မိုင်းယောင်းမြို့တွင် ရော်ဘာအစေးခြစ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၏ ဒေသခံအများစုသည် ရာသီ သီးနှံအလိုက် စိုက်ပျိုး ရေး အဆင်ပြေသောကြောင့် လယ်ယာနှင့်ရော်ဘာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မိုင်းယောင်းမြို့၌ ရော်ဘာစိုက်ဧက ၁၇၈၆၇ ခန့်ရှိပြီး ရိတ်ဧက ၅၂၀၄ တွင် အစေးခြစ်ရာ ၂၇၃၀၅၅၆ ပေါင် ထွက်ရှိကြောင်း သိရှိရသည်။နှစ်စဉ် ဧပြီလတတိယပတ်မှ နိုဝင်ဘာလကုန်အထိ ရော်ဘာအစေးခြစ်ခြင်းကို လုပ်ကိုင်ပြီး ကျန်လေးလအတွင်း နှစ်ရှည် ပင်များဖြစ်သည့်အလျောက် ပေါင်းရှင်းပေးခြင်းနှင့် သဘာဝမြေသြဇာ (နွားချေး၊ဝက်ချေး)စသည်များ ထည့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရသည်။ ရော်ဘာစေးကို တစ်ကီလိုလျှင် ကျပ် ၇၀ဝ










