08/08/2017 - 13:47 -- journal_editor

        ပြည် ကြက်သွန်နီဈေးကွက်တွင် ယခုတစ်ပတ်အတွင်း လက်လီရော လက်ကားပါဈေးဆက်လက်မြင့်တက်လျက်ရှိပါတယ်။ ယခုလိုဈေးနှုန်းများ မြင့်တက်နေတဲ့အတွက် ဈေးကွက်အတွင်း ဝယ်လိုအားသိသိသာသာ နည်း သွားကြောင်းဈေးကွက်မှ သိရပါတယ်။ ကြက်သွန်နီ အဓိကစိုက်ပျိုးရာ မကွေးတိုင်းအတွင်းရှိ ကြက်သွန်နီ ကုန်စည်ဒိုင်များသို့ တာချီလိတ်၊ မြဝတီဘက်များမှ ဝယ်လက်များ ကိုယ်တိုင်ကွင်း ဆင်းကာ ဈေးကောင်းပေးဝယ်ယူမှု များကြောင့် ပြည်တွင်းလက်ကျန်နည်းကာ ဈေး နှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း၊ ပြည်ပွဲရုံ လုပ်ငန်းရှင်များရဲ့ ပြောကြားချက်အရသိရှိရပါတယ်။ ဈေးနှုန်းလည်းမြင့်တက်သလို ပြည်တွင်းလက်ကျန်လည်း နည်းနေသဖြင့် ပြည်ေ ဈးကွက်အတွင်းသို့ နေ့စဉ် ပိဿာ

မူဆယ်မှနှမ်းပိုမိုတင်ပို့ပြီး ချင်းရွှေဟော်မှ လျော့နည်းတင်ပို့

Mon, 08/07/2017 - 12:29 -- journal_editor

          မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ဇူလိုင်တတိယပတ်တွင် အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၁၈ တန်ကိုတရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းေ ရာင်စုံတွေကတော့ နှမ်းနက် ၆၁ တန်၊ နှမ်းဖြူ ၂၅ တန်ခွဲနဲ့ နှမ်းညို ၁၃၁ တန်ခွဲဖြစ် ပါတယ်။ ဇူလိုင်ဒုတိယပတ်က မူဆယ်မှ နှမ်းညို ၁၃၆ တန်ခွဲ တစ်မျိုးတည်းသာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ နှမ်း ၈၁ တန်ခွဲကိုပိုမိုတင် ပို့ခဲ့တာ တွေ့ရပါတယ်။

နို့ဆီတန်ချိန် ၄၀၀ကျော်နဲ့ နို့မှုန့်တန်ချိန် ၇၀ နီးပါးတင်သွင်း

Mon, 08/07/2017 - 12:11 -- journal_editor

      ဇူလိုင်လ ၁၆ ရက်မှ ၂၂ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅၇၆၀၈၀ တန်ဖိုးရှိ  နို့ဆီ ၄၀၈ ဒသမ ၈၆၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ၁၂၁ ဒသမ ၂၉၆တန်၊ မလေးရှားနိုင်ငံမှ ၄၆ ဒသမ ၈၀ တန် နဲ့စင်ကာပူနိုင်ငံမှ ၂၄၀ ဒသမ ၇၆၈တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ တင်သွင်းခဲ့တဲ့ တံဆိပ်များမှာ ဒွန်းနို့ဆီ၊ My Boy နဲ့ Tea Pot တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် က တင်သွင်းခဲ့တဲ့ နို့ဆီတန်ချိန် ၃၅၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၅၈ တန်ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ နို့မှုန့် ကဒီတစ်ပတ်မှာ ယူကေမှ သုညဒသမ ၆၃၆ တန်၊ နယူးဇီလန်မှ ၅၅ ဒသမ  ၂၀တန်နဲ့ စင်ကာပူနို င်

ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းရွှေဈေးသည် ကျပ်ကိုးသိန်းကျော်သို့ ပြန်လည်မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေေ ဈးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ခဲ

Mon, 08/07/2017 - 12:06 -- journal_editor

          ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းရွှေဈေးသည် ကျပ်ကိုးသိန်းကျော်သို့ ပြန်လည်မြင့်တက်လာခဲ့ကြောင်း  ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေေ ဈးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာ ၁၂၆၀ အထိ မြင့်တက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးသည်လည်း ကျပ် ၉၀၆၀၀၀ အထိ မြင့် တက်ခဲ့သည်။

ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်ပြန်လည်မြင့်တက်

Mon, 08/07/2017 - 10:40 -- journal_editor

       ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်ပြန်လည်မြင့် တက်လာခဲ့ကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရှိရသည်။ ပြီးခဲ့သည့်ရက် သတ္တပတ်အတွင်းက ပြန်လည်ကျဆင်းခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများ သည် ယခု တစ်ပတ်တွင် နှစ်ကျပ်မျှ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဈေးကွက်အတွင်း  အဝယ်လိုက်လာသဖြင့် ဈေးအနည်းငယ် မြင့်တက်ရခြင်းဖြစ်သည်ဟုဆိုသည်။"ဈေးကွက်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်ကထက်စာရင် နည်းန ည်းပြန်တက်လာတယ်။ ဈေးတက်တာကတော့ အဝယ်ပြန်လိုက်လာလို့ပါ။ ဒါပေမယ့် ဈေးကသိပ်ပြီး မြင့်တက်မလာတဲ့အတွက် အရောင်းအဝယ်ကတော့ ပုံမှန်လောက်ပဲရှိနေပါတယ်"ဟု ငွေလဲစင်တာတစ်ခုမှ သိရသည်။

ဖျာပုံမြို့မဈေးတွင်ရောင်းချနေသော ဝလုံးအမှတ်တံဆိပ် ပဲပြားတွင် ဖော်မလင် သုံးစွဲထားကြောင်းစစ်ဆေးတွေ့ရှိ

Wed, 08/02/2017 - 10:38 -- journal_editor

        တိုင်းဒေသကြီး အစား အသောက် နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ပြည့်ဖြိုး ဦးဆောင်သော အဖွဲ့နှင့် ဖျာပုံမြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်ေ သာ ပူးပေါင်း အဖွဲ့တို့သည် ဇူလိုင် ၂၂ ရက်ကဖျာပုံမြို့ရှိ မြို့မဈေး ကြီး၊ ကျောက်ပြားတန်းဈေး၊ ဆိပ်ကမ်းသာဈေးတို့တွင် ရောင်းချ နေသော မုန့်ဟင်းခါးဖတ်၊ နန်းပြားဖတ်နှင့် ပဲပြားတို့အား ဈေးကွက်နမူနာကောက်ယူ၍ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ကြ ကြောင်းသိရသည်။

Pages

Subscribe to RSS - စီးပွားရေးသတင်း