၂၀၂၁ နှစ်ဆန်းပိုင်းတွင်း အခေါက်ရွှေဈေးထပ်မံမြင့်တက်လာ
၂၀၂၁ နှစ်ဆန်းပိုင်း ဝင်ရောက်ချိန် အခေါက်ရွှေဈေး ကျပ် ၁၃သိန်းသုံး သောင်းကျော်ထိ ထပ်မံမြင့်တက်လာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်းမှ သိရသည်။ “ပြည်တွင်းဒေါ်လာဈေးက နည်းနည်း ပြန်ကျ လာတယ်။ ခုကတော့ ရွှေလာ ရောင်းတဲ့သူပဲ များတယ်။ နောက်ပိုင်း ရွှေဈေးက နည်းနည်းတက်လိမ့်မယ်ထင်တယ်။ အင်္ဂလန်နဲ့ဂျပန်က ပိတ်လိုက်တဲ့အတွက် စီးပွားရေးလမ်းကြောင်းတွေရပ်သွား တယ်။ နောက် ကွန်တိန်နာ လမ်း ကြောင်းတွေ အကုန်လုံးရပ်သွားတယ်။ အလုပ် က အရင်လိုမဖြစ်တဲ့ အခါကျတော့ ရွှေဘက်ကိုပဲ ပြန်လှည့်လာကြတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောဆိုသည်။