MoCOM E-commerce Innovation Challenge ပထမအကျော့ပြိုင်ပွဲများ၏ ဆန်ခါတင်ရွေးချယ်ခံရသည့်အဖွဲ့များ နောက်ဆုံးအဆင့်အတွက် ယှဉ်ပြိုင်နေ
COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်(CERP) ၏ ပန်းတိုင်(၅)အောက်ရှိ လုပ်ငန်းအစီအစဉ် - ၅.၂.၁ (ဃ)အရ Application developer များနှင့် Application တီထွင်သုံးစွဲနေသူများကို Challenge Grant ဆုများ ပေးအပ်နိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ UNDP မြန်မာ၏ ငွေကြေးအထောက်အပံ့ဖြင့် MoCOM E-commerce Innovation Challenge ပြိုင်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှ စတင်၍ ကျင်းပပြုလုပ်လျက်ရှိသည်။










