Main menu

Background

စီးပွားရေးသတင်း

ထိုင်းရင်းနှီးမြှုပ်နှံမှု ဗီယက်နမ်တွင် မြင့်တက်

Tue, 02/02/2021 - 15:41 -- journal_editor

ထိုင်းနိုင်ငံက  ဗီယက်နမ်တွင် မှတ်ပုံတင်အသစ်တင်သော စီမံကိန်း ၄၀၊ မတည်ရင်းနှီးငွေ ပြန်လည်ညှိနှိုင်း ရန်တင်ပြသော  စီမံကိန်း ၂၃ ခုနှင့် မတည်ရင်းနှီးငွေထည့်ဝင်ရန်နှင့် ရှယ် ယာဝယ်ယူရန် ဆောင်ရွက်နေသော စီမံကိန်း ၁၀ဝ ရှိသဖြင့် ယခင်နှစ်မှတ်ပုံ တင်ထားပြီးသော မတည်ရင်းနှီးငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရှိကြောင်း   ဗီယက်နမ်စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကိန်းဂဏန်းများကို ကိုးကား၍ ဗီယက်နမ်နယူးစ် အေဂျင်စီသတင်း တွင် ဖော်ပြသည်။

Amata Holding အများပိုင်ကုမ္ပဏီက တန်ဖိုးနည်း ဟိုတယ် လေးခုကို သုံးနှစ်အတွင်း တိုးချဲ့ ဖွင့်လှစ်မည်

Mon, 02/01/2021 - 15:50 -- journal_editor

ရန်ကုန်ရွှေဈေးကွက်အတွင်း ကုန်ကြမ်းများ ပြတ်လပ်

Thu, 01/28/2021 - 13:19 -- journal_editor

ကိုဗစ်-၁၉ ဖြစ်ပွားမှု အကျိုးဆက်များကြောင့်  နယ်ဒေသအသီးအသီးမှ ရွှေကုန်ကြမ်းများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေး ခက်ခဲနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ "ကိုဗစ်ဖြစ်တဲ့အခါကျ တော့  မြို့နယ် ကျော်ပြီး သွားလို့လာလို့ မရသေးဘူး။ ရန်ကုန်တိုင်းထဲကို လာမယ့်ဟာတွေကျတော့ ကုန်ကြမ်းတွေက ရန်ကုန်ထဲကို ပြန်မဝင်သေးဘူး။  ကျွန်တော်တို့ ဒီမှာရောင်းမယ့် အထည်ပျက်ကိုပဲ ပြန်ကျိုပြီးတော့ ရောင်းနေဝယ် နေကြတာပေါ့။ ကျွန်တော်တို့ ပုံမှန်အရောင်းအဝယ်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။

ဗီယက်နမ် လက်မှုပစ္စည်းများအတွက် ခိုင်မာသော ပို့ကုန်မဟာဗျူဟာ လိုအပ်

Tue, 01/26/2021 - 15:27 -- journal_editor

ဗီယက်နမ်လက်မှုပစ္စည်းများသည် ပိုမိုအလားအလာကောင်း သော ထုတ်ကုန်အုပ်စုဖြစ်ပြီး အမြတ်နှုန်းများသော ကုန်ပစ္စည်း ဖြစ်ကြောင်းနှင့် အနာဂတ်ကာလတွင်ပို့ကုန်မြှင့်တင်ရန် မဟာဗျူဟာ လိုအပ်နေသော ထုတ်ကုန်အမျိုးအစား ဖြစ်နေကြောင်း ဗီယက်နမ် နယူးစ်အေဂျင်စီသတင်းတွင် ဖော်ပြသည်။ ကမ္ဘာ့လက်မှုပစ္စည်း ဝယ်လိုအားသည် မြင့်မားလျက်ရှိပြီး ဈေး ကွက်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ဝ ရှိနေသော် လည်း စီးပွားရေးလုပ်ငန်း တိုးတက်ရေးနှင့် ပိုကုန်မြှင့်တင်ရေး အတွက် ဗီယက်နမ်က ဤအခွင့်အရေးကို အသုံးမချနိုင်သေးကြောင်း ဗီယက်နမ် လက်မှုပစ္စည်း တင်ပို့သူများအသင်း (VHEA) က ပြောသည်။

တောင်ကိုရီးယား၏ ၂၀၂၁ စီးပွားရေးဖွံ့ဖြိုးနှုန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ် တိုးမြှင့်ခန့်မှန်း

Tue, 01/26/2021 - 15:23 -- journal_editor

Pages

Subscribe to RSS - စီးပွားရေးသတင်း