Main menu

Background

စီးပွားရေးသတင်း

FMI ကုမ္ပဏီ၏ အစုရှယ်ယာများအတွက် အမြတ်ဝေစုများကို သြဂုတ် ၉ ရက်တွင် စတင်ထုတ်ပေးသွားမည်

Tue, 07/11/2017 - 10:29 -- journal_editor

       ရန်ကုန်  စတော့အိတ်ချိန်းတွင် ရောင်းဝယ်လျက်ရှိသညFMI ကုမ္ပဏီ သည် ၎င်းထံမှဝယ်ယူထားသော အစု ရှယ်ယာများအတွက် အမြတ်ဝေစုများ ကို သြဂုတ် ၉ရက်တွင် စတင်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။အဆိုပါအမြတ်ဝေစုကို  ရန်ကုန် စတော့အိတ်ချိန်းတွင်ရှိသည့်အစုရှယ် ယာရှင်စာရင်းအတိုင်း အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၀၀ ခွဲဝေပေးသွား မည်ဖြ စ်ကြောင်းFMI  ၏ကြေညာချက်  တွင် ဖော်ပြထားသည်။ထို့ပြင် ယခုတစ်ကြိမ်ပေးအပ်မည့် အမြတ်ဝေစုတွင်  မူရင်းအစုရှယ်ယာ ၁၀ စုပိုင်ဆိုင်သူတစ်ဦးသည် အပိုဆု အစုရှယ်ယာ (Fully-paid Bonus Shares)  တစ်စု  ထုတ်ဝေပေးမည်ဖြစ် ကြောင်းFMI ၏  ကြေညာချက်တွင် ထည့်သွ

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် Sale Contract နှင့် Invoice ပါ ဈေးနှူန်းနှင့် တန်ဖိုးများအား မမှန်မကန် ဖြည့်သွင်းပါက အရေးယူဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ

Thu, 07/06/2017 - 09:42 -- journal_editor

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်နှင့်  ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပို့ကုန်သွင်းကုန် လိုင်စင်များအား ဈေးနှုန်း စိစစ်ခြင်း မပြုတော့ဘဲ ကုမ္ပဏီများမှ ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုး မှန်ကန်ကြောင်း ဝန်ခံကတိဖြင့်  စီးပွားရေးကျင့်ဝတ်နှင့်အညီ တင်ပြလာသည့်  Invoice နှင့်Sale Contract ပါဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန် သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးပြီးဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကြက်သွန်နီ ပိုမိုတင်ပို့

Tue, 07/04/2017 - 13:33 -- journal_editor

             ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၄၉၆ သန်း တန်ဖိုးရှိ  ကြက်သွန်နီ ၁၁၄၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၄၆ တန်နဲ့  နှိုင်းယှဉ်ပါက  ယခုတစ်ပတ်မှာ ၆၉၉ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၁၇၀၉၂ တန်ဖိုးရှိ  ကြက်သွန်နီ တန်၄၀ကိုလည်းကောင်း၊ တာချီလိတ်ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၈၃၆၇ တန်ဖိုးရှိ ကြက်သွန်နီ ၇၅ တန်ကို လည်းကောင်း ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က မြဝတီမှ တင်ပို့ခဲ့တဲ့ ၂၄ တန်၊

ဇွန်လကုန်ပတ် ပြည်ပဝယ်လက်ပဲများ ဈေးငြိမ်နေပြီး ပဲတီစိမ်းသီးနှံ မျိုးပဲအဝယ်ရှိလို့ ဈေးကောင်းရ

Tue, 07/04/2017 - 13:21 -- journal_editor

                   ပဲခူးတိုင်းဒေသကြီး ပြည်ပဲမျိုးစုံဈေးကွက်တွင် ဇွန်လ ကုန်ပတ်အတွင်း ပြည်တွင်း၊ ပြည်ပအရောင်းအဝယ်ဖြစ်လျက် ရှိတဲ့ ပဲများအားလုံး ဈေးမြင့်တက်လာခြင်းမျိုးမရှိဘဲ   ပဲတော် တော်များများ ဈေးငြိမ်နေခဲ့တာကို တွေ့ရပါ တယ်။  မတ်ပဲ၊ ပဲစင်းငုံသီးနှံများမှာ ရန်ကုန်ဝယ်လက် အဝယ်ရှိပေမယ့်အရောင်း နည်းတာကြောင့် ရက်ခြားသာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ  ပဲဈေးနှုန်းအေးနေတဲ့အတွက် လက်ဝယ်ရှိသူတောင်သူများ ကလည်း ရောင်းချမှုမရှိတာကြောင့် ပဲဝင် ရောက်မှု သိပ်မရှိဘဲ လက်ကျန်ပဲများသာ   ဝယ်လိုအားရှိသ လောက် ရောင်းချနေကြရတယ်လို့ သိရပါတယ်။ ဒါကြောင့် အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ အိတ် ၂၀၀ ကျော် ၃၀၀ရောင်း ချခဲ့ရပ

ဈေးကွက်သစ်အဖြစ် ဆီနီဂေါနိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၅၀၀ တင်ပို့

Tue, 07/04/2017 - 13:20 -- journal_editor

ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း ကုန် သွယ်ရေးစခန်းများမှ   အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၆၂ သန်းတန်ဖိုးရှိ   ဆန်နဲ့ ကောက်ညှင်းဆန် ၁၂၆၅၄ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၂၁၃၃ တန်ကျော်၊ ဧည့်မထဆန် ၅၄၆၇ တန်နဲ့ ကောက်ညှင်း ဆန် ၁၀၅ တန်ခန့် ၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၅၄၉ တန်ခန့်နဲ့ ဧည့်မထဆန် ၁၀၅ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၀၃၅ တန်၊ မောင်တော ကုန်သွယ်ရေးစခန်းမှ  ဧည့်မထဆန် တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်နဲ့ ကောက်ညှင်း ဆန် ၂၂၄၇၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၉၈၂၂တန် လျော့နည်းခဲ့ပါတယ်။

စင်ကာပူနိုင်ငံတွင် လစာအမြင့်ဆုံးနေရာများ၌ ငွေကြေးဆိုင်ရာ ရာထူးများက လွှမ်းမိုးလျက်ရှိ

Thu, 06/29/2017 - 12:55 -- journal_editor

        ဗြိတိသျှနိုင်ငံမှ စစ်တမ်းကောက် ယူရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အီကောနော်မစ်က နိုင်ငံပေါင်း ၁၃၀ ကျော်ကို ကောက်ယူထားသော  စစ်တမ်းအရ စင်ကာပူနိုင်ငံသည် နေထိုင်စရိတ် အကြီးမားဆုံးနိုင်ငံများတွင် ထိပ်ဆုံးက ပါဝင်နေဆဲဖြစ်ကြောင်း အက်စ်ဘီအာ အွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ထိုကဲ့သို့ နေထိုင်စရိတ်ကြီးမား သော နိုင်ငံ တစ်နိုင်ငံအဖြစ် တည်ရှိနေသော်လည်း ကုန်စည်များအတွက် သုံးစွဲရာတွင် မြင့်တက်လျက်ရှိနေသော ကုန် ကျစရိတ်ကို  ရရှိနိုင်ရေးအတွက် အလုပ်အကိုင်  ရှာဖွေသူများသည် စင်ကာပူတွင်   လစာကောင်းကောင်း ရသော အလုပ်အကိုင်ကိုရရှိနိုင်စေရန် အသည်းအသန်  ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။

တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းနည်းပညာတက္ကသိုလ်က အပြည်ပြည်ဆိုင်ရာမှ ထူးချွန်ကျောင်းသားများကိုဆွဲဆောင်

Thu, 06/29/2017 - 12:42 -- journal_editor

       တောင်ကိုရီးယားနိုင်ငံရှိ ထိပ်တန်းအင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ်များတွင် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော ကိုရီးယားခေတ်မီသိပ္ပံပညာနှင့် နည်းပညာတက္ကသိုလ် (Korea Advanced Institute  of  Scien -ce  and Technology - KAIST) သည် အပြည်ပြည်ဆိုင်ရာရှိ တက္ကသိုလ်ဆရာများနှင့် ထူးချွန်ကျောင်းသားများကို ဆွဲ ဆောင်နိုင်ရန်  ရည်ရွယ်လျက် အခမ်းအနားတစ်ခု ကို ဆိုးလ်မြို့တွင် ဇွန် ၂၃ ရက်က ကျင်းပခဲ့ကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ ဆိုးလ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဦးဦးဖျားဖျား ကျင်းပသော နိုင်ငံခြားသံတမန်တို့နှင့် တွေ့ဆုံပွဲတွင် တက္ကသိုလ်က ဆောင်ရွက်ထား သော ခေတ်မီနည်းပညာများနှင့် ကျောင်းသား များ အား သင်က

တရုတ်နယ်စပ်မှ သကြားပိုမိုတင်ပို့ပြီး ထိုင်းနယ်စပ်မှလည်း သကြားပိုမိုတင်သွင်း

Wed, 06/28/2017 - 14:10 -- journal_editor

           မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း  အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉၁၀ သန်းတန်ဖိုးရှိ  Re-export သကြား ၂၁၄၇၆ တန် ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၁၈၅၆၄ တန်နဲ့ ချင်းရွှေဟော်မှ ၂၉၁၂ တန်ကျော်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းနှစ်ခု မှ သကြားတန်ချိန် ၂၀၄၅၀ တန်ကျော်တင်ပို့ခဲ့လို့ ယခုတစ် ပတ်မှာ တရုတ်နိုင်ငံသို့သကြား ၁၀၂၆ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ သကြားတစ်တန်ကို ကျပ် ၇၇၂၂၀၀ ရှိပြီး တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၃၉၆၀ ရှိတယ်လို့ သိရပါတယ်။ မြန

တရုတ်နယ်စပ်ရော ထိုင်းနယ်စပ်မှပါ ပြောင်းတင်ပို့

Wed, 06/28/2017 - 14:07 -- journal_editor

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ ကုန်သွယ်ရေး စခန်းစုံမှ ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၈၄ သန်း တန်ဖိုးရှိပြောင်းဖူးစေ့ ၁၇၆၀၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၂၈၆၇ တန်ကျော်၊ လွယ်ဂျယ်မှ ၃၇၄၅ တန်၊ ချင်းရွှေဟော်မှ ၉၇၆ တန်ခွဲနဲ့ ကန်ပိုက်တီမှ တန် ၂၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်းသုံးခုမှ ပြောင်းဖူးစေ့ ၂၀၁၉၄ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၅၈၅ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။  

ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းသုံးခုစလုံးမှ ရေထွက်ကုန် တင်ပို့မှုလျော့ကျ

Wed, 06/28/2017 - 14:00 -- journal_editor

        မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇွန် ၁၀ ရက်မှ ၁၆ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၃၂ သန်း တန်ဖိုးရှိ  ရေထွက်ကုန် ၂၂၁၁ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၃၁၇၄ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၉၆၃ တန်ကျော် လျော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေး စခန်း သုံးခုစလုံးမှ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုကျဆင်းခဲ့ တဲ့အတွက် ဖြစ် တယ်လို့ သိရပါတယ်။

Pages

Subscribe to RSS - စီးပွားရေးသတင်း