ယခုနှစ်အတွင်း ပြည်ပသို့ ကော်ဖီတင်ပို့ မှု ယခင်နှစ်ထက် လျော့နည်းနေ
ယခုနှစ်အတွင်း ပြည်ပသို့ ကော်ဖီတင်ပို့မှု ယခင်နှစ်ထက် လျော့နည်းနေကြောင်း မြန်မာ နိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ပြည်ပသို့ မြန်မာ့ကော်ဖီ တင်ပို့မှုမှာ နှစ်စဉ်တန် ၄၀ဝ ခန့်ရှိကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တန် ၅၀ဝ အထိ တိုးတက်တင်ပို့နိုင်ခဲ့ သော်လည်း ယခု ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ နိုင်ငံအနှံ့ ဖြစ်ပွားလျက်ရှိသည့် COVID-19 ကပ်ရောဂါအခြေအနေကြောင့် ပုံမှန်ထက် တင်ပို့မှု လျော့နည်းနေခြင်းဖြစ်ကြောင်း ယင်း အသင်းအတွင်းရေးမှူး ဦးသီဟက သြဂုတ်၄ ရက်တွင် ပြောသည်။“ကျွန်တော်တို့ နိုင်ငံရဲ့ အခုလက်ရှိ ကော်ဖီဈေးကွက်က ပုံမှန်နှစ်တွေထက် နည်း နည်းလေးပါးတယ်။ ပြည်ပ တင်ပို့မှုတွေရှိတယ်။ ဒါပေမဲ့ ပုံမှ










