သြစတြေးလျနိုင်ငံသို့ ပုစွန်စိမ်းတင်သွင်းမှု ယာယီဆိုင်းငံ့ခြင်းအား ဖြေလျှော့လိုက်ပြီ
သြစတြေးလျနိုင်ငံအစိုးရ ၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာနမှ သြစတြေးလျနိုင်ငံသို့ ပုစွန်စိမ်းတင်သွင်းမှုကို ယာယီဆိုင်းငံ့ထားရာမှ ဇူလိုင် ၆ ရက်မှစတင်၍ ဖြေလျှော့လိုက်ပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာ နမှ ပေးပို့ ချက်အရသိရှိရပါတယ်။ အဲဒီလိုဖြေလျှော့ရာမှာလည်း စည်းကမ်းချက်တွေနဲ့အညီ ဖြေလျှော့ခြင်း ဖြစ်ပြီး ပုစွန်စိမ်းတင်သွင်းသည့် နိုင်ငံများအနေနဲ့ World Organization for Animal Health (OIE) သတ်မှတ်ထား သည့် စံနှုန်းအတိုင်း White Spot Syndrome Virus (WSSV) ရောဂါပိုးနှင့် Yellow Head Virus (YHV)ရောဂါပိုးများအား စမ်းသပ်စစ်ဆေးထားကြောင်း ထောက်ခံချက်လိုအပ်ပြီး ထောက်ခံချက်ပုံစံတို့ကို