Main menu

Background

စီးပွားရေးသတင်း

အိန္ဒိယနယ်စပ်မှ ကွမ်းသီးများ ပိုမိုတင်ပို့လျက်ရှိ

Wed, 06/28/2017 - 13:53 -- journal_editor

       မြန်မာ- အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုညဒသမ ၇၀၃ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၈၇၀ ခန့်ကို တင် ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၆၅၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ၂၁၇ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ တမူး နယ်စပ်မှ ကွမ်းသီးတင်ပို့မှု  ကျဆင်းခဲ့သော် လည်း ရိဒ်နယ်စပ်မှ ကွမ်းသီးများ ပိုမိုတင်ပို့ခဲ့တဲ့အတွက် အိန္ဒိယ သို့ ကွမ်းသီး တင်ပို့မှု အားကောင်းနေတယ်လို့ သိရ ပါတယ်။

တာချီလိတ်မှ လက်ဖက်ခြောက်ပိုမိုတင်ပို့ပြီး မူဆယ်မှလျော့နည်း တင်ပို့

Wed, 06/28/2017 - 13:47 -- journal_editor

        မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေး စခန်းမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၁၉၄၀ တန်ဖိုးရှိ လက်ဖက် ခြောက် ၈၁ တန်ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၃ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၆၈ တန်ပိုမိုတင်ပို့ ခဲ့တာ တွေ့ရပါတယ်။ အလားတူ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ လည်း အမေရိကန်ဒေါ်လာ ၆၈၅၈ တန်ဖိုးရှိ လက်ဖ က်ခြောက် ၂၂ တန်တင်ပို့ခဲ့ရာ ယခင်တစ် ပတ်က တင်ပို့ခဲ့တဲ့ ၇၈ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၅၆ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ လယ်ယာထွက် စားသောက်ကုန်ပစ္စည်းများ ဈေးကွက်နှင့် ကုန်ထုတ်လုပ်မှုဈေးကွက် ဈေးနှုန်းများကျဆင်းလာ

Wed, 06/28/2017 - 13:42 -- journal_editor

          စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာအရ အမျိုးသားလယ်ယာထွက် စားသောက်ကုန်ပစ္စည်းများ၏ဈေးကွက်ညွှန်းကိန်းသည် သုည ဒသမ ၈ ရာခိုင် နှုန်း ကျဆင်းခဲ့ပြီး၊ ပြီးခဲ့သည့်ရက်သတ္တပတ် မေ ၂၉ မှ ဇွန် ၄ ရက်အထိနှင့် ယခု တစ်ပတ်အား နှိုင်းယှဉ်လျှင် ကုန်ထုတ်လုပ်မှုဈေးကွက်မှာ သုည ဒသမ၂ ရာခိုင် နှုန်းခန့်ကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ လယ်ယာထွက် စားသောက်ကုန်ပစ္စည်းများ၏ ဈေးကွက်တွင် သီးနှံ အမျိုး အစား ၃၀ ၏ ပျမ်းမျှဈေးနှုန်းသည် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ၁ ဒသမ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကိုတွေ့ရှိခဲ့ရပြီး ကြက်သွန်ဖြူမှာ ၁၃ ဒသမ ၈  ရာခိုင် နှုန်း၊ ကြက်သွန်နီမှာ ၇ ဒသမ ၄ရာခိုင်နှုန်း၊ ပဲပိစပ် ၅ ဒသမ ၈ ရာခို

တရုတ်နိုင်ငံ၏ လယ်ယာထွက် စားသောက်ကုန်ပစ္စည်းများ ဈေးကွက်နှင့် ကုန်ထုတ်လုပ်မှုဈေးကွက် ဈေးနှုန်းများကျဆင်းလာ

Wed, 06/28/2017 - 13:24 -- journal_editor

        စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာအရ အမျိုးသားလယ်ယာထွက် စားသောက်ကုန်ပစ္စည်းများ၏ဈေးကွက်ညွှန်းကိန်းသည် သုည ဒသမ ၈ ရာခိုင် နှုန်း ကျဆင်းခဲ့ပြီး၊ ပြီးခဲ့သည့်ရက်သတ္တပတ် မေ ၂၉ မှ ဇွန် ၄ ရက်အထိနှင့် ယခု တစ်ပတ်အား နှိုင်းယှဉ်လျှင် ကုန်ထုတ်လုပ်မှုဈေးကွက်မှာ သုည ဒသမ၂ ရာခိုင် နှုန်းခန့်ကျဆင်းခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ လယ်ယာထွက် စားသောက်ကုန်ပစ္စည်းများ၏ ဈေးကွက်တွင် သီးနှံ အမျိုး အစား ၃၀ ၏ ပျမ်းမျှဈေးနှုန်းသည် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ၁ ဒသမ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကိုတွေ့ရှိခဲ့ရပြီး ကြက်သွန်ဖြူမှာ ၁၃ ဒသမ ၈  ရာခိုင် နှုန်း၊ ကြက်သွန်နီမှာ ၇ ဒသမ ၄ရာခိုင်နှုန်း၊ ပဲပိစပ် ၅ ဒသမ ၈ ရာခိုင်

ထိုင်းဘတ်ငွေတန်ဖိုးမြင့်တက်မှုကြောင့် နိုင်ငံခြားခရီးသည်များ ထိုင်းနိုင်ငံအတွင်း လည်ပတ်နေထိုင်မှုကို ထိခိုက်

Wed, 06/28/2017 - 13:03 -- journal_editor

        ထိုင်းငွေကြေးမြင့်တက်မှုကြောင့် နိုင်ငံခြားခရီးသည်များအတွက် စရိတ်မြင့်တက်စေပြီး ဝင်ရောက်မှုဦးရေ လျော့ကျသွားစေနိုင်ကြောင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအတွက်လည်း အကျိုးအမြတ် နည်းပါးသွားစေနိုင်ကြော င်း ခရီးသွားလာရေးလုပ်ငန်းနှင့် သက်ဆိုင်သော အစိုးရနှင့်ပုဂ္ဂလိက တာဝန်ရှိသူများက ပြောကြားကြပါသည်။ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဇွန်လ ၁၂ရက် ထုတ်ပြန်ချက်အရ ယခုနှစ် ထိုင်းဘတ်ငွေတန်ဖိုးသည် အင်္ဂလန်ပေါင်စတာ လင်ငွေကြေးနှင့် ဖလှယ်ရာ၌ ၁၄ရာခိုင်နှုန်း၊ မလေးရှားရင်းဂစ်ငွေကြေးနှင့်၈ရာခိုင်နှုန်း၊   ဥရောပယူရိုငွေကြေး နှင့် ၅ရာခိုင်နှုန်းနှင့် အမေရိကန်ဒေါ်လာ ငွေကြေးနှင့် ၂ရာခိုင်နှုန်း အသီးသီး တန်

ဒီတစ်ပတ်နို့ဆီအဝင်လျော့ပြီး နို့မှုန့်အဝင်ပို

Tue, 06/27/2017 - 11:04 -- journal_editor

        ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  ၃၆၇၃၈၀ တန်ဖိုးရှိ နို့ဆီ ၂၈၉ ဒသမ ၀၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံမှတီးေ ပါ့ နို့ဆီ ၇၀ ဒသမ ၂၀ တန်နဲ့ စင်ကာပူနိုင်ငံ မှ ဒွန်းနို့ဆီ ၂၁၈ ဒသမ ၈၈ တန်ကို တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့နို့ဆီတန်ချိန် ၆၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၃၈၀ ကျော်  တင်သွင်းမှု လျော့ နည်းခဲ့တယ်လို့သိရပါတယ်။

ရေကြောင်းကုန်သွယ်မှုလမ်းမှ ဘိလပ်မြေတန်ချိန် ၈၀၀၀ ကျော်ဝင်

Tue, 06/27/2017 - 10:57 -- journal_editor

      ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း   အမေရိကန်ဒေါ်လာ ၄၃၈၆၂၅ တန်ဖိုးရှိ ဘိလပ်မြေ ၈၂၃၂ ဒသမ ၅၀တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ၂၃၂ ဒသမ ၅၀ တန်နဲ့ မလေးရှားမှ တန်ချိန် ၈၀၀၀ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့ တဲ့ ဘိလပ်မြေတန်ချိန် ၁၇၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၈၀၅၀ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ကာလတူြ ဖစ်တဲ့ ၂၀၁၆ ဇွန်လ ၁၁ ရက်မှ ၁၇ ရက် အထိ သီတင်းပတ်အတွင်း ဘိလပ်မြေတင်သွင်းမှုမှာတန်ချိန် ၃၁၂၀၀ ကျော်နဲ့နှိုင်းယှဉ်ရင်  ယခုနှစ်မှာဘိလပ်မြေ တန်ချိန် ၂၂၉၀၀ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ် လို့သိရပါတယ်။    

ပြည်တွင်းရွှေဈေး ကျပ် ၉၁၀၀၀၀ တွင်သာ ဆက်ရှိနေ

Tue, 06/27/2017 - 10:53 -- journal_editor

            ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ် ၉၁၀၀၀၀ တွင်သာ ဆက်ရှိ နေကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သော်လည်း ယခုတစ် ပတ်တွင်း ဈေးအနည်းငယ် ကျဆင်းသွားခဲ့သော်လည်း ဈေးကွက်ပိတ်ရက်များတွင် ကျပ် ၉၁၁၀၀၀ ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ "ကမ္ဘာ့ရွှေဈေးက တက်လာတယ်။ ရွှေဈေးတက်လာတဲ့အချိန်မှာ ဒေါ်လာ နဲ့ ကျပ်ငွေလဲလှယ်နှုန်းကလည်း မြင့်တက်လာတော့ ပြည်တွင်းေ ရွှဈေးက လိုက်ပြီး မြင့်တက်လာတာပါ။ ရွှေဈေး မြင့်တက်လာတဲ့အတွက် ဈေးကွက်ထဲမှာ အရောင်း အဝယ် နည်းနည်းအေးပါတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူ တစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်ပြီးမှ ပြန်လည်ကျဆင်း

Tue, 06/27/2017 - 10:50 -- journal_editor

           ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲစင်တာများ၌ ရောင်းဝယ်လျက်ရှိသည့် ငွေလဲနှုန်းများသည် အမြင့်ဆုံးဈေးအဖြစ်  ၁၃၆၁ ကျပ်သို့ ရောက်ရှိခဲ့ပြီးမှ ပြန် လည်ကျဆင်းခဲ့ကြောင်း သိရသည်။ ရက်သတ္တပတ်အတန်ကြာ အနည်းငယ်ငြိမ်သက် ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် ပြန်လည်လှုပ်လာခဲ့ခြင်းဖြစ် သည်။ မူဆယ်နယ်စပ်တွင် ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို တရုတ်နို င်ငံက ပိတ်ထားခဲ့သည့်ကိစ္စကြောင့် ပြည် တွင်းငွေလဲနှုန်းများ မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအခါ အဆိုပါစာရင်းများကို  ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သဖြင့် ငွေလဲနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း  ဈေးကွက်အတွင်း မှ သ

ပြည်ချင်းဈေးကွက် အဝင်အေး၊ အရောင်းအဝယ်အေး

Tue, 06/27/2017 - 10:32 -- journal_editor

         ပြည်ဈေးကွက်အတွင်း ယခုတစ်ပတ်တွင် အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများအဝင်မရှိသလောက်ဖြစ်နေပါ တယ်။ ယခုအချိန်မှာ မိုးများ၍ အချို့မြို့နယ် များတွင် ရေလွှမ်းမိုးခံနေရပါတယ်။ အရောင်းအဝယ်အေးနေပြီး ဒေသတွင်းလက်လီ အရောင်းအဝယ်သာရှိနေတာကြောင့် အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ပါတယ်။ ယခုတစ်ပတ် ချင်းတစ် ပိဿာ (ဂျွန်) ကျပ် ၆၀၀ မှ ကျပ် ၇၀၀ ရှိပြီး၊ (ရှယ်) ကျပ်၉၀၀ မှ ကျပ် ၁၁၀၀တို့ဖြင့်ရောင်းဝယ်လျက် ရှိပါတယ်။ ပြည်ချင်းဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်တွင်လည်း မိုးများအဆက်မပြတ် ရွာသွန်းနေတာကြောင့် အနည်းငယ်သာ တင်ပို့နိုင်ကြောင်း သိရပါတယ်။

 

ဝင်းဝင်းခိုင်

Pages

Subscribe to RSS - စီးပွားရေးသတင်း