ပြည်ကြက်သွန်နီဈေးနှုန်းမြင့်တက်သလို အရောင်းအဝယ်လည်းအေးနေ
ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်တက် လျက်ရှိပြီး ဇွန်လဆန်းပိုင်းမှစ၍ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာတာတွေ့ရ ပါတယ်။ ဝင်ရောက်မှုအနေနဲ့ နေ့စဉ်ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်ဝင်ရောက်နေပြီး ရေနံချောင်း၊ ပခုက္ကူ၊ဆိပ်ဖြူ စသဖြင့် နယ်စုံမှ ကြက်သွန်နီများဝင်ရောက်နေတာ တွေ့ရပါတယ်။ အရောင်းအဝယ်အနေနဲ့ ဈေးနှုန်းလည်းမြင့်သလို မိုးများသည့် ကာလလည်းဖြစ်သဖြင့် အရောင်းအဝယ် မှာ မိုးနှင့်အတူ အေးနေတာတွေ့ရပါတယ်။ ဒေသတွင်းဝယ်လက်သမားများ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှု အပါအဝင် တစ်နေ့ကိုပိဿာ ၃၀ ဝင်အိတ် ၁၄၀ မှ ၁၅၀ ခ န့်သာရှိ၍ အရောင်