အညာဒေသ ယဉ်ကျေးမှု အထင်ကရ ထုတ်ကုန်
အညာဟုဆိုသည်နှင့် ပုဂံညောင်ဦးဒေသကို လူတိုင်း ပြေးမြင်မိကြမည်ထင်ပါသည်။ စေတီပုထိုး များနှင့် ပထမမြန်မာနိုင်ငံတော်ကြီးတွင် ယဉ် ကျေးမှု ကုန်စည်အဖြစ် ပုန်းရည်ကြီးလုပ်ငန်းနှင့် ယွန်းထည်လုပ်ငန်းတို့ကို အထင်ရှားဆုံးတွေ့ရမည် ဖြစ်သည်။ ပုဂံညောင်ဦးဒေသတွင် ပုန်းရည်ကြီး လုပ်ငန်းသည် ရှေးမူမပျက် မိရိုးဖလာလုပ်ငန်း တစ်ခုပင် ဖြစ်သည်။ ဘုရားဖူးအပြန်လက်ဆောင် အဖြစ်လည်းကောင်း၊ အသင့်သုံးစားသောက်ကုန် တစ်ခုအဖြစ်လည်းကောင်း၊ ရောင်းဝယ်ဖောက် ကား လျက်ရှိသော ပုန်းရည်ကြီးသည် အရသာရှိ သော အိမ်ရှင်မတို့ လက်စွဲဒေသထွက်ကုန်တစ်ခုပင် ဖြစ်သည်။